ထာဝရဘုရားက ကြည့်ရှုလော့။ ယုဒဘုရင် ဖတ်ခဲ့ရသောကျမ်းစကားရှိသမျှအတိုင်း ငါသည် ဤမြို့နှင့်မြို့သားတို့ကို ဘေးအန္တရာယ်နှင့် ကြုံတွေ့စေမည်။
၄ ရာ 21:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ကြားရသူတို့ နားခါးရလောက်အောင် ယုဒပြည်၊ ဂျေရုဆလင်မြို့ကို ဘေးအန္တရာယ်နှင့် ကြုံတွေ့စေမည်။ Common Language Bible သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သတင်း ကြားသူတိုင်းအံ့သြလောက်အောင် ယေရုရှလင် မြို့နှင့်ယုဒပြည်အားဘေးသင့်စေမည်။- Garrad Bible ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင်၊ ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား ကြား သူ တိုင်း နား နှစ် ဖက် အူ လောက် ဖွယ် ဘေး ကို ယေ ရု ရှ လင် မြို့ နှင့် ယု ဒ တစ် ပြည် လုံး ငါ သင့် စေ၍ Judson Bible ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သတင်းကြားသောသူတိုင်း နားနှစ်ဖက်ခါးစေခြင်းငှာ ငါသည် ယေရုရှလင်မြို့၊ ယုဒပြည်၌ ဘေးရောက်စေမည်။ |
ထာဝရဘုရားက ကြည့်ရှုလော့။ ယုဒဘုရင် ဖတ်ခဲ့ရသောကျမ်းစကားရှိသမျှအတိုင်း ငါသည် ဤမြို့နှင့်မြို့သားတို့ကို ဘေးအန္တရာယ်နှင့် ကြုံတွေ့စေမည်။
ကမ္ဘာမြေကြီးသည် မြေကြီးသားတို့ကြောင့် ညစ်ညူးလေပြီ။ အကြောင်းမူကား သူတို့သည် ပညတ်တရားများကို ကျူးလွန်ကြ၏။ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကြ၏။ ထာဝရပဋိညာဉ်ကို ချိုးဖောက်ကြ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ အစစ်ခံပြီးသောကျောက်၊ တည်ထားသောအုတ်မြစ်အတွက် အဖိုးတန်သောထောင့်ချုပ်ကျောက်ကို ဇိအုန်တောင်ပေါ်တွင် ငါချထား၏။ ထိုကျောက်ကို ယုံကြည်သောသူသည် စိုးရိမ်တုန်လှုပ်မည်မဟုတ်။
‘အို ယုဒဘုရင်နှင့် ဂျေရုဆလင်မြို့သားတို့၊ ထာဝရဘုရားမိန့်တော်မူသောစကားကိုနားထောင်ကြလော့။ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါသည် ဤအရပ်၌ဘေးအန္တရာယ် ကျရောက်စေမည်။ ကြားရသူတိုင်း နားခါးလိမ့်မည်။
အကျွန်ုပ်တို့အပေါ် ဘေးဆိုးကြီး ကျရောက်စေခြင်းဖြင့် အကျွန်ုပ်တို့နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးသောအုပ်စိုးရှင်တို့အား ကိုယ်တော်မိန့်တော်မူခဲ့သည့်စကားတော်ကို ပြည့်စုံစေတော်မူပြီ။ အကြောင်းမူကား ကောင်းကင်တစ်ခွင်အောက်၌ တစ်ခါမျှမဖြစ်ဖူးသောအရာသည် ဂျေရုဆလင်မြို့တွင် ဖြစ်လေပြီ။
“မြေကြီးပေါ်ရှိလူသားမျိုးနွယ်တို့တွင် သင်တို့တစ်မျိုးနွယ်တည်းကိုသာ ငါသိမှတ်သည်ဖြစ်၍ သင်တို့အပြစ်ရှိသမျှကို ငါစစ်ကြောမည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ သင်တို့ကြောင့် ဇိအုန်မြို့သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကို ခံရမည်။ ဂျေရုဆလင်မြို့သည်လည်း အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရှိရာတောင်သည်လည်း တောအုပ်ဖြစ်လိမ့်မည်။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “ကြည့်ရှုလော့။ ကြားရသူတိုင်း နားခါးစေမည့်အဖြစ်ကို အစ္စရေးလူမျိုးတွင် ငါပြုမည်။