ဟောရှေမင်းကြီးအား အဆီးရီးယားဘုရင်ရှာလမနေဇာမင်းကြီး ချီတက်တိုက်ခိုက်ရာ ဟောရှေမင်းကြီးသည် သူ၏လက်အောက်ခံအဖြစ်ခံယူပြီး အခွန်ဆက်သရလေ၏။
၄ ရာ 17:4 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဟောရှေမင်းကြီးသည် အီဂျစ်ဘုရင်သွာမင်းကြီးထံသို့ တမန်များစေလွှတ်ဆက်သွယ်သည့်အပြင် အဆီးရီးယားဘုရင်ထံ နှစ်စဉ်ဆက်သရမည့်အခွန်ကိုလည်း မဆက်သတော့ဘဲ ပုန်ကန်ဖို့လျှို့ဝှက်ကြံစည်နေသည်ကို အဆီးရီးယားဘုရင် သိရှိလျှင် အဆီးရီးယားဘုရင်သည် သူ့ကိုဖမ်းပြီး ထောင်ထဲ၌ အကျဉ်းချထားလေ၏။ Common Language Bible သို့ရာတွင်နှစ်တစ်နှစ်တွင်ဟောရှေသည် အီဂျစ် ဘုရင်သွာမင်းထံသို့သံတမန်များစေလွှတ်၍ အကူအညီတောင်းခံပြီးလျှင် အာရှုရိပြည် သို့အခွန်ဘဏ္ဍာမဆက်သဘဲနေ၏။ ဤအခြင်း အရာကိုရှာလမနေဇာသိရှိသောအခါ ဟောရှေအားဖမ်းဆီး၍ထောင်သွင်းထားစေ၏။ Garrad Bible နှစ် စဉ် ဆက် မြဲ ပ ဏ္ဏာ ကို မ ဆက် ဘဲ အိ ဂျစ် ဘု ရင် သွာ မင်း ထံ ရာ ဇ သံ စေ လွှတ် ၏။ တော် လှန် မည့် အ ကြံ ကို အာ ရှု ရိ ဘု ရင် ရိပ် မိ သ ဖြင့်၊ ဖမ်း ယူ ချုပ် ထား ပြီး လျှင် Judson Bible နောက်တစ်ဖန် နှစ်တိုင်းဆက်ရသော အခွန်ကိုမဆက်။ သွာအမည်ရှိသော အဲဂုတ္တုရှင်ဘုရင်ထံသို့ သံတမန်ကိုစေလွှတ်၍၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိရှင်ဘုရင်သိသဖြင့်၊ ဟောရှေကိုဖမ်းဆီး၍ ထောင်ထဲမှာချုပ်ထားပြီးလျှင်၊ |
ဟောရှေမင်းကြီးအား အဆီးရီးယားဘုရင်ရှာလမနေဇာမင်းကြီး ချီတက်တိုက်ခိုက်ရာ ဟောရှေမင်းကြီးသည် သူ၏လက်အောက်ခံအဖြစ်ခံယူပြီး အခွန်ဆက်သရလေ၏။
ထို့နောက် အဆီးရီးယားဘုရင်သည် အစ္စရေးပြည်တစ်ပြည်လုံးသို့ ဝင်ရောက်ကျူးကျော်ပြီး ရှမာရိမြို့သို့ ချီတက်သွား၍ မြို့ကိုသုံးနှစ်မျှဝိုင်းရံထား၏။
ကြည့်ရှုလော့။ ယခု သင်သည် ကျိုးနေသောကျူတောင်ဝှေးဖြစ်သည့် အီဂျစ်ပြည်ကို ကိုးစား၏။ ထိုတောင်ဝှေးကိုမှီလျှင် မှီသောသူ၏လက်ကို ထုတ်ချင်းပေါက်အောင် စူးတတ်၏။ အီဂျစ်ဘုရင်ဖာရောမင်းကြီးသည် မိမိအား ကိုးစားသောသူအပေါင်းတို့ကို ထိုသို့ပြုတတ်၏။
ယောယကိမ်မင်းကြီးလက်ထက်တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချီလာ၍တိုက်ခိုက်သဖြင့် ယောယကိမ်မင်းကြီးသည် သူ့လက်အောက်ခံအဖြစ် သုံးနှစ်နေရ၏။ ထို့နောက် သူ့ကို ပြန်လည်ပုန်ကန်ခဲ့၏။
ထာဝရဘုရား အမျက်တော်ကြောင့် ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်ကို ရှေ့တော်မှဖယ်ရှားလိုက်သည်အထိ ဤသို့ဖြစ်ရခြင်း ဖြစ်၏။ ဇေဒကိမင်းကြီးသည်လည်း ဘေဘီလုံဘုရင်ကို ပြန်၍ပုန်ကန်၏။
ဇေဒကိမင်းကြီး၏သားတို့ကို ဇေဒကိမင်းကြီးရှေ့မှောက်တွင်ပင် သတ်၏။ ဇေဒကိမင်းကြီး၏မျက်စိကိုလည်းဖောက်ထုတ်ပြီး သူ့ကို ကြေးနီကြိုးဖြင့်ချည်နှောင်ကာ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
ဟေဇကိမင်းကြီးက ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို အဆီးရီးယားဘုရင်လက်မှ ကယ်နုတ်လိမ့်မည်ဟု ဆိုလျက် အစာရေစာပြတ်လပ်၍ သေစေရန် သင်တို့ကို လှည့်စားပြီမဟုတ်လော။
သူတို့ပြောသောစကားသည် စကားသက်သက်သာ ဖြစ်၏။ ပဋိညာဉ်ဖွဲ့ရာ၌ အချည်းနှီးကျိန်ဆိုကြ၏။ ထို့ကြောင့် တရားစီရင်ခြင်းသည် ထွန်ကြောင်းပေါ်တွင် ပေါက်သောအဆိပ်ပင်ကဲ့သို့ ဖြစ်လိမ့်မည်။
ထာဝရဘုရားသည် ယုဒကို စွဲချက်တင်တော်မူပြီ။ ယာကုပ်ကို သူကျင့်ကြံခဲ့သည့်အတိုင်း သူ့ကိုဒဏ်ခတ်တော်မူမည်။ သူလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့ကိုပြန်ပေးဆပ်စေမည်။
အမြို့မြို့တွင်နေသောသင်တို့ကို ကယ်တင်မည့်ဘုရင်ကား အဘယ်မှာနည်း။ ‘အကျွန်ုပ်တို့အား ရှင်ဘုရင်၊ အကြီးအကဲကို ပေးပါ’ဟု သင်တို့တောင်းဆိုခဲ့သော အုပ်ချုပ်သူကား အဘယ်မှာနည်း။
သူတို့သည် လူမျိုးခြားတို့ထံမှ ချစ်သူများငှားရမ်းသော်လည်း သူတို့ကို ငါပြန်လည်စုစည်းမည်။ ဘုရင်နှင့် အကြီးအကဲတို့ တင်သောဝန်ကို လေးလံစွာထမ်းရသောကြောင့် သူတို့သည် ယုတ်လျော့စပြုလိမ့်မည်။
ထာဝရဘုရားသည် သင့်ကိုလည်းကောင်း၊ သင်တင်မြှောက်ထားသော သင့်ကိုအုပ်စိုးသည့်ရှင်ဘုရင်ကိုလည်းကောင်း သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော လူမျိုးထံသို့ ဆောင်သွားတော်မူသဖြင့် သင်သည် ထိုအရပ်၌ အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။