ယေဇကျေလ 17:14 - မြန်မာ့စံမီသမ္မာကျမ်း14 ဤသို့ဖြင့် တိုင်းနိုင်ငံသည် နလန်မထူနိုင်အောင် ကျရှုံးသွားပြီး ပဋိညာဉ်ကို စောင့်ထိန်းမှသာ ရပ်တည်နိုင်မည့်အခြေအနေဖြစ်သွားရလေပြီ။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုနိုင်ငံသည်ယုတ်ညံ့၍ နောက်တစ်ဖန်မထမကြွဘဲ၊ သစ္စာတော်ကို စောင့်သောအားဖြင့်သာတည်စေခြင်းငှာ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်း သိမ်းသွားပြီ။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။