ဆာလံ 16:2 - Common Language Bible2 ``ကိုယ်တော်သည်ကျွန်တော်မျိုး၏အရှင် ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးခံစားရသောကောင်းကျိုးချမ်းသာ ဟူသမျှသည် ကိုယ်တော်ပေးသနားတော်မူသောအရာများ ဖြစ်ပါ၏'' ဟု ထာဝရဘုရားအားငါလျှောက်ထား၏။ အခန်းကိုကြည့်ပါ။Garrad Bible2-3 ကိုယ် တော် မှ တစ် ပါး၊ ချမ်း သာ ရာ ချမ်း သာ ကြောင်း မ ရှိ။ အ ကျွန်ုပ် အ ရှင် ပေ တည်း ဟု ထာ ဝ ရ ဘု ရား အား လည်း ကောင်း၊ ငါ နှစ် သက် မွေ့ လျော် ရာ လူ မြတ် ပေ တည်း ဟု၊ မြေ ကြီး ပေါ် ရှိ သန့် ရှင်း သူ တို့ အား လည်း ကောင်း ငါ ဝန် ခံ ခဲ့ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible2 ကိုယ်တော်သည် အကျွန်ုပ်၏သခင် ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ။ ကျေးဇူးတော်မှတစ်ပါး အခြားသောမင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ငါသည်ထာဝရဘုရားအား “ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားရှင်ဖြစ်တော်မူ၏။ ကိုယ်တော်မှတစ်ပါး အခြားသောကောင်းကျိုးချမ်းသာ အကျွန်ုပ်၌မရှိပါ”ဟု လျှောက်၏။ အခန်းကိုကြည့်ပါ။ |
``လူတို့သည်တစ်ယောက်ပြီးတစ်ယောက် `ငါသည်ထာဝရဘုရား၏လူဖြစ်ပါသည်' ဟု ပြောဆိုကြလိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသားများနှင့် အတူ လာရောက်နေထိုင်ကြလိမ့်မည်။ သူတို့သည်ကိုယ်စီကိုယ်ငှလက်မောင်းတွင် ထာဝရဘုရား၏နာမတော်ကိုရေးမှတ်ကာ၊ မိမိတို့ကိုယ်ကိုထာဝရဘုရား၏လူမျိုး တော်ဟု မှည့်ခေါ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
``ထိုနောက်ငါသည်ငွေကိုမီးနှင့်ချွတ်သကဲ့ သို့ အသက်မသေဘဲကျန်ရှိနေသူသုံးပုံ တစ်ပုံကိုသန့်စင်စေမည်။ သူတို့၏အကဲကို စမ်း၍ကြည့်မည်။ ငါသည်ရွှေကိုစမ်းသပ်၍ ကြည့်သကဲ့သို့သူတို့ကိုစမ်းသပ်ကြည့်မည်။ ထိုအခါသူတို့သည်ငါ့ထံသို့ဆုတောင်း ပတ္ထနာပြုကြလိမ့်မည်။ ငါသည်လည်းနား ညောင်းမည်။ သူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြောင်းသူတို့အားငါဖော်ပြမည်။ သူ တို့ကလည်းငါသည်မိမိတို့၏ဘုရားသခင်ဖြစ်တော်မူကြောင်းဝန်ခံကြလိမ့် မည်'' ဟုမိန့်တော်မူ၏။