၄ ရာ 24:13 - မြန်မာ့စံမီသမ္မာကျမ်း
ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်းပင် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့မှ ရှိသမျှကို ယူဆောင်သွား၏။ ထာဝရဘုရား၏ဗိမာန်တော်ရှိ အစ္စရေးဘုရင်ရှောလမုန်မင်းကြီးပြုလုပ်ထားခဲ့သော ရွှေအသုံးအဆောင်အားလုံးကိုလည်း ချိုးဖဲ့ဖျက်ဆီး၍ယူဆောင်သွားလေ၏။
အခန်းကိုကြည့်ပါ။
ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာရှိသမျှကို ဗာဗုလုန်ပြည်သို့သိမ်းယူသွားတော်မူ၏။ ထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း နေဗုခဒ်နေဇာသည် ဗိမာန်တော်တွင်သုံးရန် ရှောလမုန်မင်းပြုလုပ်ထားသည့်ရွှေတန်ဆာ ရှိသမျှကိုချွတ်ယူလေသည်။-
အခန်းကိုကြည့်ပါ။
ဗိ မာန် တော်၊ နန်း တော်၊ ဘ ဏ္ဍာ ရှိ သ မျှ ကို သိမ်း ယူ လျက် ဗိ မာန် တော် တွင် ဣ သ ရေ လ ဘု ရင် ရှော လ မုန် မင်း မွမ်း မံ ခဲ့ သော ရွှေ တန် ဆာ များ ကို ချွတ် ယူ ပြီး လျှင်
အခန်းကိုကြည့်ပါ။
ထာဝရဘုရား မိန့်တော်မူဖူးသည်အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်းသွား၍၊ ဗိမာန်တော်အဖို့ ဣသရေလရှင်ဘုရင်လုပ်သော ရွှေတန်ဆာအလုံးစုံတို့ကို အပိုင်းပိုင်းဖြတ်လေ၏။
အခန်းကိုကြည့်ပါ။