ပြည်တော်တွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာလည်း ရှိ၏။ အစ္စရေးလူမျိုးတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့ပြုသည့် စက်ဆုပ်ရွံရှာဖွယ်အရာရှိသမျှတို့ကို ပြုကြ၏။
၄ ရာ 23:7 - မြန်မာ့စံမီသမ္မာကျမ်း မိန်းမတို့ အာရှရနတ်ဘုရားမတံခွန်တိုင်အဖို့ ရွက်ဖျင်များကို ရက်လုပ်သောနေရာဖြစ်သည့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းရှိ မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာတို့၏အိမ်များကိုလည်း ဖြိုပစ်၏။ Common Language Bible ဘာသာရေးဆိုင်ရာပြည့်တန်ဆာ တို့၏နေအိမ်များကိုလည်းဖျက်ဆီးတော်မူ၏။ (အာရှာရဘုရားမအားဝတ်ပြုကိုးကွယ်ရာ ၌ အသုံးပြုသည့်ဝတ်လုံများကိုထိုနေအိမ် များတွင်အမျိုးသမီးတို့ရက်လုပ်ကြသည်။-) Garrad Bible အ ရှဲ ရာ နတ် အ ဖို့၊ ဗိ မာန် တော် တွင် မိန်း မ တို့ ရက်၍ ကာ ထား သော၊ ပြည့် တန် ဆာ ယောက်ျား တို့ အ ခန်း ကို လည်း ဆွဲ ချ လျက် Judson Bible မိန်းမတို့သည် အာရှရပင်အဖို့ ကုလားကာကိုရက်ရာအရပ် ဗိမာန်တော်နားမှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက်တော်မူ၏။ |
ပြည်တော်တွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာလည်း ရှိ၏။ အစ္စရေးလူမျိုးတို့ထံမှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့ပြုသည့် စက်ဆုပ်ရွံရှာဖွယ်အရာရှိသမျှတို့ကို ပြုကြ၏။
သူသည် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာများကိုလည်း တိုင်းပြည်မှနှင်ထုတ်ပစ်၏။ ဘိုးဘေးတို့ပြုလုပ်ထားသောရုပ်တုရှိသမျှတို့ကိုလည်း ဖယ်ရှားပစ်ခဲ့၏။
သူသည် ခမည်းတော်လက်ထက်မှကျန်နေခဲ့သော မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာများကို ပြည်တော်မှ ဖယ်ရှားပစ်၏။
ထို့နောက် ယောရှိမင်းကြီးသည် အစ္စရေးအမျိုးသားတို့ပိုင်သောနယ်မြေတစ်ဝန်းလုံးရှိ စက်ဆုပ်ရွံရှာဖွယ်ရုပ်တုအားလုံးကို ဖယ်ရှား၍ အစ္စရေးပြည်သားအားလုံးကို မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ဝတ်ပြုကိုးကွယ်စေ၏။ ယောရှိမင်းကြီးလက်ထက်တစ်လျှောက်လုံး သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံမှ လမ်းမလွဲဘဲ နောက်တော်သို့လိုက်ကြလေ၏။
သင်သည် အဝတ်အစားအချို့ကိုယူပြီး အထွတ်အမြတ်ထားရာနေရာတို့ကို ရောင်စုံခြယ်လျက် မလုပ်သင့်၊ မလုပ်ထိုက်သော ဖောက်ပြန်မှားယွင်းခြင်းကိုပြု၏။
တစ်ဖန် ငါ့အား မြောက်ဘက်ရှိ ထာဝရဘုရား၏အိမ်တော်တံခါးဝသို့ ဆောင်သွားရာ ထိုနေရာ၌ မိန်းမတို့သည် တမ္မုဇနတ်ဘုရားအတွက် ထိုင်ငိုနေကြသည်ကို ငါတွေ့ရ၏။
သူသည် ဗာလဘုရားပွဲနေ့များ၌ နံ့သာပေါင်းကိုမီးရှို့၍ နှာကွင်းနှင့် လက်ဝတ်ရတနာကိုဆင်မြန်းလျက် ချစ်သူများနောက်သို့လိုက်ပြီး ငါ့ကိုမေ့လျော့သည့်အတွက် သူ့အား ငါဒဏ်ခတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူတို့သည် တောင်ထိပ်များပေါ်တွင် ယဇ်ပူဇော်ပြီး တောင်ကုန်းများပေါ်တွင်လည်းကောင်း၊ အရိပ်ကောင်းသောဝက်သစ်ချပင်၊ ပေါ့ပလာပင်၊ သပိတ်ပင်တို့အောက်တွင်လည်းကောင်း နံ့သာပေါင်းကို မီးရှို့ပူဇော်ကြ၏။ ထို့ကြောင့် သင်တို့၏သမီးတို့သည် ပြည့်တန်ဆာလုပ်ပြီး ချွေးမတို့သည် အိမ်ထောင်ရေးဖောက်ပြန်ကြ၏။
ပြည့်တန်ဆာလုပ်သောသင်တို့၏သမီးများ၊ အိမ်ထောင်ရေးဖောက်ပြန်ကြသောသင်တို့၏ချွေးမများကို ငါဒဏ်မခတ်။ အကြောင်းမှာ ယောက်ျားများကိုယ်တိုင် ပြည့်တန်ဆာတို့နှင့်ပေါင်းဖော်ကြ၏။ ဗိမာန်ပြည့်တန်ဆာတို့နှင့်အတူ ယဇ်ပူဇော်ကြ၏။ ထို့ကြောင့် အသိဉာဏ်မရှိသောသူတိုင်း ပျက်စီးရလိမ့်မည်။
အစ္စရေးလူမျိုးတို့သည် ရှိတ္တိမ်အရပ်၌ နေထိုင်ကြစဉ် မောဘအမျိုးသမီးတို့နှင့် စ၍ဖောက်ပြန်မှားယွင်းလာကြ၏။
အစ္စရေးအမျိုးသမီးများထဲတွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာမိန်းမပြည့်တန်ဆာမရှိရ။ အစ္စရေးအမျိုးသားထဲတွင် မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာမရှိရ။