၂ ကော 4:16 - Common Language Bible16 ဤအကြောင်းကြောင့်ငါတို့သည်အဘယ် အခါ၌မျှစိတ်မပျက်အားမလျော့ကြ။ ငါတို့၏ကိုယ်ခန္ဓာသည်တဖြည်းဖြည်းယို ယွင်းပျက်စီးလျက်ရှိသော်လည်း ငါတို့၏ ဝိညာဉ်မူကားနေ့စဉ်နှင့်အမျှအသစ် ပြုပြင်ခြင်းကိုခံရ၏။- အခန်းကိုကြည့်ပါ။Garrad Bible16 သို့ နှင့် အ ညီ ငါ တို့ သည် တွန့် ဆုတ် ခြင်း ကင်း လျက် ဗ ဟိ ဒ္ဓ လူ ပျက် ယွင်း သော် လည်း အ ဇ္စု တ္တ လူ ကား တစ် နေ့ ထက် တစ် နေ့ ပြု ပြင် ခံ လျက် ရှိ ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ထိုကြောင့် ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း၊ အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်းကိုခံရ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထို့ကြောင့် ငါတို့သည် စိတ်ပျက်အားလျော့ခြင်းမရှိကြ။ ငါတို့၏ပြင်ပလူ့ခန္ဓာသည် ယိုယွင်းပျက်စီးနေသော်လည်း ငါတို့၏အတွင်းဝိညာဉ်မူကား တစ်နေ့ထက်တစ်နေ့ အသစ်ပြုပြင်ခြင်းကိုခံရ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း16 ထို့ကြောင့် ကျွန်ုပ်တို့သည် စိတ်ပျက်အားလျော့ခြင်းမရှိ။ ကျွန်ုပ်တို့၏ အပြင်ပန်းကိုယ်ခန္ဓာသည် ပျက်စီးယိုယွင်းလာသော်လည်း ကျွန်ုပ်တို့၏ အတွင်းစိတ်ခွန်အားမှာမူ နေ့စဉ်နှင့်အမျှ အသစ်တိုးပွားလျက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်လောကီစံနှုန်းကိုလိုက်၍မကျင့် ကြနှင့်။ သင်တို့သည်မိမိတို့၏စိတ်နှလုံးကို ဘုရားသခင်လုံးဝပြောင်းလဲစေသောအား ဖြင့် စိတ်သဘောသစ်ကိုခံယူလျက်ပုံသဏ္ဌာန် ပြောင်းလဲကြလော့။ သို့ပြုလျှင်ကောင်းမြတ် သောအရာ၊ ကိုယ်တော်နှစ်သက်ဖွယ်သောအရာ၊ အပြစ်ဆိုဖွယ်မရှိသောအရာတည်းဟူသော ဘုရားသခင်အလိုရှိတော်မူသောအရာ သည်အဘယ်အရာဖြစ်သည်ကိုသင်တို့သိ ရှိကြလိမ့်မည်။
ငါတို့သည်ကယ်တင်ခြင်းကိုခံရကြပေ သည်။ ဤသို့ကယ်တင်ခြင်းခံရသည်မှာငါ တို့ကိုယ်တိုင်ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်။ ကိုယ်တော်သည်မိမိ၏ ကရုဏာတော်နှင့်အညီသန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ငါတို့အားအသစ်သောမွေး ခြင်းနှင့်ဘဝသစ်ကိုဆေးကြောခြင်းဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။-
သင်တို့သည်ခရစ်တော်၏တပည့်များဖြစ် သောကြောင့်စော်ကားခြင်းခံရသောအခါမင်္ဂ လာရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ထိုသို့ ခံရသောအချိန်၌ ဘုရားသခင်၏ဝိညာဉ် တော်တည်းဟူသောဘုန်းအသရေတော်နှင့် ပြည့်ဝသည့်ဝိညာဉ်တော်သည် သင်တို့အပေါ် သို့သက်ရောက်လျက်နေတော်မူသောကြောင့် ဖြစ်၏။-