ကျန်ရှိနေသော ယောရှမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
၄ ရာ 16:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် အာခတ်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာရှိ တွေ့သမျှရွှေငွေတို့ကိုလည်း ယူ၍ အဆီးရီးယားဘုရင်အား တံစိုးလက်ဆောင်ဆက်သလိုက်၏။ Common Language Bible အာခတ်သည်ဗိမာန်တော်နှင့်နန်းတော်ဘဏ္ဍာ တိုက်ထဲမှရွှေ၊ ငွေတို့ကိုယူ၍ဧကရာဇ် မင်းအားလက်ဆောင်ပဏ္ဏာအဖြစ်ဆက်သ လေသည်။- Garrad Bible ဗိ မာန် တော်၊ နန်း တော်၊ ဘ ဏ္ဍာ တိုက် ရှိ ရွှေ ငွေ များ ကို အာ ရှု ရိ ဘု ရင့် ထံ ပ ဏ္ဏာ တော် ဆက် သွင်း သည့် အ တိုင်း၊ အာ ရှု ရိ ဘု ရင် လိုက် နာ၍ Judson Bible တစ်ဖန် ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်ဘဏ္ဍာတိုက်၌လည်းကောင်း ရှိသောရွှေငွေကိုယူ၍ အာရှုရိရှင်ဘုရင်ထံသို့ လက်ဆောင်ပေးလိုက်လေ၏။ |
ကျန်ရှိနေသော ယောရှမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
အဆီးရီးယားဘုရင်ပုလမင်းကြီးသည် အစ္စရေးပြည်ကို လာရောက်တိုက်ခိုက်သဖြင့် မေနဟင်က ပုလမင်းကြီး မိမိနှင့်လက်တွဲပြီး မိမိလက်ထဲ၌နိုင်ငံတော်တည်မြဲလာစေရန် ငွေတာလန်တစ်ထောင်ကို ဆက်သလိုက်၏။
ဟောရှေမင်းကြီးအား အဆီးရီးယားဘုရင်ရှာလမနေဇာမင်းကြီး ချီတက်တိုက်ခိုက်ရာ ဟောရှေမင်းကြီးသည် သူ၏လက်အောက်ခံအဖြစ်ခံယူပြီး အခွန်ဆက်သရလေ၏။
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာတိုက်တို့မှ ရွှေငွေတို့ကိုယူ၍ ဒမတ်စကပ်မြို့၌နန်းစံသော ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုးအနွယ်ဖြစ်သော ကိုယ်တော်၏လူမျိုးတော်ကို ပစ်ပယ်တော်မူပြီ။ အကြောင်းမူကား သူတို့သည် အရှေ့ပြည်၏ဓလေ့ကိုကျင့်သုံးသူနှင့်ပြည့်၍ ဖိလိတ္တိလူမျိုးများကဲ့သို့ ဗေဒင်အတတ်ကို ကျင့်သုံးကြ၏။ တစ်ပါးအမျိုးသားတို့၏သားသမီးများနှင့်လည်း လက်ဝါးချင်းရိုက်ကြ၏။
ထာဝရဘုရားသည် အဆီးရီးယားဘုရင်ကို သင့်ထံသို့လည်းကောင်း၊ သင့်လူမျိုးထံသို့လည်းကောင်း၊ သင့်ဖခင်၏အမျိုးအနွယ်ထံသို့လည်းကောင်း ခေါ်ဆောင်လာတော်မူမည်ဖြစ်၍ ယုဒအမျိုးထံမှ ဧဖရိမ်အမျိုးထွက်သွားသောနေ့မှစ၍ မကြုံဖူးသောနေ့ရက်များကို သင်တို့ကြုံရလိမ့်မည်။
ထို့ကြောင့် သင်သည် မောရရှက်ဂါသမြို့ကို နှုတ်ဆက်လက်ဆောင်များ ပေးရလိမ့်မည်။ အာခဇိပ်မြို့ရှိအိမ်များသည် အစ္စရေးဘုရင်များကို လှည့်စားသောအရာများ ဖြစ်လိမ့်မည်။