“ယုဒဘုရင်မနာရှေမင်းကြီးသည် စက်ဆုပ်ရွံရှာဖွယ်အမှုများကို ပြုပြီ။ သူ့အလျင်ရှိခဲ့သောအာမောရိလူမျိုးတို့ထက် သာ၍မကောင်းမှုများကို ပြုပြီ။ သူလုပ်ခဲ့သောရုပ်တုများဖြင့် ယုဒလူမျိုးတို့ကို အပြစ်ပြုစေပြီ။
၄ ရာ 21:20 - မြန်မာ့စံမီသမ္မာကျမ်း အာမုန်သည် ခမည်းတော်မနာရှေမင်းကြီးပြုခဲ့သည့်အတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ Common Language Bible အာမုန်သည်မိမိ၏ခမည်းတော်မနာရှေကဲ့ သို့ပင် ထာဝရဘုရားအားပြစ်မှားလေသည်။- Garrad Bible ထို မင်း သည် ခ မည်း တော် မ နာ ရှေ မင်း အ လိုက် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လျက် Judson Bible ထိုမင်းသည် ခမည်းတော်မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။ |
“ယုဒဘုရင်မနာရှေမင်းကြီးသည် စက်ဆုပ်ရွံရှာဖွယ်အမှုများကို ပြုပြီ။ သူ့အလျင်ရှိခဲ့သောအာမောရိလူမျိုးတို့ထက် သာ၍မကောင်းမှုများကို ပြုပြီ။ သူလုပ်ခဲ့သောရုပ်တုများဖြင့် ယုဒလူမျိုးတို့ကို အပြစ်ပြုစေပြီ။
ခမည်းတော်လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်ပြီး ခမည်းတော် ဝတ်ပြုခဲ့သောရုပ်တုတို့ကိုလည်း ဝတ်ပြုကိုးကွယ်၏။
သူသည် ဘိုးဘေးတို့ပြုခဲ့သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
ယောယကိမ်မင်းကြီးသည် ဘိုးဘေးတို့ပြုခဲ့သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
ဇေဒကိမင်းကြီးသည် ယောယကိမ်မင်းကြီးပြုခဲ့သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
မျိုးဆက်သစ်အပြစ်သားတို့၊ သင်တို့သည် သင်တို့ဖခင်များ၏နေရာကို ယူ၍ အစ္စရေးလူမျိုးတို့အပေါ် ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်ကို ထပ်တိုးစေကြသည်တကား။
သင်တို့သည်လည်း သင်တို့ဘိုးဘေးများ၏အပြစ်ပမာဏကိုပြည့်အောင် ဖြည့်စွက်ကြလော့။
ခေါင်းမာ၍ နားနှင့်စိတ်နှလုံးတို့၌ အရေဖျားလှီးခြင်းမရှိသောသူတို့၊ သင်တို့သည်လည်း သင်တို့၏ဘိုးဘေးများနည်းတူ သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ဆန့်ကျင်ဘက်ပြုကြ၏။