“သူငယ်သေသည်ကို ငါမမြင်လို”ဟု ဆိုလျက် သူငယ်၏နောက်ဘက်၊ လေးတစ်ပစ်ခန့်အကွာသို့သွား၍ ထိုင်လေ၏။ သူသည် သူငယ်၏နောက်ဘက်တွင်ထိုင်လျက် အော်ဟစ်ငိုကြွေးလေ၏။
၄ ရာ 25:7 - မြန်မာ့စံမီသမ္မာကျမ်း ဇေဒကိမင်းကြီး၏သားတို့ကို ဇေဒကိမင်းကြီးရှေ့မှောက်တွင်ပင် သတ်၏။ ဇေဒကိမင်းကြီး၏မျက်စိကိုလည်းဖောက်ထုတ်ပြီး သူ့ကို ကြေးနီကြိုးဖြင့်ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။ Common Language Bible ဇေဒကိ၏သားများကိုဖခင်၏မျက်မှောက်၌ ကွပ်မျက်ပြီးလျှင် ဇေဒကိ၏မျက်စိများကို ဖောက်၍သူ့အားသံကြိုးများဖြင့်ချည်နှောင် ကာဗာဗုလုန်ပြည်သို့ဖမ်းဆီးသွားလေ သည်။ Garrad Bible သား တော် တို့ ကို ခ မည်း တော် မျက် မှောက် တွင် ပင် ကွပ် မျက် ၍ ဇေ ဒ ကိ မင်း ကို လည်း မျက် စိ ဖောက် ပြီး လျှင် ခြေ ချင်း စွဲ လျက် ဗာ ဗု လုန် မြို့ သို့ ယူ သွား ကြ ၏။ Judson Bible ဇေဒကိမင်း၏သားတို့ကို အဘမျက်မှောက်၌ သတ်ကြ၏။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကိုကြေးဝါးကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွားကြ၏။ |
“သူငယ်သေသည်ကို ငါမမြင်လို”ဟု ဆိုလျက် သူငယ်၏နောက်ဘက်၊ လေးတစ်ပစ်ခန့်အကွာသို့သွား၍ ထိုင်လေ၏။ သူသည် သူငယ်၏နောက်ဘက်တွင်ထိုင်လျက် အော်ဟစ်ငိုကြွေးလေ၏။
အကျွန်ုပ်နှင့်အတူ သူငယ်မပါလျှင် အကျွန်ုပ်သည် ဖခင်ထံသို့ မည်သို့ပြန်သွားရပါမည်နည်း။ အကျွန်ုပ်ဖခင်ကြုံတွေ့ရမည့်စိတ်ဒုက္ခကို အကျွန်ုပ်မမြင်လိုပါ”ဟု လျှောက်လေ၏။
ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်၏စစ်သူကြီးတို့ကို ချီလာစေ၍ သူတို့ကိုတိုက်ခိုက်စေ၏။ သူတို့သည် မနာရှေမင်းကြီးကို သံချိတ်များဖြင့်ဖမ်းဆီး၍ ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားကြ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ချီလာ၍ သူ့ကိုတိုက်ခိုက်ပြီး ကြေးနီကြိုးများဖြင့် ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
ထိုသူတို့၏ရှင်ဘုရင်များကို သံကြိုးဖြင့်ချည်နှောင်၍ ထိုသူတို့ထဲမှဂုဏ်သရေရှိပုဂ္ဂိုလ်များကို သံခြေချင်းခတ်ရန်လည်းကောင်း၊
သင့်ကို အုပ်ချုပ်သူအပေါင်းတို့သည် အတူတကွထွက်ပြေးကြ၏။ လေးကိုပင်မသုံးရဘဲ ဖမ်းဆီးတုပ်နှောင်ခြင်းခံရ၏။ အဝေးသို့ထွက်ပြေးကြသော်လည်း အတွေ့ခံရသောသူအားလုံး အတူတကွဖမ်းဆီးတုပ်နှောင်ခြင်းခံရကြ၏။
တစ်ဖန် ထာဝရဘုရားက ‘ကပ်ရောဂါဘေး၊ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့မှ အသက်ရှင်ကျန်ရစ်သော ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ မြို့သူမြို့သားများကို သူတို့အသက်ကိုရန်ရှာသော၊ သူတို့၏ရန်သူဖြစ်သော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်ထဲသို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို မသနား၊ မညှာတာ၊ မစာနာဘဲ ဓားဖြင့် ကွပ်မျက်မည်’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ဆိုရမည်။
‘ဤလူကို သားသမီးမထွန်းကားသောသူ၊ တစ်သက်လုံး အောင်မြင်မှုမရသောသူ’ဟု မှတ်တမ်းတင်ကြလော့။ သူ၏အမျိုးအနွယ်တစ်စုံတစ်ယောက်မျှ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်၌ စံမြန်းခွင့်၊ ယုဒပြည်ကို အုပ်စိုးခွင့် ရတော့မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်သည် ဘေဘီလုံဘုရင်၏လက်မှလွတ်မြောက်မည်မဟုတ်။ ဖမ်းဆီးခြင်း အမှန်ခံရမည်။ ထိုဘုရင်လက်အောက်သို့ ရောက်ရလိမ့်မည်။ သူနှင့် မျက်နှာချင်းဆိုင် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စကားပြောရလိမ့်မည်။ ဘေဘီလုံမြို့သို့ လိုက်ပါသွားရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်ဟု ပြောကြားလော့။
ဇေဒကိမင်းကြီးသည် လူလွှတ်၍ ယေရမိကို နန်းတော်သို့ခေါ်လာစေပြီးလျှင် “ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်ရောက်လာသေးသလော”ဟု လျှို့ဝှက်စွာမေးမြန်း၏။ ယေရမိက “နှုတ်ကပတ်တော်ရောက်လာပါ၏။ အရှင်မင်းကြီးသည် ဘေဘီလုံဘုရင်၏လက်ထဲသို့ရောက်ရလိမ့်မည်”ဟု ပြန်လျှောက်၏။
သင့်မိဖုရားနှင့် သားတော်၊ သမီးတော် အားလုံးကို ခါလဒဲစစ်သည်တို့ ခေါ်ဆောင်သွားလိမ့်မည်။ သင်သည်လည်း သူတို့လက်မှ လွတ်မည်မဟုတ်။ ဘေဘီလုံဘုရင်၏လက်အောက်သို့ ရောက်ရလိမ့်မည်။ ဤမြို့သည်လည်း မီးရှို့ခြင်းခံရလိမ့်မည်’ဟူ၍ ဖော်ပြတော်မူပြီ”ဟု လျှောက်ဆို၏။
မြို့တံခါးတို့သည် မြေကြီးထဲသို့နစ်ဝင်သွားကြပြီ။ ကန့်လန့်ကျင်တို့ကို ကျိုးပဲ့ပျက်စီးစေတော်မူပြီ။ ရှင်ဘုရင်နှင့်မှူးမတ်တို့သည် လူမျိုးခြားတို့တွင် နေရလေပြီ။ ပညတ်တရားလည်းမရှိတော့ပြီ။ ပရောဖက်တို့သည်လည်း ထာဝရဘုရားထံတော်မှ ဗျာဒိတ်နိမိတ်ကိုမရကြတော့ပြီ။
ငါသည် သင်တို့အဖို့ နိမိတ်လက္ခဏာဖြစ်၏။ ငါလုပ်ပြသည့်အတိုင်း သူတို့ကြုံတွေ့ရလိမ့်မည်။ သုံ့ပန်းအဖြစ် လိုက်သွားရလိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။
ရှင်ဘုရင်သည် ငိုကြွေးမြည်တမ်းရပြီး မင်းသားတို့သည်လည်း စိတ်ပျက်ခြင်းအဝတ်ကို ဝတ်ဆင်ရလိမ့်မည်။ ပြည်သူပြည်သားတို့၏လက်များသည်လည်း တုန်ရီနေကြလိမ့်မည်။ သူတို့ပြုခဲ့သည့်အတိုင်း သူတို့ကို ငါပြန်ပြုမည်။ သူတို့အကျင့်အကြံအတိုင်း သူတို့ကို ပြန်စီရင်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထာဝရဘုရားသည် သင့်ကိုလည်းကောင်း၊ သင်တင်မြှောက်ထားသော သင့်ကိုအုပ်စိုးသည့်ရှင်ဘုရင်ကိုလည်းကောင်း သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော လူမျိုးထံသို့ ဆောင်သွားတော်မူသဖြင့် သင်သည် ထိုအရပ်၌ အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
ဖိလိတ္တိလူမျိုးတို့ကလည်း သူ့ကိုဖမ်းချုပ်ပြီး မျက်စိနှစ်ဖက်ကို ဖောက်ထုတ်ပစ်၏။ ထို့နောက် သူ့ကို ကြေးနီကြိုးဖြင့် ချည်နှောင်ထား၍ ဂါဇမြို့သို့ ခေါ်ဆောင်သွား၏။ ထို့နောက် သူ့ကိုအကျဉ်းချထား၍ ကြိတ်ဆုံကြိတ်ရသည့်အလုပ်ကို လုပ်စေ၏။