ဆာလံ 33:4 - Common Language Bible4 ထာဝရဘုရား၏နှုတ်ကပတ်တော်သည်မှန်ကန် ပေ၏။ ကိုယ်တော်ပြုတော်မူရာအမှုအရာတို့သည်လည်း သစ္စာတရားနှင့်ကိုက်ညီ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 အ သို့ ဆို သော် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် မှန် ကန် ၍၊ အ မှု တော် ရှိ သ မျှ လည်း၊ သ စ္စာ နှင့် ညီ ညွတ် ၏။ အခန်းကိုကြည့်ပါ။Judson Bible4 အကြောင်းမူကား၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဖြောင့်မတ်ပေ၏။ စီရင်တော်မူသမျှသော အမှုတို့သည်လည်း သစ္စာတရားနှင့် ညီကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 အကြောင်းမူကား ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဖြောင့်မှန်၏။ ကိုယ်တော်ပြုတော်မူသောအမှုရှိသမျှတို့သည် သစ္စာနှင့်ပြည့်စုံကြ၏။ အခန်းကိုကြည့်ပါ။ |
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
ဣသရေလအမျိုးသားတို့သည် ကျိန်စာ သင့်နေပြီဟူ၍မထင်ပါနှင့်။ ထာဝရ ဘုရားသည်သည်းမခံနိုင်တော့ပြီလော။ ကိုယ်တော်သည်ထိုသို့ဧကန်ပြုတော်မူ ပါမည်လော။ ဖြောင့်မတ်စွာကျင့်ကြံသူ တို့အား ကိုယ်တော်သည်သနားကြင်နာ သည့်စကားကိုပြောတော်မူမည်မဟုတ် ပါလော'' ဟုငါ့အားပြန်၍တရားဟော ကြ၏။