ဂျေရုဆလင်မြို့တွင် အာမဇိမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် သူသည် လာခိရှမြို့သို့ ထွက်ပြေးသွား၏။ သို့သော် လာခိရှမြို့အထိလူကိုစေလွှတ်၍ ထိုအရပ်၌ သူ့ကိုကွပ်မျက်ကြ၏။
၄ ရာ 18:17 - မြန်မာ့စံမီသမ္မာကျမ်း အဆီးရီးယားဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ ချီသွားကြ၏။ သူတို့ ရောက်သွားသောအခါ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချပြီး Common Language Bible အာရှုရိဧကရာဇ်ဘုရင်သည် ယေရုရှလင်မြို့ ကိုတိုက်ခိုက်ရန် မိမိ၏ထိပ်သီးအရာရှိသုံးဦး အုပ်ချုပ်သည့်တပ်မတော်ကြီးကိုလာခိရှမြို့ မှစေလွှတ်လိုက်လေသည်။ ယေရုရှလင်မြို့သို့ ရောက်သောအခါ သူတို့သည်အထက်ရေကန်မှ စီးဆင်းလာသည့်ရေမြောင်းအနီး အထည်ယက် လုပ်သူတို့၏အလုပ်စခန်းတည်ရာလမ်းတွင် တပ်စခန်းချကြ၏။- Garrad Bible သို့ ရာ တွင် အာ ရှု ရိ ဘု ရင် သည် ယေ ရု ရှ လင် မြို့၊ ဟေ ဇ ကိ မင်း ထံ သို့ လာ ခိ ရှ မြို့ မှ တာ တန်၊ ရာ ဗ သာ ရိတ်၊ ရာ ဗ ရှာ ခ ဘွဲ့ ခံ ဗိုလ် မင်း တို့ ကို များ စွာ အ လုံး အ ရင်း နှင့် တ ကွ ချီ တက် စေ သည့် အ တိုင်း၊ ဆိုက် ရောက် ရာ ခ ဝါ သည် မြေ ကွက် ရှိ လမ်း မ အ နီး၊ အ ထက် ရေ ကန် ပြွန် ဝ နား တွင် စွဲ ရပ် ကြ ပြီး လျှင် Judson Bible နောက်တစ်ဖန် အာရှုရိရှင်ဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို များစွာသော ဗိုလ်ခြေနှင့်တကွ၊ လာခိရှမြို့မှ ယေရုရှလင်မြို့၊ ဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့်၊ သူတို့သည် ရောက်သောအခါ၊ ခဝါသည်၏ လယ်နားမှာလျှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ ရပ်နေကြ၏။ |
ဂျေရုဆလင်မြို့တွင် အာမဇိမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် သူသည် လာခိရှမြို့သို့ ထွက်ပြေးသွား၏။ သို့သော် လာခိရှမြို့အထိလူကိုစေလွှတ်၍ ထိုအရပ်၌ သူ့ကိုကွပ်မျက်ကြ၏။
တစ်ချိန်တည်းမှာပင် ဟေဇကိမင်းကြီးသည် ထာဝရဘုရား၏ဗိမာန်တော်တံခါးမှ ရွှေများကိုလည်းကောင်း၊ သူကိုယ်တိုင်မွမ်းမံထားသော တံခါးတိုင်တို့မှ ရွှေများကိုလည်းကောင်း ချွတ်ခွာပြီး အဆီးရီးယားဘုရင်အား ပေးလိုက်လေ၏။
သင်သည် တမန်များကိုစေလွှတ်၍ ဘုရားရှင်ကိုစော်ကားပြောဆိုစေခဲ့၏။ သင်က ငါ၏စစ်ရထားများစွာဖြင့် လက်ဘနွန်တောင်ထိပ်အစွန်အဖျားသို့ ငါတက်ခဲ့ပြီ။ ထိုတောင်ပေါ်ရှိ မြင့်မားသောသစ်ကတိုးပင်၊ အကောင်းဆုံးထင်းရှူးပင်တို့ကို ငါခုတ်လှဲခဲ့ပြီ။ တောနက်ကြီး၏အစွန်အဖျားသို့လည်း ငါရောက်ခဲ့ပြီ။
ဟေရှာယက သူတို့အား “သင်တို့သခင်ကို ဤသို့လျှောက်ထားကြလော့။ ထာဝရဘုရားက ‘ငါ့အား အဆီးရီးယားဘုရင်၏ငယ်သားတို့ စော်ကားပြောဆိုသည့်စကားကို သင်ကြားရသည့်အတွက် မကြောက်နှင့်။
ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ ရေမြောင်းရေကန်ဆောက်လုပ်ခဲ့ပုံ၊ မြို့တွင်းသို့ ရေသွင်းပေးခဲ့ပုံ စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ထိုမင်းကြီးသည် ယုဒပြည်ရှိ ခံတပ်မြို့များကို သိမ်းပိုက်ပြီး ဂျေရုဆလင်မြို့တိုင်အောင် ဆက်လက်ချီတက်၏။
ထို့နောက်တွင် အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးသည် မိမိဗိုလ်ခြေအပေါင်းတို့နှင့်အတူ လာခိရှမြို့ကိုဝိုင်းထားပြီး မိမိအမှုထမ်းများကို ဂျေရုဆလင်မြို့သို့စေလွှတ်၍ ယုဒဘုရင်ဟေဇကိမင်းကြီးနှင့် ဂျေရုဆလင်မြို့ရှိယုဒလူမျိုးအပေါင်းတို့အား
အဆီးရီးယားဘုရင်သာဂုန်မင်းကြီးစေလွှတ်သော တာတန်သည် အာဇုတ်မြို့သို့လာပြီး အာဇုတ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်သော ထိုနှစ်၊
အဆီးရီးယားဘုရင်သည် ရာဗရှာခကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်လေ၏။ ရာဗရှာခသည် ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချလေ၏။
ထိုအခါ ထာဝရဘုရားက ဟေရှာယအား “သင်သည် သင်၏သားရှာယာရှုပ်နှင့်အတူ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းအဆုံး၌ အာခတ်မင်းကြီးနှင့် သွားရောက်တွေ့ဆုံ၍