နေဟမိ 1:2 - မြန်မာ့စံမီသမ္မာကျမ်း2 ငါ့ညီတစ်ဦးဖြစ်သောဟာနနိနှင့် ယုဒလူတို့ ရောက်လာသဖြင့် သုံ့ပန်းဘဝမှလွတ်မြောက်၍ ကြွင်းကျန်သောဂျူးလူမျိုးများအကြောင်း၊ ဂျေရုဆလင်မြို့အကြောင်းတို့ကို မေးမြန်းကြည့်ရာ အခန်းကိုကြည့်ပါ။Common Language Bible2 ငါ၏ညီဟာနန်နှင့်ယုဒအမျိုးသားတစ်စု သည် ထိုမြို့သို့ရောက်လာကြ၏။ ထိုအခါငါ သည်သူတို့အားပြည်နှင်ဒဏ်သင့်ရာဗာဗုလုန် ပြည်မှယေရုရှလင်မြို့သို့ပြန်လည်ရောက်ရှိ လာကြသူ ယုဒညီအစ်ကိုများနှင့်ယေရု ရှလင်မြို့၏အကြောင်းကိုမေးမြန်းရာ၊- အခန်းကိုကြည့်ပါ။Garrad Bible2 ညီ ဟာ နန် နှင့် ယု ဒ ပြည် မှ လာ ရောက် သူ တို့ အ ချို့ တို့ ဝင် ကြ သော်၊ သုံ့ ဘမ်း ခံ ရာ မှ လွတ် မြောက် ကြွင်း ကျန် သော ယု ဒ လူ မျိုး တို့ အ ကြောင်း နှင့်၊ ယေ ရု ရှ လင် မြို့ အ ကြောင်း ကို ငါ မေး မြန်း ရာ၊ အခန်းကိုကြည့်ပါ။Judson Bible2 ငါ့ညီ ဟာနန်နှင့် ယုဒလူအချို့တို့သည် ရောက်လာ၍၊ ငါသည် သိမ်းသွားခြင်းကို ခံရသော ယုဒလူစုထဲက လွတ်သောသူတို့၏ အကြောင်းအရာနှင့်၊ ယေရုရှလင်မြို့၏ အကြောင်းအရာကိုမေးမြန်းလျှင်၊ အခန်းကိုကြည့်ပါ။ |
ထိုသို့ ဖမ်းသွားခြင်းခံရ၍ လူမျိုးခြားတို့အလယ်ရောက်ရှိနေသော ကြွင်းကျန်သူတို့သည် စိတ်နှလုံးဖောက်ပြန်၍ ငါ့ထံမှလမ်းလွဲသွားသောကြောင့်၊ မျက်စိဖောက်ပြန်၍ ရုပ်တုများနောက်သို့ လိုက်သွားခဲ့သောကြောင့် ငါမည်မျှရင်ကျိုးခဲ့ရသည်ကို သူတို့သိနားလည်လာကြလိမ့်မည်။ သူတို့ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်မကောင်းမှုများကြောင့် သူတို့ကိုယ်သူတို့ စက်ဆုပ်ရွံရှာကြလိမ့်မည်။