ဟာမတ်ဘုရင်၊ အာပဒ်ဘုရင်တို့အဘယ်မှာရှိတော့သနည်း။ သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့တို့၏ဘုရင်တို့သည်လည်း အဘယ်မှာရှိတော့သနည်း”ဟု ပြောကြားစေ၏။
ဟာမတ်မြို့၊ အာပဒ်မြို့၊ သေဖရဝိမ်မြို့၊ ဟေန မြို့နှင့်ဣဝါမြို့တို့တွင်စိုးစံခဲ့သောဘုရင် များသည်အဘယ်မှာနည်း'' ဟုဖော်ပြပါ ရှိ၏။
ဟာ မတ်၊ အာ ပဒ် ဘု ရင် များ မှ စ၍ သေ ဖ ရ ဝိမ်၊ ဟေ န၊ ဣ ဝါ ဘု ရင် တို့ ကား အ ဘယ် မှာ နည်း ဟူ၍ ယု ဒ ဘု ရင် ဟေ ဇ ကိ မင်း အား ပြန် ကြား ကြ လော့ ဟု မိန့် မှာ လေ ၏။
ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့ကိုစိုးစံသောမင်းကြီးတို့သည် အဘယ်မှာရှိကြသနည်းဟု မှာလိုက်လေ၏။
အဆီးရီးယားဘုရင်သည် ဘေဘီလုံမြို့၊ ကုသမြို့၊ အာဝမြို့၊ ဟာမတ်မြို့၊ သေဖရဝိမ်မြို့တို့မှ လူတို့ကို ခေါ်လာပြီး အစ္စရေးအမျိုးသားတို့နေရာ ရှမာရိမြို့ရွာများတွင် နေထိုင်စေ၏။ ဤသို့ဖြင့် ထိုသူတို့သည် ရှမာရိမြို့ကို အပိုင်စီးထားပြီး ရှမာရိမြို့ရွာတို့တွင် နေထိုင်ကြလေ၏။
မည်သည့်လူမျိုးတစ်မျိုးမျိုး၏ဘုရားတို့သည် မိမိပြည်ကို အဆီးရီးယားဘုရင်၏လက်မှ ကယ်နုတ်နိုင်ခဲ့သနည်း။
ဟာမတ်ပြည်၊ အာပဒ်ပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်၊ ဣဝါပြည်၏ဘုရားတို့သည် အဘယ်မှာနည်း။ စင်စစ် ထိုဘုရားတို့သည် ရှမာရိမြို့ကို ငါ့လက်မှ ကယ်နုတ်ခဲ့ပြီလော။
ထို့နောက် ရှောလမုန်မင်းကြီးသည် ဟာမတ်ဇောဘတ်မြို့ကို ချီတက်သိမ်းပိုက်၏။
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
ခါလဒဲစစ်သည်တို့ကလည်း သူတို့နောက်သို့လိုက်ရာ ဂျေရိခေါလွင်ပြင်တွင် ဇေဒကိမင်းကြီးကိုမီသဖြင့် သူ့ကိုဖမ်းပြီး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးရှိရာ ဟာမတ်ပြည်၊ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ ဘေဘီလုံဘုရင်သည် ဇေဒကိမင်းကြီးကို စီရင်ချက်ချလေ၏။
ဒမတ်စကပ်မြို့နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဟာမတ်မြို့၊ အာပဒ်မြို့သည် မကောင်းသတင်းကိုကြားရသောကြောင့် အရှက်ကွဲလေပြီ၊ စိတ်အားလျော့လေပြီ၊ ပင်လယ်လှိုင်းကဲ့သို့ မငြိမ်မသက်ဖြစ်ပြီး စိုးရိမ်ပူပန်နေကြပြီ။
ထိုမြို့နှင့်နယ်နိမိတ်ထိစပ်သောဟာမတ်မြို့အပေါ်သို့လည်း သက်ရောက်၏။ တိုင်ရာမြို့နှင့် ဆီဒုန်မြို့တို့သည် အလွန်ဉာဏ်ပညာရှိသောကြောင့် ထိုမြို့တို့အပေါ်သို့ သက်ရောက်လေ၏။
ထိုသူတို့သည် တက်သွား၍ ဇိနတောကန္တာရမှ လီဘိုဟာမတ်အရပ်အနီး ရဟောဘအရပ်တိုင်အောင် ထိုပြည်ကို စူးစမ်းကြ၏။
ဟောရတောင်မှ လီဘိုဟာမတ်အရပ်အထိ ပိုင်းခြား၍ ထိုမှ နယ်နိမိတ်သည် ဇေဒဒ်အရပ်အထိရောက်ရမည်။