ဘေဘီလုံဘုရင်သည် စစ်သူရဲပေါင်းခုနစ်ထောင်၊ လက်မှုပညာသည်နှင့်ပန်းပဲပညာသည်ပေါင်းတစ်ထောင်စသည့် စစ်တိုက်နိုင်စွမ်းရှိသောသူအားလုံးကိုလည်း ဘေဘီလုံမြို့သို့ သုံ့ပန်းအဖြစ်ဖမ်းခေါ်သွား၏။
၄ ရာ 24:14 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဂျေရုဆလင်မြို့သားများအပါအဝင် မှူးမတ်များ၊ စစ်သူရဲများ၊ လက်မှုပညာသည်များ၊ ပန်းပဲသမားများအားလုံး စုစုပေါင်းလူတစ်သောင်းကို ဖမ်းခေါ်သွား၏။ ဆင်းရဲသောပြည်သူပြည်သားများမှအပ မည်သူမျှမကျန်တော့ပေ။ Common Language Bible နေဗုခဒ်နေဇာသည်ယေရုရှလင်မြို့သူမြို့သား များ၊ မင်းညီမင်းသားရှိသမျှနှင့်အမျိုးသား ခေါင်းဆောင်ရှိသမျှ စုစုပေါင်းလူတစ်သောင်း ကိုသုံ့ပန်းများအဖြစ်ဖမ်းဆီးသွား၏။ သူသည် အလွန့်အလွန်ဆင်းရဲသူများကိုသာလျှင် ယုဒပြည်တွင်ချန်ထားပြီးလျှင်ပန်းပဲဆရာ များမှစ၍ အတတ်ပညာသည်အပေါင်းကို ခေါ်ဆောင်သွားလေသည်။ Garrad Bible ယေ ရု ရှ လင် မြို့ ရှိ သ မျှ သော မှူး တော် မတ် တော်၊ သူ ဌေး၊ သူ ကြွယ်၊ ပန်း တဉ်း၊ ပန်း ပု၊ လူ ပေါင်း တစ် သောင်း ကို သိမ်း သွား ၍ ဆင်း ရဲ သော ပြည် သူ ပြည် သား တို့ ကို သာ ချန် ထား ခဲ့၏။ Judson Bible ယေရုရှလင်မြို့သားမှူးမတ်၊ ခွန်အားကြီးသော စစ်သူရဲတစ်သောင်း၊ အထူးထူးအပြားပြားသော ဆရာသမားအပေါင်းတို့ကိုသိမ်းသွား၍၊ သာမညဆင်းရဲသားမှတစ်ပါး အဘယ်သူမျှ မကျန်ကြွင်းရ။ |
ဘေဘီလုံဘုရင်သည် စစ်သူရဲပေါင်းခုနစ်ထောင်၊ လက်မှုပညာသည်နှင့်ပန်းပဲပညာသည်ပေါင်းတစ်ထောင်စသည့် စစ်တိုက်နိုင်စွမ်းရှိသောသူအားလုံးကိုလည်း ဘေဘီလုံမြို့သို့ သုံ့ပန်းအဖြစ်ဖမ်းခေါ်သွား၏။
သို့သော် ကိုယ်ရံတော်မှူးသည် ဆင်းရဲသောပြည်သားအချို့ကို ချန်ထား၍ စပျစ်ခြံများ၊ လယ်များတွင် အလုပ်လုပ်စေ၏။
အစ္စရေးတစ်မျိုးနွယ်လုံး၏မျိုးရိုးစဉ်ဆက်စာရင်းကို ရေးမှတ်၍ အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် မှတ်တမ်းတင်ထား၏။ ယုဒလူမျိုးတို့မူကား မိမိတို့ကျူးလွန်မိသောအမှားများကြောင့် ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်း ခံရကြ၏။
ဤသည်ကား ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ဖမ်းခေါ်သွားသဖြင့် သုံ့ပန်းအဖြစ် ဘေဘီလုံပြည်၊ နယ်မြေဒေသအသီးသီးသို့ရောက်သွားကြပြီး သုံ့ပန်းဘဝမှလွတ်မြောက်၍ ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ မိမိတို့နေရပ်အသီးသီးသို့ပြန်လာကြသောသူများ ဖြစ်ကြ၏။
ငါ့ညီတစ်ဦးဖြစ်သောဟာနနိနှင့် ယုဒလူတို့ ရောက်လာသဖြင့် သုံ့ပန်းဘဝမှလွတ်မြောက်၍ ကြွင်းကျန်သောဂျူးလူမျိုးများအကြောင်း၊ ဂျေရုဆလင်မြို့အကြောင်းတို့ကို မေးမြန်းကြည့်ရာ
ကိရှသည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးက ယုဒဘုရင်ယေခေါနိမင်းကြီးကို ဂျေရုဆလင်မြို့မှ ဖမ်းခေါ်သွားစဉ်တွင် သုံ့ပန်းအဖြစ် ပါသွားခဲ့သူဖြစ်၏။
သူရဲကောင်းနှင့်စစ်သည်မှစ၍ တရားသူကြီး၊ ပရောဖက်၊ ဂမ္ဘီရပညာတတ်မြောက်သူ၊ သက်ကြီးဝါကြီး၊
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ယောယကိမ်၏သား ယုဒဘုရင်ယေခေါနိမှစ၍ ယုဒပြည်၊ ဂျေရုဆလင်မြို့၌ရှိသောမှူးမတ်များအားလုံးကို ဂျေရုဆလင်မြို့မှ ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားသောအခါ ထိုအသုံးအဆောင်တို့ကို မယူသွားဘဲချန်ထားခဲ့၏။
ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်းခံရသော ယောယကိမ်၏သား ယုဒဘုရင်ယေခေါနိမင်းကြီးနှင့်တကွ ယုဒလူမျိုးအပေါင်းတို့ကိုလည်း ဤမြို့သို့ ပြန်ခေါ်ဆောင်လာမည်။ အကြောင်းမူကား ငါသည် ဘေဘီလုံဘုရင်၏ထမ်းပိုးကို ချိုးမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆို၏။
ယေခေါနိမင်းကြီး၊ မယ်တော်၊ နန်းတွင်းအကြီးအကဲများ၊ ယုဒပြည်ဂျေရုဆလင်မြို့၏မှူးမတ်များမှစ၍ လက်မှုပညာသည်နှင့် ပန်းပဲသမားတို့ ဂျေရုဆလင်မြို့မှ ထွက်သွားပြီးနောက်တွင် ရေးသား၍
သို့သော် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဘာမျှမရှိသောဆင်းရဲသားတို့ကို ယုဒပြည်၌ထားခဲ့၍ သူတို့အား စပျစ်ခြံနှင့်လယ်ယာမြေတို့ကို ပေးလေ၏။
ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားခြင်းမခံရသော ဆင်းရဲသားပြည်သားများဖြစ်သည့် ယောက်ျား၊ မိန်းမ၊ ကလေးတို့ကို အုပ်ချုပ်ရန် ဘေဘီလုံဘုရင်သည် အဟိကံ၏သားဂေဒလိကို ခန့်ထားကြောင်း တောထဲ၌ခိုနေသော စစ်သည်အကြီးအကဲအပေါင်းတို့ ကြားသိသောအခါ
သို့သော် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဆင်းရဲသောပြည်သားအချို့ကို ချန်ထား၍ စပျစ်ခြံများ၊ လယ်များတွင် အလုပ်လုပ်စေ၏။
နေဗုခဒ်နေဇာမင်းကြီး ဖမ်းခေါ်သွားသော ဂျူးလူမျိုး အရေအတွက်ကား ဤသို့ဖြစ်၏။ နေဗုခဒ်နေဇာမင်းကြီး နန်းစံခုနစ်နှစ်တွင် သုံးထောင်နှစ်ဆယ့်သုံးယောက်၊
ဤသို့ဖြင့် တိုင်းနိုင်ငံသည် နလန်မထူနိုင်အောင် ကျရှုံးသွားပြီး ပဋိညာဉ်ကို စောင့်ထိန်းမှသာ ရပ်တည်နိုင်မည့်အခြေအနေဖြစ်သွားရလေပြီ။
သင်သည် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက သန်စွမ်းသောတောင်ပံနှင့် ရှည်လျား၍အရောင်အသွေးစုံသောအမွေးအမှင်များရှိသည့် လင်းယုန်ငှက်ကြီးတစ်ကောင်သည် လက်ဘနွန်တောင်သို့လာ၍ သစ်ကတိုးပင်ထိပ်ဖျားတွင် နား၏။
ဘေဘီလုံသို့ရွှေ့ပြောင်းခြင်းခံရချိန်တွင် ယောရှိသည် သားယေခေါနိနှင့် သူ၏ညီအစ်ကိုများကိုရ၏။
ဘေဘီလုံသို့ ရွှေ့ပြောင်းခြင်းခံရပြီးနောက် ယေခေါနိသည် သားရှာလသေလကိုရ၏။ ရှာလသေလသည် သားဇေရုဗဗေလကိုရ၏။
သို့ဖြစ်၍ ဆွေမျိုးအစဉ်အဆက်စုစုပေါင်းကား အာဗြဟံမှ ဒါဝိဒ်အထိ တစ်ဆယ့်လေးဆက်၊ ဒါဝိဒ်မှ ဘေဘီလုံသို့ရွှေ့ပြောင်းခြင်းခံရသည့်အချိန်အထိ တစ်ဆယ့်လေးဆက်၊ ဘေဘီလုံသို့ရွှေ့ပြောင်းခြင်းခံရသည့်အချိန်မှ ခရစ်တော်အထိ တစ်ဆယ့်လေးဆက်ဖြစ်၏။
ထာဝရဘုရားသည် သင့်ကိုလည်းကောင်း၊ သင်တင်မြှောက်ထားသော သင့်ကိုအုပ်စိုးသည့်ရှင်ဘုရင်ကိုလည်းကောင်း သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော လူမျိုးထံသို့ ဆောင်သွားတော်မူသဖြင့် သင်သည် ထိုအရပ်၌ အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။
ဖိလိတ္တိလူမျိုးတို့က “ဟေဗြဲလူမျိုးတို့ကို ဓား၊ လှံ တစ်စုံတစ်ရာမျှ မလုပ်စေနှင့်”ဟု ဆိုသဖြင့် ထိုစဉ်က အစ္စရေးတစ်ပြည်လုံးတွင် ပန်းပဲသမားတစ်ယောက်မျှ မတွေ့ရချေ။