ထို့နောက် သူသည် မိမိသခင်ထံဝင်၍ရှေ့တွင် ရပ်နေ၏။ ဧလိရှဲက သူ့အား “ဂေဟာဇိ၊ အဘယ်အရပ်က ပြန်လာသနည်း”ဟု မေးလျှင် သူက “အရှင့်အစေအပါးသည် မည်သည့်နေရာမှ မသွားပါ”ဟု ပြန်ဖြေ၏။
၄ ရာ 8:14 - မြန်မာ့စံမီသမ္မာကျမ်း ဟာဇေလသည် ဧလိရှဲထံမှပြန်သွားပြီး မိမိသခင်ထံပြန်ရောက်သောအခါ ရှင်ဘုရင်က “သင့်အား ဧလိရှဲမည်သို့ပြောသနည်း”ဟု မေးလျှင် သူက “ ‘မင်းကြီး အမှန်ပင်ပြန်ကောင်းလာလိမ့်မည်’ဟူ၍ ဆိုပါ၏”ဟု ပြန်လျှောက်၏။ Common Language Bible ဟာဇေလသည်ဗင်္ဟာဒဒ်ထံသို့ပြန်ရောက်သော အခါ မင်းကြီးက``ဧလိရှဲအဘယ်သို့အမိန့် ရှိသနည်း'' ဟုမေးတော်မူလျှင် ``အရှင်ပြန်လည်ကျန်းမာလာလိမ့်မည်ဟု ပြောပါသည်'' ဟုလျှောက်၏။- Garrad Bible ဟာ ဇေ လ သည် ကိုယ့် သ ခင့် ထံ ပြန် ရောက် သည့် ကာ လ အ ဘယ် သို့ ဧ လိ ရှဲ မိန့် ဆို သ နည်း ဟု မေး လျှင် ထ မြောက် တော် မူ ဦး မည် ဟူ၍ မိန့် ဆို ပါ သည် ဟု တင် လျှောက် ပြီး လျှင် Judson Bible ဟာဇေလသည်သွား၍ မိမိသခင့်ထံသို့ရောက်သောအခါ၊ သခင်က၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်းဟုမေးလျှင်၊ ကိုယ်တော်သည် အနာမှဆက်ဆက်ထမြောက်တော်မူမည် ဆိုပါသည်ဟု လျှောက်လေ၏။ |
ထို့နောက် သူသည် မိမိသခင်ထံဝင်၍ရှေ့တွင် ရပ်နေ၏။ ဧလိရှဲက သူ့အား “ဂေဟာဇိ၊ အဘယ်အရပ်က ပြန်လာသနည်း”ဟု မေးလျှင် သူက “အရှင့်အစေအပါးသည် မည်သည့်နေရာမှ မသွားပါ”ဟု ပြန်ဖြေ၏။
ဧလိရှဲကလည်း သူ့အား “ ‘ဤဝေဒနာမှ အမှန်ပင်ပြန်ကောင်းလာလိမ့်မည်’ဟု ရှင်ဘုရင်ကို ပြန်လျှောက်လော့။ သို့သော် သူမုချသေရမည်ကို ငါ့အား ထာဝရဘုရားဖော်ပြတော်မူပြီ”ဟု ဆိုလျှင်
နောက်တစ်နေ့တွင် ဟာဇေလသည် အဝတ်ကိုယူ၍ ရေ၌နှစ်ပြီး ဘုရင့်မျက်နှာတော်ကို ဖိအုပ်သဖြင့် ရှင်ဘုရင်အနိစ္စရောက်လေ၏။ ထိုအခါ ဟာဇေလသည် ဘုရင့်အရိုက်အရာကို ဆက်ခံလေ၏။
ထိုအချိန်မှစ၍ ယုဒသည် ကိုယ်တော်ကိုအပ်နှံရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။