အဘယ်အမှုကိုပြုသည်မဆိုသင်တို့သည် လူ၏အလိုကိုမဟုတ်ဘဲ သခင်ဘုရား၏ အလိုကိုဆောင်ရွက်သကဲ့သို့အစွမ်းရှိ သမျှဖြင့်လုပ်ဆောင်ကြလော့။-
ကြိုးစား၍ လုပ်လေရာရာ၌ကျေးဇူးရှိ၏။ စကား များခြင်းအကျိုးမူကား၊ ဆင်းရဲခြင်းသက်သက်တည်း။
ကိုယ်ပြုသောအမှုတို့ကို ထာဝရဘုရား၌ အပ် လော့။ သို့ပြုလျှင် သင်၏အကြံအစည်တို့သည် တည်ကြ လိမ့်မည်။
လူ၏အစေကိုခံသကဲ့သို့သာမကဘုရား သခင်၏အစေကိုခံသကဲ့သို့ ဝမ်းမြောက် ရွှင်လန်းစွာအလုပ်ကိုလုပ်ဆောင်ကြလော့။- ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ မည်သူမဆို မိမိပြုသည့်ကောင်းမှုအတွက် သခင်ဘုရား ထံမှဆုလာဘ်ကိုရရှိလိမ့်မည်ဟုသိမှတ် ကြလော့။
သင်တို့နှင့်အတူရှိခဲ့စဉ်အခါကငါတို့ သည်သင်တို့အား``အလုပ်မလုပ်လိုသူသည် အစားအစာလည်းမစားရ'' ဟူ၍သွန်သင် လေ့ရှိ၏။
မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဥာဏ်ချို့တဲ့၏။
သင်တို့သည်စားသည်ဖြစ်စေ၊ အဘယ်အမှု ကိုပြုသည်ဖြစ်စေ ဘုရားသခင်၏ဘုန်း အသရေတော်အတွက်ပြုကြလော့။-
သင်တို့သည်ယခင်ကငါတို့ညွှန်ကြားခဲ့သည့် အတိုင်းငြိမ်ဝပ်စွာနေထိုင်ရန်လည်းကောင်း၊ ကိုယ့် အရေးကိစ္စကိုဂရုစိုက်ရန်လည်းကောင်း၊ ကိုယ့် လက်ဖြင့်လုပ်ကိုင်ရန်လည်းကောင်းကြိုးစား အားထုတ်ကြလော့။- ဤနည်းအားဖြင့်သင်တို့သည်အသင်းတော်ဝင် မဟုတ် သူတို့၏ကြည်ညိုလေးစားခြင်းကိုခံရ ကြလိမ့်မည်။ အဘယ်သူကိုမျှမှီခိုရန်လည်း လိုလိမ့်မည်မဟုတ်။
လူတိုင်းပင်မိမိ၏အပြုအမူကိုစစ်ကြော အပ်၏။ မိမိ၏အပြုအမူသည်ကောင်းမွန်ပါက ဂုဏ်ယူဝါကြွားနိုင်ပေသည်။- အဘယ်ကြောင့်ဆိုသော်လူတိုင်းပင် မိမိ၏ဝန်ကို ထမ်းရွက်ရမည်ဖြစ်သောကြောင့်တည်း။
ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့် တ၍ မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလို ဆန္ဒပြည့်စုံရ၏။
သင်သည်ရှက်ကြောက်စရာအကြောင်းမရှိ သောအမှုတော်ဆောင်အနေဖြင့်လည်းကောင်း၊ သမ္မာတရားတော်ကိုမှန်ကန်စွာဟောပြော သွန်သင်သူအနေဖြင့်လည်းကောင်း၊ ဘုရား သခင်နှစ်သက်လက်ခံတော်မူစေရန်အစွမ်း ကုန်ကြိုးစားအားထုတ်လော့။-
အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပရွတ်ဆိတ်သည်ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊ နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိ စားစရာအစာကို ရှာဖွေသိုထားတတ်၏။
ဆောင်ရွက်စရာအမှုကိုကြိုးစား၍ ပြီးစီးစေ တတ်သောသူရှိသလော။ ထိုသူသည် သာမညလူ၏ အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင် ရွက်၏။
ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍၊ အိပ် ခြင်းကိုမတပ်မက်နှင့်။ နိုးတတ်လျှင် ဝစွာစားရ၏။
အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။
သင်တို့အားလုံးပင်လျှင်ဝိညာဉ်ဆုကျေးဇူး တစ်ပါးပါးကိုခံယူရရှိကြ၏။ သင်တို့သည် ဘုရားသခင်၏ဆုကျေးဇူးတော်အမျိုးမျိုး ကိုထိန်းသိမ်းစောင့်ရှောက်ရသူများအနေဖြင့် မိမိတို့ခံယူရရှိသည့်ဆုကျေးဇူးတော်ကို အချင်းချင်းတို့၏အကျိုးအတွက်အသုံး ပြုကြလော့။- တရားဟောပြောသူသည်ဘုရားသခင်၏ ဗျာဒိတ်တော်ကိုဟောပြောစေ။ အစေခံသော သူသည်ဘုရားသခင်ပေးတော်မူသောအစွမ်း သတ္တိအတိုင်းလုပ်ဆောင်စေ။ သို့မှသာပြုလေ သမျှသောအမှုတို့တွင် ယေရှုခရစ်အား ဖြင့်ဘုရားသခင်၏ဘုန်းအသရေထွန်းလင်း လိမ့်မည်။ အရှင်ယေရှုခရစ်သည်ကမ္ဘာအဆက် ဆက်ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။
ယင်းသို့တာဝန်ယူဆောင်ရွက်ရသူတွင်ရှိရ မည့်အရည်အချင်းတစ်ခုကား မိမိသခင် ၏ပေါ်တွင်သစ္စာစောင့်ရန်ပင်ဖြစ်ပေသည်။-
ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအား ထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား၊ သင်ယခု သွား၍ ရောက်ရလတံ့သောအရပ် တည်းဟူသောမရဏ နိုင်ငံ လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ် မရှိ။ ပညာမရှိပါတကား။
လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိမရှိသော သူ၏အကြံ အစည်သည် ဆင်းရဲခြင်းနှင့်၎င်း ဆိုင်ပေ၏။
အမှုငယ်တွင်သစ္စာရှိသူသည်အမှုကြီးတွင် လည်းသစ္စာရှိလိမ့်မည်။ အမှုငယ်တွင်မရိုး ဖြောင့်သူသည်အမှုကြီးတွင်လည်းရိုးဖြောင့် လိမ့်မည်မဟုတ်။-
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။
သို့ဖြစ်၍ချစ်သောညီအစ်ကိုတို့၊ ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်ခြင်းသည်ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်ကာ အမှုတော်ကိုအစဉ်အမြဲဆောင်ရွက်ကြ လော့။
သခင်ကလည်း `ကောင်းလေစွ၊ သစ္စာရှိငါ့ကျွန်ကောင်း၊ သင်သည်သေးငယ်သောအမှုတွင်သစ္စာရှိ၏။ ကြီး သောအမှုကိုသင့်အားငါအပ်နှင်းမည်။ ငါနှင့် အတူစည်းစိမ်ချမ်းသာခံစားပါလော့' ဟုဆို၏။
ဘုရားသခင်သည်တရားမျှတမှုမရှိ သောအရှင်မဟုတ်။ သင်တို့ဆောင်ရွက်ခဲ့ သည့်အမှုအရာများကိုလည်းကောင်း၊ ကိုယ် တော်အားချစ်ကြောင်းသက်သေပြရန်ယခင် အခါမှ ယခုအခါတိုင်အောင်ခရစ်ယာန် အချင်းချင်းအားကူညီမစကြသည်ကို လည်းကောင်းမေ့လျော့တော်မူမည်မဟုတ်။-
မှန်သောအလေးနှင့် မှန်သောချိန်ခွင်သည် ထာဝရဘုရား၏ဥစ္စာဖြစ်၏။ အလေးအိတ်၌ပါသမျှသော အလေးတို့သည် စီရင်တော်မူရာ ဖြစ်ကြ၏။
သို့ဖြစ်၍သင်တို့သည်ပြောဆိုပြုမူရာတွင် သခင် ယေရှု၏နာမတော်ကိုထောက်၍ပြောဆိုပြုမူကြ လော့။ ထိုအရှင်ကိုအမှီပြု၍အဖဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
ကျွန်တော်မျိုးတို့၏ဘုရားဖြစ်တော်မူသော ထာဝရဘုရား၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ကောင်းချီး မင်္ဂလာကိုခံစားကြရပါစေသော။ ပြုလေသမျှသောအမှုတို့တွင်လည်း ကျွန်တော်မျိုးတို့အားအောင်မြင်ခွင့်ပေးတော်မူပါ။
ပျင်းရိသောသူသည် အလုပ်မလုပ်ချင်သော ကြောင့်၊ မိမိတပ်မက်သောအားဖြင့် သေတတ်၏။ တနေ့လုံးတပ်မက်အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား မနှမြောဘဲစွန့်ကြဲတတ်၏။
ထိုနည်းတူစွာလူတို့သည်သင်တို့၏ကောင်းသော အကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ဂုဏ်တော်ကိုချီးကူးစေရန် သင် တို့၏အလင်းကိုလူတို့ရှေ့၌ထွန်းလင်းစေကြ လော့။
မပျင်းမရိဘဲအလုပ်ကိုကြိုးစားအား ထုတ်လုပ်ကိုင်ကြလော့။ စိတ်အားထက်သန် စွာသခင်ဘုရား၏အမှုတော်ကိုဆောင်ရွက် ကြလော့။-
အသီးသီးသောအချိန်၌ သိမ်းယူသောသူသည် ပညာရှိသောသား ဖြစ်၏။ စပါးရိတ်ရာကာလ၌ အိပ် တတ်သောသူမူကား၊ အရှက်ခွဲတတ်သောသားဖြစ်၏။
မိမိ၏ဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိ အိမ်ထောင်စုသားတို့အားမပြုစုဘဲနေသော သူသည် ယုံကြည်ခြင်းတရားတော်ကိုပစ်ပယ် သူဖြစ်၍ မယုံကြည်သူထက်ပို၍ပင်ဆိုးရွား ပေသည်။
လယ်လုပ်သောသူသည် ဝစွာစားရ၏။ အချည်း နှီးသောအမှုကို စောင့်သောသူမူကား၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည်။
သို့ရာတွင်သင်သည်လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့ကိုခေါင်းဆောင်နိုင် မည့်အရည်အချင်းရှိသူများကိုရွေးချယ် ခန့်ထားသင့်ပါသည်။ ထိုသူတို့သည်ဘုရား ကိုကြောက်ရွံ့၍ရိုးသားဖြောင့်မတ်လျက် အဂတိမလိုက်စားတတ်သူများဖြစ်ရ ကြမည်။-
ခရစ်တော်ထံမှရရှိသည့်စွမ်းရည်အားဖြင့် ငါသည်မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။
လျှပ်ပေါ်ခြင်းအားဖြင့် ဥစ္စာသည်လျော့တတ် ၏။ ကြိုးစားအား ထုတ်၍ဆည်းဖူးသော သူ၏ဥစ္စာမူကား၊ ပြန့်ပွားတတ်၏။
သခင်ဘုရား၏ရှေ့တော်၌သာမကလူ တို့၏ရှေ့၌လည်းလျောက်ပတ်မှန်ကန်သည့် အမှုကိုသာပြုရန်ရည်ရွယ်ချက်ရှိကြ၏။
ခိုးဝှက်ဖူးသူသည်နောက်တစ်ဖန်မခိုးဝှက်တော့ဘဲ ချို့တဲ့သူများအားဝေမျှပေးကမ်းနိုင်ရန် မိမိ လက်ဖြင့်အလုပ်ကိုရိုးဖြောင့်စွာကြိုးစားလုပ် ကိုင်စေ။-
သင်တို့သည်မိမိတို့၌အပ်ထားသောဘုရား သခင်၏သိုးစုကိုကြည့်ရှုစောင့်ထိန်းကြလော့။ တာဝန်ဝတ္တရားတစ်ရပ်အနေဖြင့်မဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သည့် အနေဖြင့်ဝမ်းမြောက်စွာစောင့်ထိန်းကြလော့။ ငွေကြေးရရှိရန်အတွက်မဟုတ်ဟူ၍ စေတနာစိတ်နှင့်လုပ်ဆောင်ကြလော့။- သင်တို့လက်ဝယ်အပ်ထားသည့်သူတို့အပေါ် တွင်အစိုးတရမပြုကြနှင့်။ သိုးစု၏ရှေ့၌ စံနမူနာကောင်းကိုပြကြလော့။-
ကောင်းသောအသရေကို များစွာသော ဥစ္စာ ထက်သာ၍ ရွေးစရာကောင်း၏။ သူတပါးစုံမက်ခြင်း ကျေးဇူးသည် ရွှေငွေထက်သာ၍ ကောင်း၏။
သင်တို့သည်ငါတို့အလုပ်လုပ်ခဲ့သည့်စံ နမူနာကိုလိုက်၍ပြုကျင့်သင့်သည်ကို သင် တို့ကိုယ်တိုင်ကောင်းစွာသိရှိကြပေသည်။ သင်တို့နှင့်အတူရှိစဉ်အခါကငါတို့သည် အလုပ်မလုပ်ဘဲမနေခဲ့ကြ။- ငါတို့စားစရိတ်မှန်သမျှကိုငါတို့ကျခံ ခဲ့ကြ၏။ သင်တို့တစ်ဦးတစ်ယောက်အားမျှ ငါတို့အတွက်တာဝန်မရှိရစေရန် ငါတို့ သည်အလုပ်ကိုပင်ပန်းစွာနေ့ရောညဥ့်ပါ လုပ်ကိုင်ခဲ့ကြ၏။-
ထို့နောက်ထာဝရအရှင်ဘုရားသခင်သည် ဧဒင်ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုးရန်နှင့်စောင့် ရှောက်ထိန်းသိမ်းရန် လူကိုထိုဥယျာဉ်တွင်နေ စေတော်မူ၏။-
ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
ပျင်းရိသောသူသွားရာ လမ်း၌ဆူးပင်ဆီးကာ လျက် ရှိ၏။ ဖြောင့်မတ်သောသူ သွားရာလမ်းမူကား၊ မို့မောက်လျက်ရှိ၏။
သင်တို့လုပ်ဆောင်စရာရှိသမျှတို့ကိုမညည်း မတွား၊ မငြင်းမခုံဘဲလုပ်ဆောင်ကြလော့။- သို့မှသာလျှင်သင်တို့သည်ဖောက်ပြန်၍အပြစ် ကူးလွန်သူများရှိရာကမ္ဘာတွင် ဘုရားသခင် ၏အပြစ်ဆိုဖွယ်မရှိသောသားသမီးများ အနေဖြင့် စိတ်နှလုံးဖြူစင်သန့်ရှင်းလျက်အပြစ် ကင်းသူများဖြစ်ကြလိမ့်မည်။ သင်တို့သည် ထာဝရအသက်နှင့်ဆိုင်သောတရားတော် ကိုဟောပြောကာ ထိုသူတို့အလယ်တွင်ကြယ် တာရာများသဖွယ်ထွန်းလင်းတောက်ပရကြ မည်။ ဤသို့ပြုကြမည်ဆိုပါကငါအားထုတ် လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီးမဖြစ် သဖြင့်ခရစ်တော်၏နေ့ရက်၌ငါ့မှာဂုဏ် ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။
ပျင်းရိသောသူက၊ အိမ်ပြင်မှာခြင်္သေ့ရှိ၏။ လမ်း သို့ ထွက်လျှင် ငါသေလိမ့်မည်ဟု ဆိုတတ်၏။
သင်သည်မိမိလက်ဖြင့်လုပ်ဆောင်၍စားဝတ် နေရေး ဖူလုံအောင်ရရှိလိမ့်မည်။ သင်သည်ရွှင်လန်း၍ကောင်းစားလိမ့်မည်။
သို့ဖြစ်၍အစိုးရမင်းအားသင်တို့ပေးဆောင် ထိုက်သည်ကိုပေးဆောင်ကြလော့။ ပေးဆောင်စရာ ရှိသမျှသောအခွန်များကိုပေးဆောင်ကြလော့။ အာဏာပိုင်ရှိသမျှတို့အားရိုသေလေးစား ကြလော့။
သင်၏ သိုးစုအကြောင်းတို့ကို သိခြင်းငှါ ကြိုး စားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။ စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏ စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက် မတည် တတ်။
သူယုတ်မာသည်ချေးငှားပြီးနောက် ပြန်၍မပေးမဆပ်တတ်။ သူတော်ကောင်းမူကားရက်ရောစွာပေးကမ်း တတ်၏။
သူတို့အားပန်းပုအတတ်၊ ပုံစံထုတ်သော အတတ်၊ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် သိုးမွေး၊ ပိတ်ချောနှင့်အခြားအထည်တို့ ကိုယက်လုပ်သည့်အတတ်ပညာအမျိုးမျိုး ကိုပေးတော်မူ၏။ သူတို့သည်အတတ်ပညာ အမျိုးမျိုးတို့တွင်ထူးချွန်၍ ပုံစံထုတ် ရာတွင်ပြောင်မြောက်သူများဖြစ်ကြ၏။
သို့ဖြစ်၍သင်တို့ပြုကျင့်ပုံကိုသတိပြုကြ လော့။ ပညာမဲ့သူများကဲ့သို့မဟုတ်ဘဲပညာ ရှိသူများကဲ့သို့ပြုကျင့်ကြလော့။- ဤနေ့ရက်ကာလသည်ဆိုးယုတ်သောကာလဖြစ် သောကြောင့် သင်တို့ရရှိသည့်အခွင့်အရေးရှိ သမျှကိုအကျိုးရှိအောင်အသုံးပြုကြလော့။-
မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။
နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကို ရတတ်၏။
ဖြောင့်မတ်သောသူ၏အလုပ်အကိုင်သည် အသက်နှင့်၎င်း၊ မတရားသောသူ၏ အကျိုးစီးပွါးသည် အပြစ်နှင့်၎င်း ယှဉ်၏။
ငွေရတတ်သော သူသည်ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှါးယူသော သူသည်ချေးငှါးပေးသောသူ၌ ကျွန်ဖြစ်၏။
မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန်သောအလေးမူကား၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။
ပျင်းရိသောသူသည် မုဆိုးလုပ်သော်လည်း၊ ဘမ်း ရသောအကောင်ကို ကင်၍မစားရ။ လုံ့လဝိရိယပြုသော သူ၏ ဥစ္စာမူကား၊ အဘိုးထိုက်ပေ၏။
သင်တို့သည်ငွေအတွက်အသက်မရှင်နှင့်။ ရှိသမျှဖြင့်ရောင့်ရဲလော့။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်က``ငါသည်သင့်ကို အဘယ်အခါ၌မျှမစွန့်၊ အဘယ်အခါ ၌မျှပစ်၍မထား'' ဟုမိန့်တော်မူသော ကြောင့်ဖြစ်၏။- ထို့ကြောင့်၊ ``ထာဝရဘုရားသည်ငါ့ကိုမစတော်မူ သောအရှင် ဖြစ်တော်မူသဖြင့် ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည်ငါ့ကိုအဘယ်သို့ပြုနိုင်သနည်း'' ဟု ငါတို့သည်ရဲရင့်သောစိတ်နှင့်ပြောဆိုကြ စို့။
သို့ဖြစ်၍ငါတို့အားလုံးသည်မိမိတို့ပြုခဲ့ သမျှကို ဘုရားသခင်အားအစီရင်ခံကြ ရမည်။
ညီအစ်ကိုတို့၊ အပျင်းကြီးသူတို့ကိုသတိပေး ကြလော့။ ကြောက်တတ်သူတို့ကိုအားပေးကြ လော့။ အားနည်းသူတို့ကိုကူညီကြလော့။ လူ ခပ်သိမ်းတို့အပေါ်တွင်စိတ်ရှည်ကြလော့။-
သင်တို့အနက်အဘယ်သူသည်မျှော်စင်တစ်ခု ကိုတည်ဆောက်မည်ကြံပြီးနောက်မျှော်စင်ပြီး အောင်တည်ဆောက်ရန် မိမိ၌ငွေအလုံအလောက် ရှိမရှိကိုသိရန်ဦးစွာထိုင်၍တွက်ချက်မ ကြည့်ဘဲနေပါမည်နည်း။-
ပျင်းရိသောသူ၏ လယ်ယာအနားနှင့်၊ ဥာဏ်မရှိ သောသူ၏ စပျစ်ဥယျာဉ်အနားမှာ ငါရှောက်သွားစဉ်၊ ဆူးပင်များပြား၍၊ မြေတပြင်လုံး၌ ဆူးလေပင် အနှံ့အပြား လွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊ ငါမြင်၍ စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍ သွန်သင် ခြင်းကို ခံရ၏။ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်း ငှါ၊ ခဏ လက်ချင်းပိုက်လျက်နေစဉ်တွင်၊ ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့် မည်။
``သို့ရာတွင်ရွှေတစ်ပိဿာရသူသည်လာ၍ `အရှင်၊ အကျွန်ုပ်သည်အရှင့်အကြောင်းကိုသိပါ၏။ အရှင် သည်ခက်ထန်သူဖြစ်၍မိမိမစိုက်မပျိုးသည့် အရပ်တွင်ရိတ်သိမ်းတတ်ပါ၏။ မကြဲဖြန့်သည့် အရပ်တွင်စုသိမ်းတတ်ပါ၏။- အကျွန်ုပ်သည်ကြောက်ရွံ့သဖြင့်အရှင်၏ရွှေကို မြေတွင်မြှုပ်ထားခဲ့ပါ၏။ ကြည့်ပါ။ အရှင်၏ပစ္စည်း ဤမှာရှိပါ၏' ဟုလျှောက်၏။'' ``သခင်ကလည်း `အချင်းဆိုးညစ်သည့်ကျွန်ပျင်း၊ ငါသည်မိမိမစိုက်မပျိုးသည့်အရပ်တွင်ရိတ်သိမ်း ၍မကြဲမဖြန့်သည့်အရပ်တွင်စုသိမ်းတတ်သည် ကိုသင်သိသည်မှန်လျှင်၊- ငါ၏ရွှေကိုဘဏ်တွင်အပ်ထားသင့်၏။ သို့မှသာ လျှင်ငါပြန်လာချိန်၌အတိုးနှင့်အတူပြန် လည်ရရှိနိုင်၏။-
မျိုးစေ့ကိုစိုက်သူနှင့်ရေလောင်းသူတို့သည် တန်းတူရည်တူဖြစ်ကြ၏။ သူတို့သည်မိမိတို့ ၏အားထုတ်မှုနှင့်အညီအကျိုးကိုရရှိကြ ပေမည်။-
အကယ်၍ထာဝရဘုရားသည်အိမ်ကို ဆောက်တော်မမူလျှင်ဆောက်လုပ်သူတို့၏ လုပ်ဆောင်ချက်သည်အချည်းနှီးဖြစ်၏။ ထာဝရဘုရားသည်မြို့ကိုစောင့်တော်မမူ လျှင် ကင်းစောင့်တို့၏စောင့်ကြပ်မှုသည်အချည်းနှီးဖြစ်၏။ အသက်မွေးဝမ်းကျောင်းမှုအတွက် နံနက်စောစောထ၍ ညဥ့်နက်သည်တိုင်အောင်ပင်ပန်းစွာအလုပ် လုပ်ရခြင်းသည်အချည်းနှီးဖြစ်၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် မိမိချစ်တော်မူသောသူတို့အိပ်စက်နေစဉ် သူတို့လိုအပ်သောအရာများကို ပေးသနားတော်မူသောကြောင့်ဖြစ်၏။
မျိုးစေ့အနည်းငယ်ကိုကြဲသောသူသည် စပါးအနည်းငယ်ကိုသာရိတ်သိမ်းရလိမ့် မည်။ များစွာသောမျိုးစေ့တို့ကိုကြဲသော သူမူကား များစွာသောစပါးတို့ကိုရိတ် သိမ်းရလိမ့်မည်ဖြစ်ကြောင်းသတိပြုလော့။-
ထိုသို့သော မိန်းမကျင့်ရာ အကျိုးကိုပေးလော့။ သူပြုသောအမှုသည် မြို့တံခါးတို့၌ သူ၏အသရေကို ထင်ရှားစေသတည်း။ ရှောလမုန်မင်းကြီးစီရင်ရေးထားသောသတ္တံကျမ်းပြီး၏။
သူသည် ရွှေ၊ ငွေ၊ ကြေးဝါတို့ကိုပုံအမျိုးမျိုး ဖော်လုပ်နိုင်သောအတတ်၊ ကျောက်မျက်တို့ ကိုသွေး၍စီခြယ်သောအတတ်၊ သစ်သား ပန်းပုထုသောအတတ်အစရှိသည့်အနု ပညာအတတ်အမျိုးမျိုးတို့ကိုကျွမ်းကျင် ပြောင်မြောက်စေခြင်းငှာ၊ ငါသည်သူ့အား အစွမ်းတန်ခိုးကိုပေးတော်မူပြီ။-
ဖြောင့်မတ်ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်း ငယ်သည်၊ မတရားသဖြင့်ရသောဥစ္စာ အများထက်သာ၍ ကောင်း၏။
ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသော သူတို့ကိုကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။ ရန်တွေ့ ခြင်းနှင့်ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်။
သင်တို့သည်လောကီစံနှုန်းကိုလိုက်၍မကျင့် ကြနှင့်။ သင်တို့သည်မိမိတို့၏စိတ်နှလုံးကို ဘုရားသခင်လုံးဝပြောင်းလဲစေသောအား ဖြင့် စိတ်သဘောသစ်ကိုခံယူလျက်ပုံသဏ္ဌာန် ပြောင်းလဲကြလော့။ သို့ပြုလျှင်ကောင်းမြတ် သောအရာ၊ ကိုယ်တော်နှစ်သက်ဖွယ်သောအရာ၊ အပြစ်ဆိုဖွယ်မရှိသောအရာတည်းဟူသော ဘုရားသခင်အလိုရှိတော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုသင်တို့သိ ရှိကြလိမ့်မည်။
မယုံကြည်သူတို့သည်သင်တို့အားမကောင်း မှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက်နေ ကြစဉ် သင်တို့၏အကျင့်ကောင်းများကိုမြင် သဖြင့်ဘုရားသခင်ကြွလာတော်မူရာနေ့ ၌ ကိုယ်တော်၏ဘုန်းအသရေတော်ကိုချီးကူး ကြစေရန် သင်တို့သည်ထိုသူတို့ရှေ့တွင်တင့် တယ်လျောက်ပတ်စွာပြုမူကျင့်ကြံလျက် နေကြလော့။
သခင်ဖြစ်သူတို့၊ သင်တို့သည်လည်းကောင်းကင် ဘုံတွင်ရှိတော်မူသောသခင်၏ကျွန်များဖြစ် ကြောင်းကိုသိမှတ်လျက် မိမိတို့၏ကျွန်များ ကိုတရားမျှတစွာဆက်ဆံကြလော့။
ရက်ရောစွာချေးငှားတတ်သောမိမိအလုပ် တွင် ရိုးသားစွာပြုမူတတ်သောသူသည်မင်္ဂလာ ရှိ၏။
ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ သဖြင့်သူသည်ကြံစည်လုပ်ကိုင်တိုင်းအောင် မြင်၏။ သူသည်သူ၏သခင်အီဂျစ်အမျိုး သား၏အိမ်တွင်နေထိုင်လေသည်။- ယောသပ်ကိုဖမ်းဆီးလျက်ဘုရင်၏အမျက်သင့် သူများထားရာထောင်ထဲတွင်အကျဉ်းချထား လေ၏။ ယောသပ်သည်ထောင်ထဲမှာနေရသော်လည်း၊- ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူ့ အားကောင်းချီးပေးသဖြင့် သူသည်ထောင်မှူး ထံ၌မျက်နှာသာရလေ၏။- ထောင်မှူးသည်ယောသပ်အားအခြားသောအကျဉ်း သားအားလုံးတို့ကိုအုပ်ထိန်းကွပ်ကဲရန်နှင့် ထောင် ထဲတွင်ရှိသမျှကိစ္စတို့ကိုစီမံရန်တာဝန်လွှဲ အပ်ထားလေသည်။- ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ၍ သူတာဝန်ယူဆောင်ရွက်သမျှတို့၌အောင်မြင် စေတော်မူသောကြောင့် ထောင်မှူးသည်ယောသပ် အားတာဝန်များကိုစိတ်ချယုံကြည်စွာ လွှဲအပ်လေသည်။ ထာဝရဘုရားသည်သူနှင့်အတူရှိ၍သူပြု လေသမျှတို့တွင် အောင်မြင်ကြောင်းသူ၏သခင် တွေ့မြင်ရသည်။-
ထာဝရဘုရား၌မွေ့လျော်ပျော်ပိုက်မှုကို ရှာလော့။ သို့ပြုလျှင်သင်၏အလိုဆန္ဒကိုပြည့်စုံ စေတော်မူလိမ့်မည်။
ကိုယ်တော်ရှင်သည်လူတိုင်း၏စိတ်နှလုံး ကိုစစ်ဆေးကြည့်ရှုတော်မူ၍ သမာဋ္ဌိ ရှိသူတို့အားနှစ်သက်တော်မူသည်ကို ကျွန်တော်မျိုးသိပါ၏။ ကျွန်တော်မျိုး သည်ရိုးဖြောင့်မှန်ကန်သောစေတနာ စိတ်ဖြင့် ဤဘဏ္ဍာကိုကိုယ်တော်ရှင်အား ဆက်သပါ၏။ ဤအရပ်တွင်စုရုံးလျက် ရှိသောကိုယ်တော်ရှင်၏လူမျိုးတော်သည် လည်း ကိုယ်တော်ရှင်အားပေးလှူပူဇော် ရသဖြင့်အဘယ်မျှဝမ်းမြောက်ကြ သည်ကိုကျွန်တော်မျိုးတွေ့ရှိရပါပြီ။-
သို့ရာတွင်သခင်အလိုဆန္ဒကိုမသိဘဲ ကြိမ်ဒဏ်ထိုက်သောအမှုကိုပြုမိသောသူ မူကား အနည်းငယ်သာကြိမ်ဒဏ်ခံရလတ္တံ့။ ကျေးဇူးပြုခြင်းများစွာခံရသောသူသည် တာဝန်များစွာရှိလိမ့်မည်။ ပို၍ယုံကြည် အပ်နှံခြင်းခံရသောသူသည်ပို၍ဆောင် ရွက်စရာရှိလိမ့်မည်။
သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ်၏။
ချမ်းသောကြောင့် ပျင်းရိသောသူသည် လယ် မလုပ်လို။ ထိုကြောင့် စပါးရိတ်သော ကာလ၌သူတပါးကို တောင်းသော်လည်း မရရာ။
ငွေရတတ်သောသူနှင့် ဆင်းရဲသောသူတို့သည် တွေ့ကြံကြ၏။ ထိုသူအပေါင်းတို့ကို ထာဝရဘုရား ဖန်ဆင်းတော်မူ၏။
လောကနှင့်လောကတွင်ရှိသမျှသော အရာတို့ကိုလည်းကောင်း၊ ကမ္ဘာမြေကြီးနှင့်ကမ္ဘာမြေကြီးပေါ်တွင် ရှိသမျှသောလူသတ္တဝါတို့ကိုလည်းကောင်း ဘုရားသခင်ပိုင်တော်မူ၏။
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-
``သင်တို့သည်မိမိတို့အားကျေးဇူးပြုစေလိုသည့် အတိုင်း သူတစ်ပါးတို့အားကျေးဇူးပြုကြလော့။ ဤကားပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းများ၏ သွန်သင်ချက်အချုပ်အခြာဖြစ်သတည်း။
သင်တို့သည်အချင်းချင်းအားကျေးဇူးပြု ရန်နှင့်ကူညီမစရန်မမေ့ကြနှင့်။ ထိုသို့ သောယဇ်များကိုဘုရားသခင်နှစ်သက် တော်မူ၏။
အပြေးပြိုင်ပွဲတွင်လူအများအပြားပင်ဝင် ရောက်ယှဉ်ပြိုင်ကြသော်လည်း တစ်ယောက်တည်း သာလျှင်အောင်ဆုကိုရရှိကြောင်းသင်တို့သိ ကြ၏။ သို့ဖြစ်၍သင်တို့သည်အောင်ဆုကို ဆွတ်ခူးနိုင်ရန်ပြေးကြလော့။-
ထာဝရဘုရား၏နှုတ်ကပတ်တော်သည်မှန်ကန် ပေ၏။ ကိုယ်တော်ပြုတော်မူရာအမှုအရာတို့သည်လည်း သစ္စာတရားနှင့်ကိုက်ညီ၏။
သို့ရာတွင်သင်တို့စိတ်နှလုံးတွင်ခရစ်တော် ကိုရိုသေကိုင်းရှိုင်း၍အရှင်သခင်အဖြစ်ဖြင့် ခံယူကြလော့။ သင်တို့ခံယူရရှိသည့်မျှော် လင့်ချက်အကြောင်းကိုစစ်ဆေးမေးမြန်းလာ သူအားအချိန်မရွေးရှင်းလင်းဖော်ပြရန် အသင့်ရှိကြလော့။-
ရိက္ခာပေါကြွယ်ဝသောခုနစ်နှစ်အတွင်း တွင် တိုင်းပြည်သည်သီးနှံထွက်အလွန်ကောင်း၏။- ယောသပ်သည်ခုနစ်နှစ်အတွင်းလယ်များ မှထွက်သမျှသောစပါးသီးနှံများကို စုသိမ်း၍ မြို့များ၌သိုလှောင်ထားလေသည်။ လယ်များမှထွက်သောစပါးသီးနှံကိုနီး စပ်ရာမြို့အသီးသီးတွင်သိုလှောင်စေသည်။- သူစုဆောင်းရရှိသောစပါးသီးနှံတို့သည် ပင်လယ်သဲလုံးတစ်မျှများလှသောကြောင့် မချင်တွယ်ဘဲထားရလေသည်။
သင်တို့ကိုယ်ခန္ဓာသည်ဘုရားသခင်သင်တို့ အတွင်း၌ကိန်းအောင်းတော်မူသော၊ ဘုရား သခင်ပေးသနားတော်မူ၍ ဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြောင်းကိုသင်တို့မသိကြ သလော။ သင်တို့ကိုယ်ကိုသင်တို့မပိုင်။ ဘုရား သခင်သာလျှင်ပိုင်တော်မူ၏။- ဘုရားသခင်၏လူစုတော်သည်ကမ္ဘာလောက ကိုတရားစီရင်ရမည်ဖြစ်ကြောင်း သင်တို့ မသိကြပါသလော။ ကမ္ဘာလောကကိုတရား စီရင်ရမည့်သင်တို့သည် အမှုကိစ္စအသေး အဖွဲကလေးများကိုမစီရင်မဆုံးဖြတ် နိုင်ပါသလော။- ကိုယ်တော်သည်သင်တို့အားအဖိုးအခပေး ၍ဝယ်ယူထားတော်မူသဖြင့် သင်တို့၏ကိုယ် ခန္ဓာကိုဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန်အတွက်အသုံးပြုကြ လော့။
နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။
သို့ဖြစ်၍ညီအစ်ကိုတို့၊ ဘုရားသခင်သည်ငါ တို့အားလွန်စွာကရုဏာထားတော်မူသော ကြောင့် သင်တို့အားငါတိုက်တွန်းနှိုးဆော်လို သည်မှာကိုယ်တော်၏အမှုတော်ကိုဆောင်ရွက် ရန်နှင့် ကိုယ်တော်နှစ်သက်သောသက်ရှိယဇ်ကောင် သဖွယ်ဖြစ်ရန်သင်တို့၏ကိုယ်ကိုဆက်ကပ် ကြလော့။ ဤသည်ကားသင်တို့သည်ကိုယ်တော် အားမှန်ကန်စွာဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်။-
ကျွန်ဖြစ်သူတို့၊ သင်တို့သည်ခရစ်တော်၏အစေ ကိုခံသကဲ့သို့ ကြောက်လန့်တုန်လှုပ်လျက်ရိုး သားသောစိတ်နှင့်သခင်တို့၏စကားကို နားထောင်ကြလော့။- သခင်များနှစ်သက်စေရန်သူတို့၏ရှေ့မှောက် ၌သာနားထောင်ကြသည်မဟုတ်ဘဲ ခရစ်တော် ၏ကျွန်များအနေဖြင့် ဘုရားသခင်၏အလို တော်ရှိသည့်အတိုင်းစိတ်ရောကိုယ်ပါအစေခံ ကြလော့။- လူ၏အစေကိုခံသကဲ့သို့သာမကဘုရား သခင်၏အစေကိုခံသကဲ့သို့ ဝမ်းမြောက် ရွှင်လန်းစွာအလုပ်ကိုလုပ်ဆောင်ကြလော့။- ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ မည်သူမဆို မိမိပြုသည့်ကောင်းမှုအတွက် သခင်ဘုရား ထံမှဆုလာဘ်ကိုရရှိလိမ့်မည်ဟုသိမှတ် ကြလော့။
ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။
သင်တို့အနက်တစ်စုံတစ်ယောက်သည်ဉာဏ် ပညာချို့တဲ့ပါလျှင် ဘုရားသခင်ထံတောင်း လျှောက်စေ။ ဘုရားသခင်သည်သူ့အားဉာဏ် ပညာကိုပေးသနားတော်မူလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ကိုယ်တော်သည်လူခပ်သိမ်းတို့ အားရက်ရောစွာကျေးဇူးပြုတော်မူတတ် သောကြောင့်ဖြစ်၏။-
ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို ကိုးစားသည်ဖြစ်၍ ကျွန်တော်မျိုး၏သစ္စာသမာဋ္ဌိရှိမှုသည် ကျွန်တော်မျိုးအားစောင့်ထိန်းပါစေသော။
ပရောဖက်များမိန့်ကြား၍သင်းအုပ်များက သင့်အားသိက္ခာတင်မင်္ဂလာပေးချိန်တွင် သင်ခံ ယူရရှိသည့်ဝိညာဉ်ဆုကျေးဇူးကိုလျစ်လူ မရှုနှင့်။- လူအပေါင်းတို့သည်သင်၏တိုးတက်ခြင်းကို တွေ့ရှိနိုင်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့် တာဝန်ဝတ္တရားတို့ကိုစိတ်ဝင်စား၍ဆောင် ရွက်လော့။-
ထို့ကြောင့်ကိုယ်တော်က ``ရိတ်သိမ်းရန်စပါးများ သော်လည်း ရိတ်သိမ်းသောလုပ်သားတို့ကားနည်း လှ၏။- သို့ဖြစ်၍လုပ်သားများစေလွှတ်ပေးရန်စပါးရှင် အားဆုတောင်းကြလော့'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။
အဘယ်အမှုကိုပြုသည်မဆိုသင်တို့သည် လူ၏အလိုကိုမဟုတ်ဘဲ သခင်ဘုရား၏ အလိုကိုဆောင်ရွက်သကဲ့သို့အစွမ်းရှိ သမျှဖြင့်လုပ်ဆောင်ကြလော့။- မိမိ၏လူစုတော်အားသခင်ဘုရားကတိ ထားတော်မူသော ဆုလာဘ်ကိုသင်တို့သည်ရ မည်ဖြစ်ကြောင်းနှလုံးသွင်းကြလော့။ ခရစ် တော်သည်သာလျှင်သင်တို့၏သခင်အစစ် အမှန်ဖြစ်တော်မူ၏။-
နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌ လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာ သည် အကျိုးရှိမည်ကို၎င်း၊ နှစ်ပါးစလုံးတို့သည် အညီ အမျှအကျိုးရှိမည်ကို၎င်း မသိနိုင်။
ကိုယ်တော်သည်လူတိုင်းကိုကျေးဇူးပြုတော် မူ၍ မိမိဖန်ဆင်းတော်မူသမျှသောသတ္တဝါတို့ အား ကရုဏာထားတော်မူ၏။
ဝိညာဉ်တော်ကဖြစ်ပေါ်စေသည့်အသီးအပွင့် မူကားချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်း မြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊- နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်း တို့ပေတည်း။ ဤအရာများနှင့်ပတ်သက်၍ပြဋ္ဌာန်း ထားသည့်တရားဥပဒေဟူ၍မရှိ။-
လူလုပ်သောအထည်အလိပ်သည် ခိုင်ခဲ့၍၊ လှသောအဆင်းနှင့် ပြည့်စုံသဖြင့်၊ သူသည်နောင်ကာလ၌ ဝမ်းမြောက်လိမ့်မည်။
သင့်မှာများစွာသောအလုပ်သမား များရှိ၏။ ကျောက်ဆစ်သမားများ၊ ပန်းရံ များ၊ လက်သမားများနှင့်၊- ရွှေ၊ ငွေ၊ ကြေးဝါ၊ သံတို့နှင့်သက်ဆိုင်သော လက်မှုပညာသည်အမျိုးမျိုးတို့လည်း များစွာရှိ၏။ သင်သည်ယခုပင်အလုပ် ကိုစတင်လော့။ ထာဝရဘုရားသည်သင် နှင့်အတူရှိတော်မူပါစေသော'' ဟုမိန့် တော်မူ၏။
သင်နှင့်တကွဤသူအားလုံးတို့သည်ပင် ပန်းနွမ်းရိကြလိမ့်မည်။ ဤတာဝန်သည်သင့် အတွက်ကြီးလွန်းလှ၏။ သင်တစ်ဦးတည်း ထမ်းဆောင်နိုင်မည်မဟုတ်။-
ထိုသူတို့သည်ချောင်းအနီးတွင်ပေါက်၍လျော်ကန်သင့်မြတ်ချိန်၌ အသီးသီးလျက်အရွက်မညှိုးမနွမ်းတတ်သောအပင်များနှင့်တူ၏။ သူတို့သည်ပြုလေသမျှအမှုကိစ္စတို့တွင်အောင်မြင်တတ်၏။
``ငါ့ကို `သခင်၊ သခင်' ဟုခေါ်သောသူတိုင်းကောင်း ကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင် ဘုံရှင်ငါ့အဖ၏အလိုတော်အတိုင်းလိုက်လျှောက် သူသာလျှင်ဝင်ရလိမ့်မည်။-
ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။ ထိုသို့အမိန့်ချမှတ်သည့်အတိုင်းမင်း၏အမှု ထမ်းတို့သည် အာဗြံအားသူ၏မယားနှင့် တကွပိုင်ဆိုင်သမျှတို့ကိုယူဆောင်စေပြီး တိုင်းပြည်မှထွက်ခွာသွားစေကြ၏။ သင့်ကိုကောင်းချီးပေးသူတို့အားငါကောင်း ချီးပေးမည်။ သင့်ကိုကျိန်ဆဲသူတို့အားငါကျိန်ဆဲမည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်သင့်အားဖြင့် ကောင်းချီးခံစားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
အဘယ်အမှုကိုမျှမစိုးရိမ်ဘဲခပ်သိမ်း သောအမှုတို့တွင်ကျေးဇူးတော်ကိုချီးမွမ်း ၍ ဆုတောင်းပတ္ထနာပြုလျက်သင်တို့လိုသော အရာများကိုဘုရားသခင်အားလျှောက် ထားကြလော့။- ထိုသို့ပြုလျှင်လူ့ဉာဏ်ဖြင့်ကြံဆနားလည် ရန်မစွမ်းနိုင်သောဘုရားသခင်၏ငြိမ်သက် ခြင်းသည် ခရစ်တော်ယေရှုနှင့်သင်တို့တစ် လုံးတစ်ဝတည်းဖြစ်သောအားဖြင့် သင်တို့ ၏စိတ်နှလုံးနှင့်အကြံအစည်များကို ကွယ်ကာစောင့်ရှောက်လိမ့်မည်။
ဘုရားသခင်အားချစ်မြတ်နိုး၍ကိုယ်တော် ၏အကြံတော်နှင့်အညီ ခေါ်ယူရွေးကောက်ခြင်း ကိုခံရသောသူတို့တွေ့ကြုံခံစားရသော အမှုခပ်သိမ်းတို့မှ အကျိုးပေါ်ထွက်လာစေ ရန်ကိုယ်တော်သည်သူတို့နှင့်အတူလုပ်ဆောင် တော်မူကြောင်းငါတို့သိကြ၏။-
သားသမီးများသည်ထာဝရဘုရားပေး သော ဆုလာဘ်များဖြစ်ကြ၏။ သူတို့သည်ကောင်းချီးမင်္ဂလာအစစ်အမှန် ဖြစ်ကြ၏။ အသက်ပျိုရွယ်စဉ်အခါရသော သားသမီးများသည်စစ်သူရဲ၏လက်တွင်ရှိသော မြားများနှင့်တူကြ၏။ ဤသို့သောမြားမြောက်မြားစွာရှိသူသည် မင်္ဂလာရှိ၏။ သူသည်ရန်သူများနှင့်တရားရုံးတွင် ရင်ဆိုင်သောအခါအရေးရှုံးနိမ့်လိမ့်မည် မဟုတ်။
``သင်တို့သည်လောက၏ဆားသဖွယ်ဖြစ်ကြ၏။ ဆားသည်အငန်ကင်းပျောက်သွားလျှင် အဘယ် သို့ပြန်၍ငန်အောင်ပြုလုပ်နိုင်ပါမည်နည်း။ မည် သို့မျှအသုံးမဝင်တော့ဘဲအပြင်သို့ပစ်လိုက် သဖြင့်လူတို့ကျော်နင်းသွားကြ၏။ ``သင်တို့သည်လောက၏အလင်းသဖွယ်ဖြစ် ကြ၏။ တောင်ပေါ်မှာတည်ထားသောမြို့ကိုဖုံး ကွယ်၍မထားနိုင်။-
သင်တို့သည်လိုသမျှသောအရာများကို အစဉ်ပင်ရရှိပြီးလျှင်ကောင်းမှုအမျိုးမျိုး တို့တွင်ကူညီမစနိုင်ကြစေရန် ဘုရား သခင်သည်သင်တို့အားလိုသမျှသော အရာတို့ထက်ပို၍ပေးရန်တတ်နိုင်တော် မူ၏။-
ခြင်္သေ့များပင်လျှင်အစာချို့တဲ့၍ငတ်မွတ်ကြ လိမ့်မည်။ သို့ရာတွင်ထာဝရဘုရား၏စကားကို နားထောင်သူတို့မူကားကောင်းသည့်အရာ တစ်စုံတစ်ခုမျှချို့တဲ့ရလိမ့်မည်မဟုတ်။
ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ မည်သူမဆို မိမိပြုသည့်ကောင်းမှုအတွက် သခင်ဘုရား ထံမှဆုလာဘ်ကိုရရှိလိမ့်မည်ဟုသိမှတ် ကြလော့။
ထိုနေ့ရက်၌ကိုယ်တော်သည်လူအသီးသီး တို့အား မိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလတ္တံ့။-
ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည်။
သို့ဖြစ်၍ကောင်းသောအကျင့်ကိုသိလျက်နှင့် မပြုမကျင့်ဘဲနေသောသူသည်အပြစ်ရှိ၏။
ငါတို့၏အလုပ်နှင့်ပတ်သက်၍အဘယ်သူမျှ အပြစ်မရှာနိုင်စေရန်ငါတို့သည်သူတစ်ပါး တို့ရှေ့၌အနှောင့်အယှက်တစ်စုံတစ်ခုကိုမျှ မပြု။- ယင်းသို့ပြုမည့်အစားဆင်းရဲဒုက္ခများ၊ ခဲယဉ်း ကျပ်တည်းမှုများ၊ အခက်အခဲများကိုစိတ်ရှည် စွာသည်းခံလျက်ကိစ္စအဝဝတွင်ငါတို့သည် ဘုရားသခင်၏အစေခံများဖြစ်ကြောင်းကို ပေါ်လွင်စေကြ၏။-
သစ္စာစောင့်သောသူသည် ကောင်းကြီးမင်္ဂလာ နှင့် ကြွယ်ဝလိမ့်မည်။ ငွေရတတ်ခြင်းငှါ အလျင်အမြန် ပြုသောသူမူကား၊ အပြစ်နှင့်မလွတ်ရ။
သူ၏သားသမီးတို့သည်ထ၍၊ အမိကို ကောင်း ကြီးပေးတတ်ကြ၏။ သူ၏ခင်ပွန်းကလည်း၊ လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာ ပြုကြ ပြီ။ သို့ရာတွင်၊ သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီ ဟု သူ့ကို ချီးမွမ်းတတ်၏။
အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သော သဘောရှိသောသူသည် မာနကြီး သော သူထက်သာ၍ကောင်း၏။
မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။ အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။ သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။
လူတိုင်းပင်အစိုးရမင်းတို့၏အမိန့်အာဏာ ကိုလိုက်နာကြရမည်။ အဘယ်အစိုးရမျှ ဘုရားသခင်၏ခွင့်ပြုချက်မရဘဲမရပ် မတည်နိုင်။ အာဏာရအစိုးရမင်းသည် ဘုရားသခင်၏ခွင့်ပြုချက်ရ၍သာအုပ်စိုး ရ၏။- အိမ်နီးချင်းကိုချစ်သောသူသည်အိမ်နီးချင်း အား မည်သည့်အခါ၌မျှအကျိုးယုတ်စေလိမ့် မည်မဟုတ်။ သို့ဖြစ်၍အိမ်နီးချင်းကိုချစ်သော သူသည်ပညတ်တရားအားလုံးကိုစောင့်ထိန်း ရာရောက်၏။ သင်တို့သည်မိမိတို့အိပ်ရာမှနိုးထကြရမည့် နေ့ရက်ရောက်ရှိနေပြီဖြစ်ကြောင်းကိုသိသဖြင့် မေတ္တာတရားကိုကျင့်သုံးကြရမည်။ အဘယ် ကြောင့်ဆိုသော်ငါတို့ကယ်တင်ခြင်းခံရမည့် နေ့ရက်ကာလသည် သခင်ယေရှုကိုငါတို့ စတင်ယုံကြည်ချိန်ကထက်ပို၍နီးကပ် လာပြီဖြစ်သောကြောင့်တည်း။- ညဥ့်အချိန်ကုန်လုပြီ။ နေ့အချိန်ရောက်တော့ မည်။ သို့ဖြစ်၍ငါတို့သည်အမှောင်နှင့်ဆိုင် သောအလေ့အကျင့်တို့ကိုမပြုတော့ဘဲ အလင်းတွင်တိုက်ခိုက်ရန်လက်နက်တို့ကို ယူဆောင်ကြရမည်။- ငါတို့သည်အလင်းတွင်ကျင်လည်သူများ ကဲ့သို့ကောင်းမွန်လျောက်ပတ်စွာပြုမူကျင့်ကြံ ကြရမည်။ အရက်သေစာသောက်ကြူးခြင်း၊ အကျင့်ဖောက်ပြားခြင်း၊ ကာမဂုဏ်လိုက်စား ခြင်း၊ ခိုက်ရန်ဖြစ်ခြင်းနှင့်မနာလိုခြင်းတို့ကို ရှောင်ကြဉ်ကြရမည်။- အရှင်ယေရှုခရစ်ကိုလက်နက်သဖွယ်ယူ ဆောင်ကြလော့။ ကာယတပ်မက်မှုအလို သို့လိုက်၍မကျင့်ကြနှင့်။ မည်သူမဆိုအာဏာရအစိုးရမင်းကို ဆန့်ကျင်ဘက်ပြုသူသည် ဘုရားသခင်စီမံ ခန့်ခွဲတော်မူချက်ကိုဆန့်ကျင်ဘက်ပြုသူ ဖြစ်၏။ ထိုသူသည်အပြစ်စီရင်ခြင်းကို ခံရမည်။-