သင့်ရဲ့ဝမ်းဗိုက်ထဲကတည်းက ဘုရားသခင်က ချစ်ခင်ဂရုစိုက်ပြီးသားပါ။ ကောင်းကင်နိုင်ငံတော်ဟာ ကလေးငယ်တွေအတွက်ပါလို့ ကျမ်းစာမှာ ရေးထားပါတယ်။ ဒါကြောင့် ငယ်ငယ်လေးကတည်းက ဘုရားသခင့်ပညတ်တော်တွေ၊ တရားစကားတွေကို သင်ကြားပေးဖို့ အရေးကြီးပါတယ်။
နေ့တိုင်း ကလေးကို ကောင်းချီးပေးပါ။ ကောင်းမွန်တဲ့စကားတွေ၊ အားပေးတဲ့စကားတွေ ပြောပေးပါ။ စိတ်ဓာတ်ကောင်းမွန်အောင် ပြုစုပျိုးထောင်ပေးပါ။ ကလေးအတွက် ဆုတောင်းပေးပါ။ ဘုရားသခင်ရဲ့အလိုတော် သူ့ဘဝမှာ ပြည့်စုံပါစေလို့ ဆုတောင်းပေးပါ။
စကားလုံးတွေနဲ့ ကလေးကို ထိခိုက်အောင် မလုပ်ပါနဲ့။ စကားလုံးဆိုတာ နာကျင်စေနိုင်သလို ပျောက်ကင်းဖို့ခက်တဲ့ ဒဏ်ရာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကလေးရဲ့တန်ဖိုးကို သိမြင်ပါ။ လေးစားပါ။ ချီးကျူးဂုဏ်ပြုပါ။ နားလည်ပေးပါ။ ဂရုစိုက်ပါ။
ကိုယ့်ရဲ့စကားလုံးတွေက အသက်ရှင်စေနိုင်သလို ထိခိုက်နာကျင်စေနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ကောင်းချီးပေးတဲ့စကားတွေကိုပဲ ရွေးချယ်ပြောဆိုပါ။ ကမ္ဘာပေါ်က ကလေးတိုင်းအတွက် ဆုတောင်းပေးပါ။ ဘုရားသခင်ရဲ့အလိုတော် သူတို့ဘဝမှာ ပြည့်စုံပါစေ။ အန္တရာယ်အပေါင်းက ကင်းဝေးပါစေလို့ ဆုတောင်းပေးပါ။
ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့ အားငါဆိုသည်ကား၊ သင်တို့သည်စိတ်ပြောင်းလဲ ၍ကလေးသူငယ်ကဲ့သို့ဖြစ်မှသာလျှင်ကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်။-
ထာဝရဘုရားသည်သင်တို့အားကောင်းချီး ပေး၍၊ စောင့်ထိန်းတော်မူပါစေသော။ ထာဝရဘုရားသည်သင်တို့အားကရုဏာ ထား၍၊ ကျေးဇူးပြုတော်မူပါစေသော။ ထာဝရဘုရားသည်သင်တို့အားကြင်နာ စွာမျှော်ကြည့်၍ ချမ်းမြေ့သာယာမှုပေးတော်မူပါစေသော။ ထာဝရဘုရားက``ယဇ်ပုရောဟိတ်တို့သည် ဣသရေလအမျိုးသားတို့အားကောင်းချီး ပေးရန် ငါ၏နာမတော်ကိုမြွက်ဆိုလျှင် ငါ သည်သူတို့အားကောင်းချီးပေးတော်မူ မည်'' ဟုမိန့်တော်မူ၏။
ထိုနောက်ကိုယ်တော်သည်ကလေးသူငယ်တို့ ကိုချီပွေ့တော်မူလျက် သူတို့အပေါ်တွင်လက် တော်ကိုတင်၍ကောင်းချီးပေးတော်မူ၏။
ထာဝရဘုရားသည်သင်တို့နှင့် သင်တို့၏သားမြေးတို့အားသားသမီးများကို ပေးတော်မူပါစေသော။
သားသမီးများသည်ထာဝရဘုရားပေး သော ဆုလာဘ်များဖြစ်ကြ၏။ သူတို့သည်ကောင်းချီးမင်္ဂလာအစစ်အမှန် ဖြစ်ကြ၏။
ထိုအခါသခင်ယေရှုက ``ကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် အသိပညာရှင်များအားသိခွင့်မပေးဘဲထား သည့်အရာများကို ပညာမဲ့သူတို့အားဖွင့်ပြ တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက် သွားလိမ့်မည်။
ထာဝရဘုရားက``ငါသည်သင့်အားဇီဝ အသက်ကိုမပေးမီရွေးချယ်၍သင်မမွေး ဖွားမီကပင် သီးသန့်သတ်မှတ်ကာလူမျိုး တကာတို့၏ပရောဖက်အဖြစ်ခန့်ထား ခဲ့၏'' ဟုငါ့ကိုမိန့်တော်မူသောအခါ၊ ငါက``အရှင်ထာဝရဘုရား၊ ကျွန်တော်မျိုး သည်အသက်အရွယ်ငယ်လွန်းသည်ဖြစ်၍ အဘယ်သို့ဟောပြောရမည်ကိုမသိပါ'' ဟုလျှောက်ထား၏။ သို့ရာတွင် ထာဝရဘုရားက``သင်သည် အသက်အရွယ်ငယ်လွန်းသည်ဟုမဆိုနှင့်။ ငါစေလွှတ်သည့်သူထံသို့သင်သွား၍ ငါ မိန့်မှာတော်မူသမျှကိုပြန်ကြားလော့။-
ထာဝရဘုရားသည်သင်တို့အားကောင်းချီး ပေး၍၊ စောင့်ထိန်းတော်မူပါစေသော။ ထာဝရဘုရားသည်သင်တို့အားကရုဏာ ထား၍၊ ကျေးဇူးပြုတော်မူပါစေသော။ ထာဝရဘုရားသည်သင်တို့အားကြင်နာ စွာမျှော်ကြည့်၍ ချမ်းမြေ့သာယာမှုပေးတော်မူပါစေသော။
ကျွန်တော်မျိုးတို့၏သားများသည်အသက် ပျိုရွယ်ချိန်၌သန်မာကြီးထွားလာသော အပင်ငယ်များကဲ့သို့ဖြစ်ပါစေသော။ ကျွန်တော်မျိုးတို့၏သမီးများသည်နန်းတော် ထောင့်များတွင်အလှစိုက်ထူထားသော ခန့်ညားသည့်ကျောက်တိုင်များကဲ့သို့ဖြစ်ပါ စေသော။
သခင်ယေရှုသည်ထိုသို့ငြင်းခုံနေကြသည် ကိုသိတော်မူသဖြင့် ကလေးသူငယ်တစ်ယောက် ကိုခေါ်၍မိမိအနီးတွင်ရပ်စေတော်မူ၏။- ထိုနောက်ကိုယ်တော်က ``ငါ၏နာမကိုထောက် ၍ဤကလေးသူငယ်ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ ၏။ သင်တို့တွင်အသိမ်ငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးဖြစ်၏'' ဟုမိန့်တော်မူ၏။
ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
ဝံပုလွေများသည်သိုးတို့နှင့်အတူ အေးချမ်းစွာ နေကြလိမ့်မည်။ ကျားသစ်များသည်လည်းဆိတ်ငယ်များနှင့် အတူ အိပ်ကြလိမ့်မည်။ နွားသူငယ်များနှင့်ခြင်္သေ့များ၊ အတူတူအစာစားကြလျက် သူတို့အားကလေးသူငယ်များကထိန်းကျောင်း လိမ့်မည်။
ငါ့သား၊ အဘ၏နည်းဥပဒေသကို နားထောင်လော့။ အမိ၏တရားကိုလည်း မပယ်နှင့်။ ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သော ဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည်။
ယနေ့သင်တို့အားငါပေးသောပညတ်တော် များကို မည်သည့်အခါမျှမမေ့နှင့်။- ထိုပညတ်များကို သင်တို့၏သားသမီးတို့ အားသွန်သင်ရမည်။ အိမ်၌ရှိသည့်အခါ ဖြစ်စေ၊ နားနေသည့်အခါဖြစ်စေ၊ အလုပ် လုပ်သည့်အခါဖြစ်စေ ထိုပညတ်တော်များ ကိုသွန်သင်ရမည်။- ထိုပညတ်များကိုသတိရနေစေရန် သင် တို့၏လက်မောင်း၌လည်းကောင်း၊ နဖူး၌ လည်းကောင်းချည်ထားရမည်။- သင်တို့၏အိမ်တံခါးတိုင်နှင့်ဝင်းတံခါးတို့ တွင် ထိုပညတ်တော်များကိုရေးထားရမည်။''
သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကိုနာခံလျှင်ကိုယ်တော်သည် အောက်ပါကောင်းချီးမင်္ဂလာအပေါင်းတို့ ကို သင်တို့အားခံစားစေတော်မူမည်။
ကျွန်မသည်ထာဝရဘုရားထံတော်တွင် ဤ သားဆုကိုပန်ပါ၏။ ဆုပန်သည့်အတိုင်း ကိုယ်တော်သည်ပေးသနားတော်မူပါပြီ။- သို့ဖြစ်၍ကျွန်မသည်သူ့ကိုထာဝရဘုရား အား ဆက်ကပ်အပ်နှင်းပါ၏။ သူအသက်ရှင် သမျှကာလပတ်လုံးထာဝရဘုရား အားအပ်နှင်းပါ၏'' ဟုလျှောက်ထား၏။ ထိုနောက်သူတို့သည်ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ကြ၏။
အချင်းသူငယ်၊သင်သည်အမြင့်မြတ်ဆုံးသောဘုရား၏ ပရောဖက်ဟုအခေါ်ခံရလိမ့်မည်။ သင်သည်ဘုရားရှင်အတွက်လမ်းကိုအသင့် ပြင်ဆင်ရလိမ့်မည့်ရှေ့တော်ပြေးဖြစ်ပြီးလျှင်၊
ယင်းသီချင်းကိုကလေးများနှင့်နို့စို့သူငယ် များက သီဆိုကြပါ၏။ ကိုယ်တော်သည်ရန်သူများ၏ဘေးမှ ကင်းလွတ်လုံခြုံပါ၏။ ကိုယ်တော်အားရန်မူသူများကိုဆီးတားတော် မူပါ၏။
အချင်းသူငယ်၊သင်သည်အမြင့်မြတ်ဆုံးသောဘုရား၏ ပရောဖက်ဟုအခေါ်ခံရလိမ့်မည်။ သင်သည်ဘုရားရှင်အတွက်လမ်းကိုအသင့် ပြင်ဆင်ရလိမ့်မည့်ရှေ့တော်ပြေးဖြစ်ပြီးလျှင်၊ ကိုယ်တော်၏လူစုတော်အားအပြစ်ဖြေလွှတ်၍ ကယ်တင်တော်မူမည်ဖြစ်ကြောင်းပြောကြားလိမ့်မည်။ ငါတို့၏ဘုရားသခင်သည်သနားခြင်းကရုဏာနှင့် ကြွယ်ဝတော်မူ၏။ ကိုယ်တော်သည်ကယ်တင်ခြင်းကျေးဇူးတော်ကို ကောင်းကင်မှနေအရုဏ်သဖွယ်ငါတို့အပေါ်သို့ သက်ရောက်စေ၍၊
ဇိအုန်တောင်တော်ပေါ်မှထာဝရဘုရားသည် သင့်ကိုကောင်းချီးမင်္ဂလာပေးတော်မူပါစေသော။ သင်သည်အသက်ရှင်သမျှကာလပတ်လုံး ယေရုရှလင်မြို့၏ဝပြောစည်ပင်နေသည်ကို တွေ့မြင်ရပါစေသော။
သို့ရာတွင်တပည့်တော်တို့သည်ထိုသူတို့ကို အပြစ်တင်ကြ၏။ သခင်ယေရှုက ``ကလေး သူငယ်တို့ငါ့ထံလာကြပါစေ။ မဆီးတား ကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည်ထို သို့သောသူတို့၏နိုင်ငံဖြစ်၏'' ဟုမိန့်တော် မူ၏။
``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့၏လုပ်ငန်းကိုကောင်းချီးပေး၍ သင်တို့၏ကျီများကိုစပါးနှင့်ပြည့်စေ တော်မူမည်။ ကိုယ်တော်သည်မိမိပေးသနား တော်မူမည့်ပြည်တွင် သင်တို့အားကောင်းချီး ပေးတော်မူမည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကိုယ်ခန္ဓာ အစိတ်အပိုင်းရှိသမျှတို့ကို ဖန်ဆင်းတော်မူပြီးလျှင်ယင်းတို့ကိုကျွန်တော်မျိုး မိခင်၏ဝမ်းတွင်း၌ဆက်စပ်စေတော်မူ၏။
သားသမီးဖြစ်သူတို့၊ မိဘစကားကိုအစဉ် နားထောင်ကြလော့။ ဤအမှုသည်ဘုရားသခင် နှစ်သက်တော်မူသောအမှု၊ ပြုကျင့်အပ်သော အမှုဖြစ်၏။-
ကျမ်းစာတော်က``သင်၏မိဘကိုရိုသေသမှုပြု လော့။ သို့ပြုလျှင်သင်သည်ကောင်းစားလျက်မြေကြီး ပေါ်တွင်အသက်ရှည်လိမ့်မည်'' ဟုဖော်ပြသည်။ ဤ ကားကတိတော်ပါရှိသည့်ပထမပညတ်ဖြစ်၏။ ငါသည်အကျဉ်းခံနေရသူဖြစ်သော်လည်းထို သတင်းကောင်းအတွက်သံတမန်ဖြစ်ပါ၏။ ထို သတင်းကောင်းကိုဟောပြောအပ်သည်နှင့်အညီ ငါသည်ရဲရင့်စွာဟောပြောနိုင်ရန်ဆုတောင်း ကြလော့။ ငါနှင့်ပတ်သက်သောအကြောင်းအရာကိုသင် တို့သိစေခြင်းငှာ သတင်းအလုံးစုံကိုသင် တို့အားတုခိတ်ကပြောပြလိမ့်မည်။ သခင် ဘုရား၏အမှုတော်ကိုဆောင်ရာတွင်သူ သည်ငါတို့အားသစ္စာရှိစွာကူညီသူ၊ ငါ တို့၏ချစ်လှစွာသောညီဖြစ်ပေသည်။- ထို့ကြောင့်ငါတို့နှင့်ဆိုင်သောသတင်းအလုံး စုံကိုပြောပြရန်နှင့် သင်တို့ကိုအားပေးကူ ညီရန်သူ့အားသင်တို့ထံသို့ငါစေလွှတ် လိုက်ပါသည်။ အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်သည် ညီအစ်ကိုအပေါင်းတို့အားငြိမ်သက်ခြင်း၊ ချစ် ခြင်း၊ ယုံကြည်ခြင်းကိုချပေးတော်မူပါစေ သော။- အဘယ်အခါ၌မျှမပျက်မပြယ်နိုင်သည့် မေတ္တာဖြင့် ငါတို့သခင်ယေရှုခရစ်အားချစ် ကြကုန်သောလူအပေါင်းတို့အပေါ်သို့ ဘုရားသခင်၏ကျေးဇူးတော်သက်ရောက် ပါစေသော။ ဧဖက်သြဝါဒစာပြီး၏။
ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
ကြားကြသူအပေါင်းတို့သည် ``ဤသူငယ် ကားအဘယ်သို့သောသူဖြစ်လိမ့်မည်နည်း'' ဟုပြောဆိုကြ၏။ ထာဝရဘုရား၏တန်ခိုး တော်သည်ထိုသူငယ်အပေါ်သက်ရောက်လျက် နေတော်မူ၏။
သူငယ်သည်ကြီးပြင်းလျက်အသိဉာဏ်ရင့်သန် လာ၏။ သူသည်ဣသရေလအမျိုးသားတို့၏ ရှေ့တွင် ထင်ထင်ပေါ်ပေါ်အမှုတော်ကိုစ၍ မဆောင်မီတောကန္တာရတွင်နေ၏။
သင့်အဖ၏ဘုရားသခင်သည်သင့်ကိုကူမလျက် ရှိတော်မူ၏။ အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်အား ကောင်းကင်မှကျသောမိုးရေ၊မြေအောက်မှ စီးထွက်သောရေကိုလည်းကောင်း၊ သိုးနွားများနှင့်သားသမီးရတနာကို လည်းကောင်း ပေးတော်မူပါစေ၊
လူအချို့တို့သည်ကလေးသူငယ်များအပေါ် လက်တော်တင်၍ကောင်းချီးပေးတော်မူစေရန် ကိုယ်တော်၏ထံသို့ခေါ်ခဲ့ကြ၏။- သို့ရာတွင်တပည့်တော်တို့သည်ထိုသူတို့ကို အပြစ်တင်ကြ၏။ သခင်ယေရှုက ``ကလေး သူငယ်တို့ငါ့ထံလာကြပါစေ။ မဆီးတား ကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည်ထို သို့သောသူတို့၏နိုင်ငံဖြစ်၏'' ဟုမိန့်တော် မူ၏။ ကိုယ်တော်သည်ကလေးသူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ကောင်းချီးပေးတော်မူပြီး နောက်ထိုအရပ်မှထွက်ကြွတော်မူ၏။
``သင်၏လူတို့အားငါကိုယ်တိုင်ဆုံးမသွန်သင်မည်။ သင်၏သားသမီးတို့အားချမ်းသာကြွယ်ဝမှုနှင့် ငြိမ်းချမ်းသာယာမှုကိုငါပေးမည်။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကိုယ်ခန္ဓာ အစိတ်အပိုင်းရှိသမျှတို့ကို ဖန်ဆင်းတော်မူပြီးလျှင်ယင်းတို့ကိုကျွန်တော်မျိုး မိခင်၏ဝမ်းတွင်း၌ဆက်စပ်စေတော်မူ၏။ ကိုယ်တော်သည်ကြောက်ရွံ့ဖွယ်ကောင်းသောအရှင် ဖြစ်တော်မူသဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသမျှသောအမှု အရာတို့သည် ထူးဆန်းအံ့သြဖွယ်ကောင်းကြောင်းကျွန်တော်မျိုး အသေအချာသိပါ၏။
သားသမီးတို့၊ သင်တို့မိဘများ၏စကား ကိုနားထောင်ကြလော့။ ထိုသို့ပြုခြင်းသည် ခရစ်ယာန်များအနေဖြင့်ပြုအပ်သည့်ဝတ် ဖြစ်၏။- သင်တို့သည်သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ကြံ့ခိုင် ခြင်းရှိကြရန်ငါနောက်ဆုံးမှာကြားလို၏။- မာရ်နတ်၏ပရိယာယ်များကိုခုခံကာကွယ်နိုင်ရန် ဘုရားသခင်၏လက်နက်စုံကိုဝတ်ဆင်ကြလော့။- ငါတို့သည်လူသတ္တဝါတို့နှင့်ဆိုင်ပြိုင်တိုက်ခိုက် ကြရသည်မဟုတ်။ ကောင်းကင်လောကမှဆိုး ယုတ်သောဝိညာဉ်တန်ခိုးရှင်နှင့်လည်းကောင်း၊ ဤအမှောင်လောကကိုအစိုးရသူများ၊ တန်ခိုး ရှင်များ၊ အာဏာပိုင်များနှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်ခိုက်ကြရ၏။- သို့ဖြစ်၍ဘုရားသခင်၏လက်နက်စုံကိုကိုင် ဆောင်ကြလော့။ သို့မှသာလျှင်ခဲယဉ်းဆိုး ယုတ်ရာကာလကျရောက်လာချိန်၌ သင်တို့ သည်ရန်သူ၏တိုက်စစ်ကိုခုခံကာကွယ် နိုင်လိမ့်မည်။ အဆုံးတိုင်အောင်တိုက်ခိုက် ပြီးသောအခါ၌သင်တို့သည်ရပ်တည် နိုင်ကြလိမ့်မည်။ သို့ဖြစ်၍အသင့်ရှိနေကြလော့။ သစ္စာတရား တည်းဟူသောခါးပန်းကြိုးကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းတည်းဟူသောရင်အုပ်တန် ဆာကိုလည်းကောင်း၊- ငြိမ်းချမ်းရေးသတင်းကောင်းကိုကြေညာရန် အသင့်ရှိခြင်းတည်းဟူသောဖိနပ်ကိုလည်း ကောင်းဝတ်ဆင်ကြလော့။- ယုံကြည်ခြင်းတည်းဟူသောဒိုင်းလွှားကို အမြဲဆွဲကိုင်ထားကြလော့။ သင်တို့သည် ထိုဒိုင်းလွှားအားဖြင့်မာရ်နတ်ပစ်ခတ်သော မီးမြားလက်နက်ဟူသမျှကိုငြိမ်းသတ် နိုင်လိမ့်မည်။- ကယ်တင်ခြင်းတည်းဟူသောသံခမောက်ကို လည်းကောင်း၊ ဝိညာဉ်တော်ကပေးသောဘုရား သခင်၏နှုတ်ကပတ်တော်တည်းဟူသော ဋ္ဌားကိုလည်းကောင်းယူဆောင်ကြလော့။- သင်တို့အားကူညီစောင်မတော်မူရန်ဘုရား သခင်အားအစဉ်အမြဲဆုတောင်းကြလော့။ ဝိညာဉ်တော်ညွှန်ကြားတော်မူသည့်အတိုင်း အခါခပ်သိမ်းဆုတောင်းကြလော့။ ထို့ကြောင့် နိုးနိုးကြားကြားနေကြလော့။ ဇွဲသတ္တိရှိကြ လော့။ အခါမလပ်ဘုရားသခင်၏လူစု တော်အတွက်ဆုတောင်းကြလော့။- ငါဟောပြောချိန်၌ဘုရားသခင်သည်ငါ့အား နှုတ်သတ္တိကိုပေးသနားတော်မူရန်လည်းကောင်း၊ သတင်းကောင်း၏နက်နဲသောအရာကိုရဲရင့် စွာဖွင့်ပြနိုင်ရန်လည်းကောင်း ငါ့အတွက်လည်း ဆုတောင်းကြလော့။- ကျမ်းစာတော်က``သင်၏မိဘကိုရိုသေသမှုပြု လော့။ သို့ပြုလျှင်သင်သည်ကောင်းစားလျက်မြေကြီး ပေါ်တွင်အသက်ရှည်လိမ့်မည်'' ဟုဖော်ပြသည်။ ဤ ကားကတိတော်ပါရှိသည့်ပထမပညတ်ဖြစ်၏။ ငါသည်အကျဉ်းခံနေရသူဖြစ်သော်လည်းထို သတင်းကောင်းအတွက်သံတမန်ဖြစ်ပါ၏။ ထို သတင်းကောင်းကိုဟောပြောအပ်သည်နှင့်အညီ ငါသည်ရဲရင့်စွာဟောပြောနိုင်ရန်ဆုတောင်း ကြလော့။ ငါနှင့်ပတ်သက်သောအကြောင်းအရာကိုသင် တို့သိစေခြင်းငှာ သတင်းအလုံးစုံကိုသင် တို့အားတုခိတ်ကပြောပြလိမ့်မည်။ သခင် ဘုရား၏အမှုတော်ကိုဆောင်ရာတွင်သူ သည်ငါတို့အားသစ္စာရှိစွာကူညီသူ၊ ငါ တို့၏ချစ်လှစွာသောညီဖြစ်ပေသည်။- ထို့ကြောင့်ငါတို့နှင့်ဆိုင်သောသတင်းအလုံး စုံကိုပြောပြရန်နှင့် သင်တို့ကိုအားပေးကူ ညီရန်သူ့အားသင်တို့ထံသို့ငါစေလွှတ် လိုက်ပါသည်။ အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်သည် ညီအစ်ကိုအပေါင်းတို့အားငြိမ်သက်ခြင်း၊ ချစ် ခြင်း၊ ယုံကြည်ခြင်းကိုချပေးတော်မူပါစေ သော။- အဘယ်အခါ၌မျှမပျက်မပြယ်နိုင်သည့် မေတ္တာဖြင့် ငါတို့သခင်ယေရှုခရစ်အားချစ် ကြကုန်သောလူအပေါင်းတို့အပေါ်သို့ ဘုရားသခင်၏ကျေးဇူးတော်သက်ရောက် ပါစေသော။ ဧဖက်သြဝါဒစာပြီး၏။
သို့ရာတွင်သခင်ယေရှုသည်ကလေးတို့ကို ခေါ်လျက် ``ကလေးသူငယ်တို့ငါ့ထံသို့လာ ကြပါစေ။ မဆီးတားကြနှင့်၊ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်၏နိုင်ငံတော်သည် ထို သို့သောသူတို့၏နိုင်ငံဖြစ်သောကြောင့်တည်း။-
ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း လမ်းသို့ လိုက်၍၊ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာ ရှိကြ၏။
အိမ်တွင်း၌သင်၏ဇနီးသည်အသီးနှင့်ပြည့်သော စပျစ်ပင်ကဲ့သို့လည်းကောင်း၊ စားပွဲပတ်လည်ရှိသင်၏သားများသည်လည်း စိုက်ပျိုးထားသောသံလွင်ပင်ပျိုများ ကဲ့သို့လည်းကောင်းဖြစ်လိမ့်မည်။
``သင်တို့သည်အဘယ်ကလေးသူငယ်ကိုမျှ အထင်အမြင်မသေးမိစေရန်သတိထား ကြလော့။ သင်တို့အားငါဆိုသည်ကား၊ ထိုသူငယ် တို့၏ကောင်းကင်တမန်များသည်ကောင်းကင်ဘုံ ရှင်ငါ့ခမည်းတော်၏ရှေ့တော်မှောက်၌အစဉ် မပြတ်ခစားလျက်ရှိကြ၏။-
ယနေ့သင်တို့အားငါပေးသောပညတ်တော် များကို မည်သည့်အခါမျှမမေ့နှင့်။- ထိုပညတ်များကို သင်တို့၏သားသမီးတို့ အားသွန်သင်ရမည်။ အိမ်၌ရှိသည့်အခါ ဖြစ်စေ၊ နားနေသည့်အခါဖြစ်စေ၊ အလုပ် လုပ်သည့်အခါဖြစ်စေ ထိုပညတ်တော်များ ကိုသွန်သင်ရမည်။-
သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် သင်တို့၏မျှော်လင့်ခြင်းပါရမီကြွယ်ဝစေ ခြင်းငှာ မျှော်လင့်ခြင်း၏အရှင်ဘုရားသခင် သည် သင်တို့၏ယုံကြည်မှုကြောင့်သင်တို့အား ဝမ်းမြောက်ခြင်းအမျိုးမျိုးနှင့်ငြိမ်သက်ခြင်း ကိုပေးသနားတော်မူပါစေသော။
အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ချစ်ခင်ကြင်နာတတ်သောဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်အစဉ်အမြဲစိတ်ရှည် သည်းခံတော်မူပါ၏။ အစဉ်သနားလျက်သစ္စာရှိတော်မူပါ၏။
သွားလေရာရာ၌သင့်ကိုစောင့်ရှောက်စေရန် ဘုရားသခင်သည်မိမိ၏ကောင်းကင်တမန် များကို တာဝန်ပေးအပ်တော်မူလိမ့်မည်။ သူတို့သည်သင်၏ခြေကိုကျောက်နှင့် မထိမခိုက်စေရန်မိမိတို့၏လက်ဖြင့်သင့်အား ချီပင့်ကြလိမ့်မည်။
ငါ၏ဘုရားသခင်သည်စည်းစိမ်ချမ်းသာ ကြွယ်ဝတော်မူသည်နှင့်အညီ သင်တို့အား ခရစ်တော်ယေရှုအားဖြင့် သင်တို့လိုသမျှ သောအရာတို့ကိုပေးသနားတော်မူပါ စေသော။-
သင်တို့သည်ငွေအတွက်အသက်မရှင်နှင့်။ ရှိသမျှဖြင့်ရောင့်ရဲလော့။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်က``ငါသည်သင့်ကို အဘယ်အခါ၌မျှမစွန့်၊ အဘယ်အခါ ၌မျှပစ်၍မထား'' ဟုမိန့်တော်မူသော ကြောင့်ဖြစ်၏။-
ကိုယ်တော်သည်သင်တို့ကိုအလေးဂရုပြု တော်မူသောကြောင့် သင်တို့၏ပူပင်သောက ရှိသမျှတို့ကိုကိုယ်တော်အားပုံ၍အပ်နှံ ကြလော့။
ကိုယ်တော်သည်သိုးထိန်းကဲ့သို့မိမိ၏လူမျိုး တော်ကို ကျွေးမွေးပြုစုတော်မူလိမ့်မည်။ သိုးထိန်းသည်သိုးငယ်များကိုစုသိမ်း၍ လက်ဖြင့်ချီပွေ့ကာ သူတို့၏မိခင်များကိုဖြည်းညှင်းစွာလမ်းပြ ပို့ဆောင်တော်မူလိမ့်မည်။
ကိုယ်တော်သည်လူတိုင်းကိုကျေးဇူးပြုတော် မူ၍ မိမိဖန်ဆင်းတော်မူသမျှသောသတ္တဝါတို့ အား ကရုဏာထားတော်မူ၏။
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသူတို့ အား ကိုယ်တော်၏ကောင်းကင်တမန်သည်စောင့်ကြပ် ကြည့်ရှု၍ဘေးအန္တရာယ်မှကယ်ဆယ်တော်မူ၏။
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။
သို့ဖြစ်၍ဘုရားသခင်သည် မိမိနှင့်ပုံ သဏ္ဌာန်တူသောလူယောကျာ်း၊ လူမိန်းမ ကိုဖန်ဆင်းတော်မူ၍၊-
``သင်တို့သည်လောက၏အလင်းသဖွယ်ဖြစ် ကြ၏။ တောင်ပေါ်မှာတည်ထားသောမြို့ကိုဖုံး ကွယ်၍မထားနိုင်။- ဆီမီးကိုထွန်းညှိ၍တင်းတောင်းဖြင့်အုပ်၍မ ထားတတ်ကြ။ အိမ်သူအိမ်သားအပေါင်းတို့ အလင်းရောင်ရစေရန်ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြ၏။- ထိုနည်းတူစွာလူတို့သည်သင်တို့၏ကောင်းသော အကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ဂုဏ်တော်ကိုချီးကူးစေရန် သင် တို့၏အလင်းကိုလူတို့ရှေ့၌ထွန်းလင်းစေကြ လော့။
ကျွန်တော်မျိုးခိုလှုံရာဖြစ်တော်မူ၍ ကျွန်တော်မျိုးအားရွေးနုတ်တော်မူသော အရှင်၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏နှုတ်ထွက်စကားများနှင့် စိတ်နှလုံးအကြံအစည်များသည်ရှေ့တော် ၌ နှစ်သက်ဖွယ်ဖြစ်ပါစေသော။
ငါသည်ထောင်သောင်းမကများပြားသော အမျိုးအစဉ်အဆက်တို့အား ငါ၏ကတိ သစ္စာကိုတည်စေမည်။ ငါသည်ဒုစရိုက်နှင့် အပြစ်တို့အတွက်လူတို့အားအပြစ်လွှတ် မည်။ သို့ရာတွင်မိဘတို့၏အပြစ်ကိုသား စဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထ အဆက်သို့တိုင်အောင်ငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
အစဉ်မပြတ်ရွှင်လန်းဝမ်းမြောက်ကြလော့။- အခါမလပ်ဆုတောင်းပတ္ထနာပြုကြလော့။- အဘယ်အခြေအနေနှင့်ရင်ဆိုင်ရသည်မဆို ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ သင်တို့သည် ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်းဖြစ် လျက် ဤသို့ပြုကျင့်ကြစေရန်ဘုရားသခင် အလိုရှိတော်မူ၏။
ဘုရားသခင်အားချစ်မြတ်နိုး၍ကိုယ်တော် ၏အကြံတော်နှင့်အညီ ခေါ်ယူရွေးကောက်ခြင်း ကိုခံရသောသူတို့တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ အကျိုးပေါ်ထွက်လာစေ ရန်ကိုယ်တော်သည်သူတို့နှင့်အတူလုပ်ဆောင် တော်မူကြောင်းငါတို့သိကြ၏။-
ထာဝရဘုရားကိုထောမနာပြုကြလော့။ ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ပညတ်တော်တို့ကိုစောင့်ထိန်းရန် အထူးနှစ်သက်သူသည်မင်္ဂလာရှိ၏။ သူယုတ်မာတို့သည်ဤအခြင်းအရာကို မြင်သောအခါဒေါသထွက်၍အံသွားခဲ ကြိတ်လျက် ပျောက်ကွယ်သွားကြလိမ့်မည်။ သူတို့၏အလိုဆန္ဒသည်ပျက်ပြားရလိမ့်မည်။ ထိုသူ၏သားသမီးတို့သည်တိုင်းပြည်တွင် တန်ခိုးအာဏာရှိကြလိမ့်မည်။ သူ၏သားမြေးတို့သည်ကောင်းချီး ခံစားရကြလိမ့်မည်။
သင်တို့အတွက်ငါပြုလုပ်ထားသည့်အကြံ အစည်များကိုငါသာလျှင်သိ၏။ ထိုအကြံ အစည်တို့သည်သင်တို့ကောင်းစားမှု၊ သင်တို့ စောင့်မျှော်နေသည့်အနာဂတ်ကိုထုတ်ဖော်ပေး မှုနှင့်ဆိုင်သောအကြံအစည်များဖြစ်ပေ သည်။ သင်တို့အားဘေးအန္တရာယ်ရောက်စေ မည့်အကြံအစည်များမဟုတ်။-
ကိုယ်တော်ရှင်အားမပြစ်မှားစေရန် ကွန်တော်မျိုးသည်မိမိ၏စိတ်နှလုံးထဲတွင် ကိုယ်တော်ရှင်၏တရားတော်ကိုသိုထားပါ၏။
သူငယ်တော်ယေရှုသည်ကာယညာဏကြီး ပွားတိုးတက်လျက်ဘုရားသခင့်ရှေ့၊ လူတို့ ရှေ့တွင်မျက်နှာပွင့်လန်းတော်မူ၏။
ထာဝရဘုရားသည်ဘေးအန္တရာယ်အပေါင်း တို့မှ သင့်ကိုကွယ်ကာတော်မူလိမ့်မည်။ သင့်ကိုဘေးမဲ့လုံခြုံစွာထားတော်မူလိမ့်မည်။ ကိုယ်တော်သည်ယခုမှစ၍ကာလအစဉ်မပြတ် သင်သွားလာလေရာတို့၌သင့်အား ကွယ်ကာစောင့်ရှောက်တော်မူလိမ့်မည်။