၄ ရာ 4:39 - မြန်မာ့စံမီသမ္မာကျမ်း ပရောဖက်တစ်ပါးက ဟင်းသီးဟင်းရွက်ခူးရန် လယ်တောသို့သွားသောအခါ ဘူးရိုင်းပင်ကိုတွေ့သဖြင့် ဘူးအရိုင်းသီးများကိုခူး၍ မိမိအဝတ်နှင့်အပြည့်ထုပ်ပြီး ပြန်လာခဲ့၏။ ထို့နောက် ထိုအသီးကို လှီးပြီး အိုးထဲထည့်ချက်သော်လည်း မည်သည့်အသီးဖြစ်သည်ကို သူတို့ မသိကြ။ Common Language Bible ပရောဖက်တစ်ပါးသည်ဟင်းသီးဟင်းရွက်များ ခူးရန် လယ်တောသို့သွားရာဘူးပင်ရိုင်းတစ်ပင် ကိုတွေ့သဖြင့် သယ်နိုင်သမျှသောဘူးသီးတို့ ကိုခူးဆွတ်ပြီးသော် ဘူးရိုင်းမှန်းမသိဘဲခွဲ စိတ်၍ဟင်းအိုးတွင်ခတ်လေသည်။- Garrad Bible ဟင်း သီး ဟင်း ရွက် ဆွတ် ခူး ရန် တော သို့ ဝင် သော်၊ တော နွယ် ပင် ကို တွေ့၍ မ သိ ဘဲ လျက် ထို ဘူး သီး ကို ရင် ခွင် အ ပြည့် ဆွတ် ယူ ပြီး မှ ဖျဉ်း အိုး ထဲ သို့ ခွဲ စိတ် ထည့် သွင်း လေ ၏။ Judson Bible တစ်စုံတစ်ယောက်သော သူသည် ဟင်းသီးဟင်းရွက်ကိုဆွတ်ခြင်းငှာ လယ်ပြင်သို့သွား၍ တောနွယ်ပင်ကိုတွေ့လျှင်၊ တောဘူးသီးပိုက်နိုင်သမျှကို ဆွတ်ယူပြီးမှ၊ |
အိမ်တော်အတွင်းပိုင်းတွင် ကျောက်သားများမပေါ်အောင် သစ်ကတိုးသားကိုအုပ်ထား၏။ ထိုသစ်ကတိုးသားပေါ်တွင် သစ်သီးပုံ၊ ပန်းပွင့်ပုံများ ထွင်းထုထား၏။
ဧလိရှဲသည် ဂိလဂါလမြို့သို့ပြန်လာရာ ထိုတိုင်းပြည်တွင်ငတ်မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်နေ၏။ ပရောဖက်အဖွဲ့သားတို့သည် သူ့ရှေ့၌ လာထိုင်နေသဖြင့် ဧလိရှဲက မိမိငယ်သားအား “အိုးကြီးတစ်လုံးတည်၍ ပရောဖက်အဖွဲ့သားတို့အား ဟင်းချက်ကျွေးပါ”ဟု ဆို၏။
လူတို့စားဖို့ရန် ထိုဟင်းကို ခပ်ထည့်ပေး၍ စားကြသောအခါ လူတို့က “အို ဘုရားသခင်၏လူ၊ ထိုအိုးထဲမှဟင်းသည် သေစေနိုင်၏”ဟု အော်ပြောကြပြီး မစားဝံ့ဘဲနေလေ၏။
အသိပညာကင်းမဲ့သောစိတ်ဆန္ဒသည် မကောင်းပေ။ အလျင်စလိုခြေလှမ်းသောသူသည် လွဲချော်တတ်၏။
ငါ၏စပျစ်ခြံအတွက် မည်သည့်အရာကို ထပ်လုပ်ပေးရမည်နည်း။ ငါမလုပ်ပေးခဲ့သည့်အရာ ရှိသေးသလော။ ကောင်းသောစပျစ်သီး သီးလာရန် ငါစောင့်မျှော်ခဲ့သော်လည်း အဘယ်ကြောင့် စပျစ်သီးအရိုင်းများ သီးရသနည်း။
ငါသည် သင့်ကို အရည်အသွေးအကောင်းဆုံးမျိုးစေ့မှ အကောင်းဆုံးစပျစ်ပင်အဖြစ် စိုက်ပျိုးခဲ့၏။ သို့သော် သင်သည် စပျစ်ရိုင်းပင်အဖြစ် မည်သို့ပေါက်လာရသနည်း။
ကိုယ်တော်ကလည်း“ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်မစိုက်သောအပင်ရှိသမျှသည် အမြစ်ပါမကျန် ဆွဲနုတ်ခြင်းခံရလိမ့်မည်။
မည်သူမျှ ဘုရားသခင်၏ကျေးဇူးတော်မှ ကင်းကွာမသွားစေရန်လည်းကောင်း၊ ခါးသီးသောအမြစ်တစ်စုံတစ်ခုပေါက်လျက် သင်တို့ကိုနှောင့်ယှက်သဖြင့် လူများစွာတို့သည် ထိုအရာကြောင့် ညစ်ညူးစေခြင်းမခံရစေရန်လည်းကောင်း သတိပြုကြလော့။