သုတ္တံကျမ်း။ 27:18 - Common Language Bible18 သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ်၏။ အခန်းကိုကြည့်ပါ။Garrad Bible18 သ ဖန်း ပင် ကို စောင့် ထိန်း သော သူ သည်၊ သ ဖန်း သီး ကို စား ရ လိမ့် မည်။ သ ခင် ကို စောင့် သော သူ လည်း၊ အ သ ရေ ကို ခံ ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible18 သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သောသူသည် ဂုဏ်အသရေကိုရတတ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 သဖန်းပင်ကိုထိန်းသိမ်းစောင့်ရှောက်သောသူသည် သဖန်းသီးကိုစားရလိမ့်မည်။ မိမိ၏သခင်ကို စောင့်ရှောက်သောသူသည် ဂုဏ်ပြုချီးမွမ်းခြင်းခံရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အစေခံတို့စောင့်မျှော်နေကြသည်ကို သခင် ပြန်ရောက်ချိန်၌တွေ့ရှိရ၏။ ထိုအစေခံတို့ သည်မင်္ဂလာရှိကြ၏။ သင်တို့အားအမှန် အကန်ငါဆိုသည်ကား သခင်သည်ထို အစေခံတို့ကိုဧည့်သည်များအဖြစ်စား ပွဲတွင်ထိုင်စေလျက် မိမိကိုယ်တိုင်ခါးကို စည်းကာဧည့်ခံကျွေးမွေးလိမ့်မည်။-
ကျွန်ဖြစ်သူတို့၊ သင်တို့ကိုပိုင်သောသခင်များ ၏စကားကိုအရာရာတွင်နားထောင်ကြလော့။ သင်တို့သည်မျက်နှာရရန်သူတို့၏ရှေ့မှောက် ၌သာလျှင်သူတို့၏စကားကိုနားထောင်သည် မဟုတ်၊ သခင်ဘုရားကိုကြောက်ရွံ့ရိုသေ သောအားဖြင့် သူတို့၏စကားကိုရိုးဖြောင့် သောစိတ်နှင့်နားထောင်ကြလော့။-
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-
ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်။ မြို့ထဲ မှထွက်၍လက်နက်ချကြရန် သင်တို့အားအာရှုရိ ဧကရာဇ်ဘုရင်အမိန့်တော်ရှိ၏။ သင်တို့အား ဧကရာဇ်ဘုရင်သည်သင်တို့၏ပြည်နှင့်တူသည့် ပြည်၊ ဆန်စပါး၊ စပျစ်ရည်သစ်နှင့်ပြည့်စုံသော ပြည်၊ မုန့်နှင့်စပျစ်ဥယျာဉ်ရှိသောပြည်၊ သံလွင် ဆီနှင့်ပျားရည်ရှိသောပြည်သို့မပို့ဆောင်မီ အတောအတွင်း၌ သင်တို့သည်မိမိတို့၏ စပျစ်ပင်များနှင့်သင်္ဘောသဖန်းပင်များမှ အသီးများကိုစားကြ၍ မိမိတို့၏ရေတွင်း များမှရေကိုလည်းသောက်သုံးခွင့်ရလိမ့်မည်။ ဧကရာဇ်မင်းအမိန့်ရှိသည်အတိုင်းလိုက် နာပါလျှင် သင်တို့သည်သေရကြမည်မဟုတ်။ အသက်ရှင်ခွင့်ရရှိကြလိမ့်မည်။ ထာဝရ ဘုရားသည်ငါတို့ကိုကယ်ဆယ်တော်မူနိုင် သည်ဟု သင်တို့ထင်မှတ်စေရန်ဟေဇကိ လှည့်စားသည်ကိုနားမထောင်ကြနှင့်။-
ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်၊ မြို့ထဲမှထွက်၍လက်နက်ချကြရန် သင်တို့ အားအာရှုရိဘုရင်ဧကရာဇ်အမိန့်တော် ရှိ၏။ သင်တို့အားဘုရင်ဧကရာဇ်သည်သင် တို့ပြည်နှင့်တူသည့်ပြည်၊ ဂျုံဆန်နှင့်စပျစ်ရည် သစ်၊ ပြောင်းနှင့်စပျစ်ဥယျာဉ်ပေါများသည့် ပြည်သို့မပို့ဆောင်မီအတောအတွင်း၌ မိမိတို့၏စပျစ်ပင်များနှင့်သင်္ဘောသဖန်း ပင်များမှအသီးများကိုစားစေ၍ မိမိ တို့ရေတွင်းများမှရေကိုလည်းသောက် သုံးခွင့်ပြုတော်မူလိမ့်မည်။-
ထို့ကြောင့်ဟာမန်သည်အဝတ်တန်ဆာတော် နှင့်မြင်းတော်ကိုယူခဲ့ပြီးလျှင် မော်ဒကဲ အားအဝတ်တန်ဆာတော်ကိုဝတ်ဆင်ပေး ကာမြင်းပေါ်သို့တင်၍``ဘုရင်မင်းမြတ်သည် မိမိဂုဏ်ပြုချီးမြှင့်လိုသူအား အဘယ်သို့ ချီးမြှင့်တော်မူသည်ကိုကြည့်ကြလော့'' ဟု ကြွေးကြော်လျက်မြင်းကိုဆွဲ၍မြို့တွင်း၌ လှည့်လည်ရလေသည်။