ရာခေလသည် ယာကုပ်အတွက် သားမဖွားနိုင်ကြောင်းသိမြင်လျှင် မိမိအစ်မကို မနာလိုဖြစ်လေ၏။ ရာခေလက “အကျွန်ုပ်အား သားသမီးပေးပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သေမည်”ဟု ယာကုပ်အားဆို၏။
၄ ရာ 4:28 - မြန်မာ့စံမီသမ္မာကျမ်း ထိုအမျိုးသမီးကလည်း “အကျွန်ုပ်သည် အရှင့်ထံ သားဆုကိုတောင်းခဲ့ပါသလော။ ‘အကျွန်ုပ်ကို မလှည့်စားပါနှင့်’ဟု အရှင့်ကို ဆိုခဲ့သည်မဟုတ်လော”ဟု ဆိုလေ၏။ Common Language Bible အမျိုးသမီးက``အရှင်၊ ကျွန်မသည်အရှင့်ထံ တွင်သားဆုကိုတောင်းပါသလော။`အချည်းနှီး ကျွန်မမျှော်လင့်၍မနေပါရစေနှင့်' ဟုအရှင့် အားပြောကြားခဲ့သည်မဟုတ်ပါလော'' ဟု ဆို၏။ Garrad Bible မိန်း မ က လည်း၊ အ ရှင့် ထံ တ ပည့် တော် မ သည် သား ဆု ပန် ပါ သ လော။ မ လှည့် ဖြား စေ ရန် လျှောက် ထား ခဲ့ သည် မ ဟုတ် ပါ လော ဟု ဆို လျှင် Judson Bible မိန်းမကလည်း၊ ကျွန်မသည် ကျွန်မသခင်ထံမှာ သားဆုကို တောင်းပါသလော။ ကျွန်မကိုမုသားမသုံးပါနှင့်ဟု လျှောက်ဆိုသည်မဟုတ်လောဟု ဆို၏။ |
ရာခေလသည် ယာကုပ်အတွက် သားမဖွားနိုင်ကြောင်းသိမြင်လျှင် မိမိအစ်မကို မနာလိုဖြစ်လေ၏။ ရာခေလက “အကျွန်ုပ်အား သားသမီးပေးပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သေမည်”ဟု ယာကုပ်အားဆို၏။
ထိုအခါ ဧလိရှဲက သူ့အား “နောက်နှစ် ဤအချိန်တွင် သင်သည် သားကို ချီပွေ့ရလိမ့်မည်”ဟု ဆိုလျှင် သူက “မဖြစ်နိုင်ပါ အကျွန်ုပ်၏သခင်။ အို ဘုရားသခင်၏လူ၊ အရှင့်အစေအပါးကို မလှည့်စားပါနှင့်”ဟု ပြန်လျှောက်၏။
ထိုအခါ ဧလိရှဲက ဂေဟာဇိအား “သင့်ခါးကိုစည်း၍ ငါ့တောင်ဝှေးကိုယူပြီး ပြေးသွားလော့။ လမ်းတွင် တစ်ယောက်ယောက်နှင့်ဆုံလျှင် နှုတ်မဆက်နှင့်။ တစ်ယောက်ယောက်က သင့်ကိုနှုတ်ဆက်လျှင်လည်း ပြန်နှုတ်မဆက်နှင့်။ ငါ့တောင်ဝှေးကို သူငယ်မျက်နှာပေါ်တွင် တင်ထားလော့”ဟု မှာကြား၏။