ဖာရောနေခေါမင်းကြီးသည် ယောရှိမင်းကြီး၏သားတော်ဧလျာကိမ်ကို ခမည်းတော်ယောရှိ၏အရိုက်အရာကို ဆက်ခံစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ ယောခတ်မင်းကြီးကို အီဂျစ်ပြည်သို့ ခေါ်ဆောင်သွားပြီး ထိုပြည်တွင်ပင် သူအနိစ္စရောက်လေ၏။
၄ ရာ 24:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဘေဘီလုံဘုရင်သည် ယောယခိမ်မင်းကြီး၏ဘထွေးတော်မတ္တနိကို မင်းကြီး၏အရိုက်အရာဆက်ခံစေပြီး ဇေဒကိဟုအမည်ပြောင်းပေး၏။ Common Language Bible နေဗုခဒ်နေဇာသည်ယေခေါနိ၏ဘထွေး တော်မဿနိအား ယုဒဘုရင်အဖြစ်နန်း တင်ပြီးလျှင်ဇေဒကိဟုနာမည်ပြောင်း ၍ခေါ်တွင်စေ၏။ Garrad Bible အ ရိုက် အ ရာ၌ ယေ ခေါ နိ မင်း၏ ဘ ထွေး တော် မဿ နိ ကို ဇေ ဒ ကိ အ မည် သစ် ပြောင်း၍ ဗာ ဗု လုန် ဘု ရင် နန်း တင် ခဲ့ လေ ၏။ Judson Bible ဗာဗုလုန်ရှင်ဘုရင်သည် ယေခေါနိဘထွေးတော်မဿနိကို ဇေဒကိအမည်ဖြင့်မှည့်၍ ယေခေါနိအရာ၌ နန်းတင်၏။ |
ဖာရောနေခေါမင်းကြီးသည် ယောရှိမင်းကြီး၏သားတော်ဧလျာကိမ်ကို ခမည်းတော်ယောရှိ၏အရိုက်အရာကို ဆက်ခံစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ ယောခတ်မင်းကြီးကို အီဂျစ်ပြည်သို့ ခေါ်ဆောင်သွားပြီး ထိုပြည်တွင်ပင် သူအနိစ္စရောက်လေ၏။
ထို့နောက် အီဂျစ်ဘုရင်သည် ယောခတ်မင်းကြီး၏ညီတော်ဧလျာကိမ်ကို ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အုပ်စိုးစေပြီး ယောယကိမ် ဟုအမည်ပြောင်းပေး၏။ နောင်တော်ယောခတ်မင်းကြီးကိုမူကား နေခေါမင်းကြီးသည် အီဂျစ်ပြည်သို့ ခေါ်ဆောင်သွား၏။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးလက်ထက်နှင့် ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ဇေဒကိမင်းကြီး နန်းစံတစ်ဆယ့်တစ်နှစ်၊ ပဉ္စမလ ဂျေရုဆလင်မြို့သားတို့ ဖမ်းခေါ်သွားခြင်းခံရသည့်အချိန်ထိ ယေရမိထံသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၏။ ထိုအချိန်တွင် ဇေဒကိမင်းကြီးသည် မာလခိယသား ပါရှုရနှင့် မာသေယသား ယဇ်ပုရောဟိတ်ဇေဖနိတို့ကို ယေရမိထံသို့ စေလွှတ်လိုက်၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးက မင်းမြှောက်လိုက်သော ယောရှိမင်းကြီး၏သားတော်ဇေဒကိသည် ယောယကိမ်မင်းကြီး၏သားတော်ခေါနိ၏နေရာ၌ ယုဒပြည်ကို စိုးစံလေ၏။
ယုဒဘုရင်ဇေဒကိမင်းကြီး နန်းတက်စ၌ ဧလံပြည်နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိထံ ရောက်လာ၍
ဇေဒကိသည် အသက်နှစ်ဆယ့်တစ်နှစ်တွင် နန်းတက်၍ ဂျေရုဆလင်မြို့၌ တစ်ဆယ့်တစ်နှစ်စိုးစံလေ၏။ မယ်တော်ကား လိဗနမြို့သားယေရမိ၏သမီး ဟာမုတလအမည်ရှိ၏။
ထို့နောက် မင်းမျိုးမင်းနွယ်ထဲမှ လူတစ်ဦးကိုခေါ်ယူ၍ သူနှင့်ပဋိညာဉ်ဖွဲ့ကာ ကျိန်ဆိုထားခဲ့၏။ တိုင်းပြည်အကြီးအကဲများကိုမူ ဖမ်းခေါ်သွား၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ သူ့အား နန်းတင်ပေးခဲ့သည့် ဘုရင်နှင့် သူဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ခြင်းဖြင့် ထိုဘုရင်နှင့်ကျိန်ဆိုခဲ့သည်ကို သူမထီမဲ့မြင်ပြုသောကြောင့် ထိုဘုရင်၏တိုင်းပြည်ဘေဘီလုံမြို့တွင်ပင် သေဆုံးရမည်။
ဘေဘီလုံအမျိုးသားတို့သည်လည်း သူ့ထံရောက်လာ၍ သူနှင့်အတူ အိပ်ကြ၏။ သူနှင့်ဖောက်ပြန်မှားယွင်းပြီး သူ့ကိုညစ်ညူးစေ၏။ ထိုသူတို့ကို ရွံရှာသွားသည်အထိ သူ့ကိုညစ်ညူးစေကြ၏။
နန်းတော်အုပ်က သူတို့အား နာမည်သစ်များပေး၏။ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိယကို ရှာဒရက်၊ မိရှေလကို မေရှက်၊ အာဇရိကို အဗေဒနေဂေါ ဟုအမည်ပေး၏။