Biblia Todo Logo
ကျမ်းစာ အပိုဒ်များ
- ကြော်ငြာတွေ -

အမျိုးအစား

ပျော်ပျော်နေပါအချစ်ခင်မင်ရင်းနှီးမှုချီးမွမ်းကိုးကွယ်ခြင်း။မင်းသောက်တယ်။မိဘများကောင်းချီးပေးတယ်။မင်္ဂလာဆောင်အားပေးစကားမွေးနေ့မျှော်လင့်ချက်ဧဝံဂေလိဟောပြောပါ။ယုံကြည်ခြင်း။ခွန်အားနာရေးကူညီမှုအသင်းလူငယ်တွေအိမ်ထောင်ရေးအမျိုးသမီးမရဏကလေးတွေပူဇော်သက္ကာဆုတောင်းဆောရီးကယ်တင်ခြင်းကျန်းမာရေးသန့်ရှင်းခြင်း။ထာဝရအသက်စွမ်းအားဘုရားယေရှုဝိညာဉ်ရေးရာ အမှန်တရားလိုအပ်သောအချိန်များကောင်းမွန်ခြင်းဆုတောင်းမေတ္တာပို့သပါတယ်။အစာရှောင်ခြင်းထူးခြားသောနေ့များကျေးဇူးတင်ခြင်းနာခံခြင်းအခွင့်အလမ်းတိုင်းဘုရားစည်းကမ်းချက်များသဘာဝငြိမ်းချမ်းခြင်းကျော်ကြားသောလှပသောတနင်္ဂနွေနေ့ထူးခြားသောဖြစ်ရပ်များဝန်ကြီးဌာနများဧည်နာကျင်မှုနှင့်ခက်ခဲခြင်း။ပျော်ရွှင်ခြင်းဒုစရိုက်နှင့် စွဲလမ်းမှုပရောဖက်ပြုချက်ငွေကြေးလိင်ပိုင်းဆိုင်ရာအကြောင်းအရာများအပြစ်တရားသိခြင်းခက်ခဲသောကျမ်းပိုဒ်များအလွတ်ကျက်ဘဝအဆင့်ဆင့်ဆုတောင်းတောင်းဆိုချက်များဖိတ်စာအားပေးစကားခရစ္စမတ်ယုံကြည်မှုသမ္မာကျမ်းစာကတိတော်များအကာအကွယ်သန့်ရှင်းသောဝိညာဉ်တော်ရုပ်တုကိုးကွယ်ခြင်း။

53 ကျမ်းစာမှ နေ့သစ်အတွက် ကျေးဇူးတင်စကားများ

53 ကျမ်းစာမှ နေ့သစ်အတွက် ကျေးဇူးတင်စကားများ

ရှေ့ဆက်သွားကြရအောင်။ တစ်လှမ်းချင်းစီဟာ ကိုယ့်ကို ပိုကောင်းမွန်တဲ့ဘဝဆီ ရောက်အောင် ပို့ဆောင်ပေးနေတယ်ဆိုတာ ယုံကြည်ထားရမယ်။ အခက်အခဲတွေရှိပေမယ့် ပိုကောင်းတဲ့အနာဂတ်ကို ယုံကြည်တဲ့ယုံကြည်ချက်က ကျွန်တော်တို့ကို ဆက်လက်ကြိုးစားဖို့ တွန်းအားပေးတယ်။ ရှိပြီးသားကောင်းချီးတွေကို အမြဲသတိရနေဖို့ ကျေးဇူးတင်တတ်တဲ့စိတ်ကို မွေးမြူကြရအောင်။ မျှော်လင့်ချက်ကိုလည်း အမြဲဆုပ်ကိုင်ထားရမယ်။ လမ်းခရီးက ကြမ်းတမ်းနေပုံပေါက်ပေမယ့် ရင်ဆိုင်ရတဲ့စမ်းသပ်မှုတွေက အောင်မြင်မှုရဖို့ ခွန်အားတွေပဲလို့ ယုံကြည်ထားပါ။ ဘုရားသခင်က ကျွန်တော်တို့နဲ့အတူ ရှိနေတယ်ဆိုတာ မမေ့ပါနဲ့။ (ရောမ ၈:၂၈)


ဆာ​လံ 90:14

ကျွန်​တော်​မျိုး​တို့​သည်​တစ်​သက်​လုံး​သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​နိုင်​ကြ​စေ​ရန် နံ​နက်​တိုင်း​ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​၏ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ခံ​စား​စေ​တော်​မူ​ပါ။

ဆာ​လံ 17:15

ကျွန်​တော်​မျိုး​သည်​အ​ပြစ်​မ​ကူး​လွန်​ခဲ့​သ​ဖြင့် ကိုယ်​တော်​ရှင်​ကို​ဖူး​မြင်​ရ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အိပ်​ရာ​မှ​နိုး​ထ​သော​အ​ခါ​၌ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော် မူ​သ​ဖြင့် ရွှင်​လန်း​ဝမ်း​မြောက်​ရ​ပါ​လိမ့်​မည်။

ဆာ​လံ 57:8

အို ငါ့​ဝိ​ညာဉ်၊နိုး​ထ​လော့။ ငါ​၏​စောင်း​ကြီး​စောင်း​ငယ်​တို့၊နိုး​ထ​ကြ​လော့။ ငါ​သည်​လည်း​နေ​ကို​နိုး​ထ​စေ​မည်။

ဆာ​လံ 118:24

ဤ​နေ့​ရက်​သည်​ထာ​ဝ​ရ​ဘု​ရား​အောင်​ပွဲ ခံ​တော်​မူ​သော​နေ့​ရက်​ဖြစ်​၍ ငါ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကျင်း​ပ ကြ​ကုန်​အံ့။

ဆာ​လံ 59:16

ကျွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​၏ တန်​ခိုး​တော် အ​ကြောင်း​သီ​ချင်း​ဆို​ပါ​မည်။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို နံ​နက်​တိုင်း​ရွှင်​လန်း​စွာ​သီ​ချင်း​ဆို​ပါ​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ခို​လှုံ​ရာ ရဲ​တိုက်၊ ဒုက္ခ​ရောက်​ချိန်​၌​ကျွန်​တော်​မျိုး​ခို​ကိုး​ရာ ဖြစ်​တော်​မူ​ပါ​၏။

ဆာ​လံ 143:8

နံ​နက်​ချိန်​တိုင်း​၌​ကျွန်​တော်​မျိုး​အား ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို သ​တိ​ရ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ ကျွန်​တော်​မျိုး​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​တော်​မူ​ပါ။

ဆာ​လံ 5:3

ကိုယ်​တော်​သည်​နံ​နက်​ချိန်​၌​ကျွန်​တော်​မျိုး​၏ ပတ္ထ​နာ​သံ​ကို​ကြား​ပါ​၏။ နေ​ထွက်​ချိန်​၌​ကျွန်​တော်​မျိုး​ဆု​တောင်း​၍ ကိုယ်​တော်​၏​အ​ဖြေ​ကို​စောင့်​မျှော်​ပါ​၏။

ဒေသနာကျမ်း။ 11:6

နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌ လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား၊ အဘယ်အရာ သည် အကျိုးရှိမည်ကို၎င်း၊ နှစ်ပါးစလုံးတို့သည် အညီ အမျှအကျိုးရှိမည်ကို၎င်း မသိနိုင်။

ဟေ​ရှာ​ယ 33:2

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား က​ရု​ဏာ​ထား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​ကို​မျှော်​ကိုး​ပါ​၏။ နေ့​စဉ် နေ့​တိုင်း​ကျွန်​တော်​မျိုး​တို့​အား​ကာ​ကွယ် စောင့်​ထိန်း​တော်​မူ​၍​ဒုက္ခ​ရောက်​ချိန်​များ​၌ ကယ်​တော်​မူ​ပါ။-

ဆာ​လံ 92:1-2

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​ခြင်း​သည်​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​ထော​မ​နာ သီ​ချင်း ကူး​အေး​ရ​ခြင်း​သည်​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား နွား​လား​ရိုင်း​ကဲ့​သို့​သန်​စွမ်း​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​ရွှင်​လန်း​ဝမ်း​မြောက်​ရ​ခြင်း ကောင်း​ချီး​မင်္ဂလာ​ကို​ပေး​တော်​မူ​ပါ​ပြီ။ ရန်​သူ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို​ကျွန်​တော်​မျိုး မြင်​ရ​ပါ​ပြီ။ သူ​ယုတ်​မာ​တို့​ငို​ကြွေး​သံ​ကို​ကြား​ရ​ပါ​ပြီ။ သူ​တော်​ကောင်း​တို့​သည်​စွန်​ပ​လွံ​ပင်​များ​ကဲ့​သို့ စိမ်း​လန်း​စို​ပြေ​လျက်​ရှိ​လိမ့်​မည်။ သူ​တို့​သည်​လေ​ဗ​နုန်​တောင်​မှ​အာ​ရဇ်​ပင်​များ ကဲ့​သို့ ကြီး​ပွား​တိုး​တက်​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​တွင်​စိုက်​ပျိုး​၍ ငါ​တို့​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင်​စိမ်း​လန်း စို​ပြေ​လျက်​နေ​သည့်​သစ်​ပင်​များ​နှင့်​တူ​ကြ​၏။ ထို​သစ်​ပင်​တို့​သည်​အ​သက်​အို​ချိန်​၌​ပင်​လျှင် အ​သီး​များ​သီး​၍​အ​စဉ်​အ​မြဲ​စိမ်း​လန်း သန်​မာ​လျက်​ရှိ​ကြ​၏။ ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရား မျှ​တ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ငါ့​ကို​ကွယ်​ကာ​သော​အ​ရှင်​သည်​ကောင်း​မြတ် စုံ​လင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ဖော်​ပြ​လိုက်​ခြင်း​ဖြစ်​သည်။ ချို​သာ​နာ​ပျော်​ဖွယ်​သော​စောင်း​သံ​နှင့်​တ​ကွ ကြိုး​တပ်​တူ​ရိ​ယာ​သံ​တို့​ဖြင့် နံ​နက်​တိုင်း​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​ကို​ဖော်​ကူး​၍ ညဥ့်​တိုင်း​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ထုတ်​ဖော်​ကြေ​ညာ​ရ​ခြင်း​သည်​လည်း​ကောင်း လျောက်​ပတ်​လှ​ပါ​၏။

ဆာ​လံ 9:1

အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​ကို​ဖော်​ပြ​ပါ​မည်။

ဆာ​လံ 88:13

အို ထာ​ဝ​ရ​ဘု​ရား၊ ကူ​မ​တော်​မူ​ရန်​ကိုယ်​တော်​အား​ဟစ်​ခေါ်​ပါ​၏။

ဆာ​လံ 30:5

ကိုယ်​တော်​အ​မျက်​ထွက်​တော်​မူ​သည်​မှာ ခ​ဏ​သာ​လျှင်​ဖြစ်​၏။ ကျေး​ဇူး​ပြု​တော်​မူ​သည်​ကား​တစ်​သက်​လုံး ဖြစ်​သ​တည်း။ ညဥ့်​အ​ခါ​၌​မျက်​ရည်​များ​ပင်​ကျ​စေ​ကာ​မူ မိုး​သောက်​ချိန်​၌​ကား​ဝမ်း​မြောက်​ရွှင်​လန်း ခွင့်​ကို ရ​ရှိ​တတ်​၏။

မြည်​တမ်း​စ​ကား 3:22-23

ထာ​ဝ​ရ​ဘု​ရား​၏​မ​ကုန်​ဆုံး​နိုင်​သော​မေတ္တာ တော်​နှင့် က​ရု​ဏာ​တော်​သည် မိုး​သောက်​ချိန်​ကဲ့​သို့​လန်း​ဆန်း​လျက်၊ နေ​ထွက်​ချိန် ကဲ့​သို့​ဧ​ကန်​မု​ချ​တည်​မြဲ​၍​နေ​တော်​မူ​သေး​သည်။

ဆာ​လံ 55:22

သင်​၏​ဝန်​ကို​ထာ​ဝ​ရ​ဘု​ရား​အား​လွှဲ​အပ်​လော့။ ကိုယ်​တော်​သည်​သင့်​ကို​ကွယ်​ကာ​စောင့်​ရှောက် တော်​မူ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​ကို​အ​ဘယ်​အ​ခါ​၌ အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

ဇေဖနိ 3:17

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့် သင်​သည်​အောင်​ပွဲ​ကို​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​အ​ပေါ်​ဝမ်း မြောက်​အား​ရ​မှု ရှိ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​လည်း​သင့်​အား ဘ​ဝ​သစ်​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင်​၏​အ​တွက်​ကြည်​နူး​ပျော် ရွှင်​ကာ သီ​ချင်း​ကူး​ဧ​တော်​မူ​လိမ့်​မည်။''

ဆာ​လံ 100:4

ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​တံ​ခါး​တော် တွင်း​သို့ ဝင်​ကြ​လော့။ ထော​မ​နာ​ပြု​လျက်​တံ​တိုင်း​တော်​တွင်း​သို့​ဝင်​ကြ​လော့။ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

ဆာ​လံ 37:5

သင်​သည်​မိ​မိ​ကိုယ်​ကို​ဘု​ရား​သ​ခင်​လက်​သို့ အပ်​နှံ​လော့။ ကိုယ်​တော်​ကို​ကိုး​စား​လော့။ သို့​ပြု​လျှင်​ကိုယ်​တော်​သည်​သင့်​ကို ကူ​မ​တော်​မူ​လိမ့်​မည်။

ဟေ​ရှာ​ယ 40:31

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကူ အ​ညီ​ကို ယုံ​ကြည်​ကိုး​စား​သူ​တို့​မူ​ကား၊ ခွန်​အား​သစ်​ကို ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​ပျံ​တက်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း​မော​ပန်း​ကြ​လိမ့်​မည်​မ​ဟုတ်။ ခ​ရီး​သွား​သော်​လည်း​နွမ်း​နယ်​ကြ​လိမ့်​မည်​မ​ဟုတ်။

ဟေ​ရှာ​ယ 26:9

ညဥ့်​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​တသ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား ကိုယ်​တော်​ရှင်​တ​ရား​စီ​ရင်​တော်​မူ​သော​အ​ခါ၊ တ​ရား​မျှ​တ​မှု​ဆို​သည်​မှာ​အ​ဘယ်​အ​ရာ ဖြစ်​သည်​ကို သူ​တို့​သိ​ရှိ​ကြ​ပါ​လိမ့်​မည်။

ဆာ​လံ 63:1

အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​တမ်း​တ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​စိတ်​ရော​ကိုယ်​ပါ ကိုယ်​တော်​ရှင်​ကို​စောင့်​မျှော်​တ​သ​ပါ​၏။ ကျွန်​တော်​မျိုး​၏​ဝိ​ညာဉ်​သည်​ရေ​မ​ရှိ​သည့် မြေ​ဆီ​လွှာ​ကဲ့​သို့​ခြောက်​သွေ့​နွမ်း​ရိ​လျက် ကိုယ်​တော်​ရှင်​အား​တောင့်​တ​ပါ​၏။

ဆာ​လံ 118:1

ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ မေတ္တာ​တော်​သည်​ထာ​ဝ​စဉ်​တည်​တော်​မူ​သ​ဖြင့် ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ လော့။

ဆာ​လံ 136:1

ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​၍ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​ဖြင့် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။

သုတ္တံကျမ်း။ 3:5-6

ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက် ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော် မူမည်။

ဆာ​လံ 139:14

ကိုယ်​တော်​သည်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သော​အ​မှု အ​ရာ​တို့​သည် ထူး​ဆန်း​အံ့​သြ​ဖွယ်​ကောင်း​ကြောင်း​ကျွန်​တော်​မျိုး အ​သေ​အ​ချာ​သိ​ပါ​၏။

ဟေ​ရှာ​ယ 26:3

အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် စိတ်​နှ​လုံး​တည်​ကြည်​၍ ကိုယ်​တော်​ရှင်​ကို​ယုံ​ကြည်​ကိုး​စား​ကြ​သူ​တို့ အား စစ်​မှန်​သော​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​ပါ​၏။

ဖိ​လိပ္ပိ 4:6-7

အ​ဘယ်​အ​မှု​ကို​မျှ​မ​စိုး​ရိမ်​ဘဲ​ခပ်​သိမ်း သော​အ​မှု​တို့​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​သင်​တို့​လို​သော အ​ရာ​များ​ကို​ဘု​ရား​သ​ခင်​အား​လျှောက် ထား​ကြ​လော့။- ထို​သို့​ပြု​လျှင်​လူ့​ဉာဏ်​ဖြင့်​ကြံ​ဆ​နား​လည် ရန်​မ​စွမ်း​နိုင်​သော​ဘု​ရား​သ​ခင်​၏​ငြိမ်​သက် ခြင်း​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​သင်​တို့​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​သော​အား​ဖြင့် သင်​တို့ ၏​စိတ်​နှ​လုံး​နှင့်​အ​ကြံ​အ​စည်​များ​ကို ကွယ်​ကာ​စောင့်​ရှောက်​လိမ့်​မည်။

ဆာ​လံ 46:1

ဘု​ရား​သ​ခင်​သည်​ငါ​တို့​ခို​လှုံ​ရာ၊ ငါ​တို့​စွမ်း​အား​ဖြစ်​တော်​မူ​၏။ ဒုက္ခ​ရောက်​ချိန်​၌​ငါ​တို့​အား​ကူ​မ​ရန်​အ​စဉ်​ပင် အ​သင့်​ရှိ​တော်​မူ​၏။

ဆာ​လံ 119:105

နှုတ်​က​ပတ်​တော်​သည်​မီး​ခွက်​ဖြစ်​၍​ကွန်​တော်​မျိုး သွား​ရာ​လမ်း​ကို​လင်း​စေ​ပါ​၏။

ဆာ​လံ 92:1

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​ခြင်း​သည်​လည်း​ကောင်း၊ အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ဂုဏ်​တော်​ကို​ထော​မ​နာ သီ​ချင်း ကူး​အေး​ရ​ခြင်း​သည်​လည်း​ကောင်း၊

ဆာ​လံ 18:24

ငါ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​ကြောင်း​ကို သိ​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ ငါ​သည်​တ​ရား​မျှ​တ​စွာ​ပြု​ကျင့်​သ​ဖြင့် လည်း​ကောင်း ကိုယ်​တော်​သည်​ငါ့​အား​ကောင်း​ကျိုး​ကို ပေး​သ​နား​တော်​မူ​၏။

ကော​လော​သဲ 3:17

သို့​ဖြစ်​၍​သင်​တို့​သည်​ပြော​ဆို​ပြု​မူ​ရာ​တွင် သ​ခင် ယေ​ရှု​၏​နာ​မ​တော်​ကို​ထောက်​၍​ပြော​ဆို​ပြု​မူ​ကြ လော့။ ထို​အ​ရှင်​ကို​အ​မှီ​ပြု​၍​အ​ဖ​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။

ဆာ​လံ 121:1-2

ငါ​သည်​တောင်​ရိုး​များ​သို့​မျှော်​ကြည့်​၏။ အ​ဘယ်​မှ​ကူ​ညီ​မ​စ​မှု​ကို​ငါ​ရ​ပါ​မည်​နည်း။ ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ရ​ပါ​လိမ့်​မည်။

ဧ​ဖက် 5:20

ငါ​တို့​အ​ရှင်​ယေ​ရှု​ခ​ရစ်​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​အ​တွက်​အ​ဖ​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​စဉ်​မ​ပြတ်​ချီး မွမ်း​ကြ​လော့။

ဆာ​လံ 150:6

သက်​ရှိ​သတ္တဝါ​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ဒါ​ဝိဒ်​မင်း​ကြီး​နှင့်​ရှင်​အာ​သပ်​အ​စ​ရှိ​သော ပ​ရော​ဖက်​များ​တို့​ရေး​ထား​သော​ဆာ​လံ​ကျမ်း ပြီး​၏။

၁ သက် 5:16-18

အ​စဉ်​မ​ပြတ်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။- အ​ခါ​မ​လပ်​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့။- အ​ဘယ်​အ​ခြေ​အ​နေ​နှင့်​ရင်​ဆိုင်​ရ​သည်​မ​ဆို ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ သင်​တို့​သည် ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ် လျက် ဤ​သို့​ပြု​ကျင့်​ကြ​စေ​ရန်​ဘု​ရား​သ​ခင် အ​လို​ရှိ​တော်​မူ​၏။

ဆာ​လံ 86:12

အို ဘု​ရား​ရှင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ကြီး​မြတ် ပုံ​ကို အ​စဉ်​အ​မြဲ​ထုတ်​ဖော်​ကြေ​ညာ​ပါ​မည်။

ဆာ​လံ 19:14

ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​၍ ကျွန်​တော်​မျိုး​အား​ရွေး​နုတ်​တော်​မူ​သော အ​ရှင်၊ အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​နှုတ်​ထွက်​စ​ကား​များ​နှင့် စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​သည်​ရှေ့​တော် ၌ နှစ်​သက်​ဖွယ်​ဖြစ်​ပါ​စေ​သော။

ဆာ​လံ 63:3-4

ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် အ​သက်​ထက်​ကောင်း​မြတ်​ပါ​၏။ သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ ပတ်​လုံး ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ပါ​မည်။ လက်​အုပ်​ချီ​၍​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​မည်။

ဆာ​လံ 68:19

ငါ​တို့​၏​ဝန်​ထုပ်​များ​ကို​နေ့​စဉ်​နေ့​တိုင်း သယ်​ဆောင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​သည်​ငါ​တို့​ကို​ကယ်​တော်​မူ​သော ဘု​ရား​ဖြစ်​တော်​မူ​၏။

သုတ္တံကျမ်း။ 20:13

ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍၊ အိပ် ခြင်းကိုမတပ်မက်နှင့်။ နိုးတတ်လျှင် ဝစွာစားရ၏။

ဖိ​လိပ္ပိ 4:6

အ​ဘယ်​အ​မှု​ကို​မျှ​မ​စိုး​ရိမ်​ဘဲ​ခပ်​သိမ်း သော​အ​မှု​တို့​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍ ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​သင်​တို့​လို​သော အ​ရာ​များ​ကို​ဘု​ရား​သ​ခင်​အား​လျှောက် ထား​ကြ​လော့။-

ရော​မ 15:13

သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် သင်​တို့​၏​မျှော်​လင့်​ခြင်း​ပါ​ရ​မီ​ကြွယ်​ဝ​စေ ခြင်း​ငှာ မျှော်​လင့်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင် သည် သင်​တို့​၏​ယုံ​ကြည်​မှု​ကြောင့်​သင်​တို့​အား ဝမ်း​မြောက်​ခြင်း​အ​မျိုး​မျိုး​နှင့်​ငြိမ်​သက်​ခြင်း ကို​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။

မြည်​တမ်း​စ​ကား 3:22-24

ထာ​ဝ​ရ​ဘု​ရား​၏​မ​ကုန်​ဆုံး​နိုင်​သော​မေတ္တာ တော်​နှင့် က​ရု​ဏာ​တော်​သည် မိုး​သောက်​ချိန်​ကဲ့​သို့​လန်း​ဆန်း​လျက်၊ နေ​ထွက်​ချိန် ကဲ့​သို့​ဧ​ကန်​မု​ချ​တည်​မြဲ​၍​နေ​တော်​မူ​သေး​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အ​ဖို့​ဖြစ်​သ​ဖြင့် ငါ​သည်​ကိုယ်​တော်​ကို​မျှော်​ကိုး​ပါ​၏။

၂ ကော 4:16

ဤ​အ​ကြောင်း​ကြောင့်​ငါ​တို့​သည်​အ​ဘယ် အ​ခါ​၌​မျှ​စိတ်​မ​ပျက်​အား​မ​လျော့​ကြ။ ငါ​တို့​၏​ကိုယ်​ခန္ဓာ​သည်​တ​ဖြည်း​ဖြည်း​ယို ယွင်း​ပျက်​စီး​လျက်​ရှိ​သော်​လည်း ငါ​တို့​၏ ဝိ​ညာဉ်​မူ​ကား​နေ့​စဉ်​နှင့်​အ​မျှ​အ​သစ် ပြု​ပြင်​ခြင်း​ကို​ခံ​ရ​၏။-

၂ ပေ 3:18

သင်​တို့​သည်​ငါ​တို့​၏​အရှင်​သ​ခင်​နှင့်​ကယ်​တင် ရှင်​ဖြစ်​တော်​မူ​သော​ယေ​ရှု​ခ​ရစ်​၌​လည်း​ကောင်း၊ ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​သိ​ကျွမ်း​ခြင်း ၌​လည်း​ကောင်း​ကြီး​ပွား​ကြ​လော့။ ထို​အ​ရှင် သည်​ယ​ခု​မှ​စ​၍​ထာ​ဝ​ရ​ကာ​လ​ပတ်​လုံး ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​သြ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး​၏။

မာ​လ​ခိ 1:11

ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ​အ​ခြား​တစ်​စွန်း တိုင်​အောင်​လူ​တို့​သည် ငါ​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​ပေ​သည်။ သူ​တို့​သည်​အ​ရပ် တ​ကာ​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍ နှစ် သက်​ဖွယ်​ကောင်း​သည့်​ယဇ်​များ​ကို​ငါ့ အား​ပူ​ဇော်​ကြ​၏။ သူ​တို့​အား​လုံး​ပင် ငါ​၏​နာ​မ​တော်​ကို​ချီး​ကူး​ကြ​၏။-''

ဒေသနာကျမ်း။ 3:11

ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နုလုံးကို လည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံး တိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။

ယေ​ရ​မိ 29:11

သင်​တို့​အ​တွက်​ငါ​ပြု​လုပ်​ထား​သည့်​အ​ကြံ အ​စည်​များ​ကို​ငါ​သာ​လျှင်​သိ​၏။ ထို​အ​ကြံ အ​စည်​တို့​သည်​သင်​တို့​ကောင်း​စား​မှု၊ သင်​တို့ စောင့်​မျှော်​နေ​သည့်​အ​နာ​ဂတ်​ကို​ထုတ်​ဖော်​ပေး မှု​နှင့်​ဆိုင်​သော​အ​ကြံ​အ​စည်​များ​ဖြစ်​ပေ သည်။ သင်​တို့​အား​ဘေး​အန္တ​ရာယ်​ရောက်​စေ မည့်​အ​ကြံ​အ​စည်​များ​မ​ဟုတ်။-

ဖိ​လေ​မုန် 1:25

သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး​တော်​ကို​သင် တို့​အား​လုံး​ခံ​စား​ရ​ကြ​ပါ​စေ​သော။ ဖိ​လေ​မုန်​သြ​ဝါ​ဒ​စာ​ပြီး​၏။

ဆာ​လံ 34:8

ထာ​ဝ​ရ​ဘု​ရား​သည်​အ​ဘယ်​မျှ ကောင်း​မြတ်​တော်​မူ​သည်​ကို​သင်​ကိုယ်​တိုင် စူး​စမ်း​၍​ကြည့်​လော့။ ကိုယ်​တော်​၏​ထံ​တော်​၌​လုံ​ခြုံ​စွာ​နေ​ခွင့် ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ပါ​၏။

ဆာ​လံ 119:2

သွန်​သင်​တော်​မူ​ခက်​တို့​ကို​လိုက်​နာ​၍ ကိုယ်​တော်​၏​စ​ကား​တော်​ကို​စိတ်​နှ​လုံး အ​ကြွင်း​မဲ့ ခံ​ယူ​သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။

ဖိ​လိပ္ပိ 4:19

ငါ​၏​ဘု​ရား​သ​ခင်​သည်​စည်း​စိမ်​ချမ်း​သာ ကြွယ်​ဝ​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် သင်​တို့​လို​သ​မျှ သော​အ​ရာ​တို့​ကို​ပေး​သ​နား​တော်​မူ​ပါ စေ​သော။-

ဘုရားသခင်ထံဆုတောင်းပါ။

အရှင်မြတ်ဘုရား၊ ကျွန်ုပ်တို့၏ ကောင်းမြတ်၍ သစ္စာရှိသော အဖ၊ ဘုန်းတော်နှင့် ဂုဏ်တော်သည် ကိုယ်တော်၌သာ တည်ပါစေ။ ယေရှုခရစ်တော် ကျွန်ုပ်တို့၏ အရှင်မြတ်အားဖြင့် ကိုယ်တော်ထံ ကျွန်ုပ်ရောက်ရှိနေပါသည်။ ဤနေ့သစ်အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကိုယ်တော်၏ ရင်သပ်ရှုမောဖွယ် ဖန်ဆင်းခြင်းအလှကို မျက်ဝါးထင်ထင် ခံစားနိုင်ရန်နှင့် နေ့သစ်တစ်ခု၏ ဆုလာဘ်အတွက် ကျေးဇူးတင်ရန် အခွင့်အရေးပေးသောကြောင့် ကျေးဇူးတင်ပါသည်။ အို ဘုရားသခင်၊ ကိုယ်တော်၏ မဟာကရုဏာတော်နှင့် မေတ္တာတော်အတွက် ကျေးဇူးတင်ပါသည်။ အကြောင်းမှာ ကိုယ်တော်သည် ကျွန်ုပ်၏ဘဝကို ကောင်းချီးပေးတော်မူပြီး အသက်ရှူရှိုက်ရန်၊ မိသားစု၊ မိတ်ဆွေများနှင့် အနီးအနားရှိသူအားလုံးကို ဆက်လက်ခံစားရန် အခွင့်အရေးပေးသောကြောင့် ဖြစ်ပါသည်။ အမှောင်ဆုံးသောနေ့ရက်များတွင်ပင် ကျွန်ုပ်အား မလျှော့သောစိတ်ဓာတ်ဖြင့် ရှေ့ဆက်သွားနိုင်ရန် ခွန်အားပေးပြီး ကိုယ်တော်၏ ကောင်းမြတ်ခြင်းကို ထွန်းလင်းစေသောကြောင့် ကျေးဇူးတင်ပါသည်။ ကိုယ်တော်နှင့်အတူ လျှောက်လှမ်းခြင်းဖြင့် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ရှိနေမည်ကို ကျွန်ုပ်သိပါသည်။ အရှင်မြတ်ဘုရား၊ ကိုယ်တော်၏ အကြံအစည်များသည် အမြဲတမ်း ကောင်းမြတ်ပြီး မကောင်းသောအရာများ မဟုတ်ကြောင်း၊ ကျွန်ုပ်မျှော်လင့်သော အဆုံးသတ်ကို ပေးစွမ်းနိုင်ပြီး ကျွန်ုပ်ကို ဂရုစိုက်ကာကွယ်ပေးသောကြောင့် ကျေးဇူးတင်ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်၏ ထောက်ပံ့ပေးသူ၊ ကုသပေးသူနှင့် စောင့်ရှောက်သူ ဖြစ်ပါသည်။ ယေရှု၏နာမ၌ အာမင်။
ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ