မိက္ခာ 1:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထို့ကြောင့် သင်သည် မောရရှက်ဂါသမြို့ကို နှုတ်ဆက်လက်ဆောင်များ ပေးရလိမ့်မည်။ အာခဇိပ်မြို့ရှိအိမ်များသည် အစ္စရေးဘုရင်များကို လှည့်စားသောအရာများ ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible14 ယုဒပြည်သားတို့၊ မောရရှက်ဂါသမြို့ကို လည်းလက်လွှတ်လိုက်ကြလော့။ ဣသရေလ ဘုရင်တို့သည် အာခဇိပ်မြို့သားတို့ထံမှ အကူအညီရလိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။Garrad Bible14 သင် သည် ဂါ သ ခ ရိုင် မော ရ ရှက် မြို့ ကို လက် လွှတ် ရ မည်။ အာ ခ ဇိပ် မြို့ သူ မြို့ သား တို့ သည်၊ ဣ သ ရေ လ ဘု ရင် အ ဖို့ ချောင်း ခြောက် သ ဖွယ် ဖြစ် ၏။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုကြောင့် သင်သည် ဂါသပြည် မောရရှက်မြို့သို့ လက်ဆောင်ကို ပေးလိုက်ရမည်။ အာခဇိပ်မြို့သားတို့သည် ဣသရေလ ရှင်ဘုရင်တို့ကို လှည့်စားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
နေဂေ့အရပ်ရှိ တိရစ္ဆာန်များနှင့်ဆိုင်သောဗျာဒိတ်တော်ကား သူတို့သည် မိမိတို့ဥစ္စာပစ္စည်းများကို မြည်းတို့၏ကျောပေါ်၊ မိမိတို့၏ဥစ္စာဘဏ္ဍာများကို ကုလားအုတ်တို့၏ဘို့ပေါ်တင်၍ ဆင်းရဲဒုက္ခနှင့်ဘေးဥပဒ်၊ ခြင်္သေ့မနှင့်ခြင်္သေ့ပျို၊ အဆိပ်ပြင်းသောမြွေပွေးနှင့် ပျံသန်းတတ်သောမီးမြွေရှိရာအရပ်ကို ဖြတ်သန်းပြီး အကျိုးမပြုသောလူမျိုးထံ သယ်ဆောင်သွားကြ၏။
ထို့နောက် မောဘပြည်ကိုလည်း တိုက်ခိုက်၏။ မောဘပြည်သားတို့ကို မြေပေါ်တွင်လှဲစေပြီး ကြိုးနှင့်တိုင်းရာ ကြိုးသုံးပုံနှစ်ပုံအတွင်းရောက်နေသူများကို သတ်ပစ်ပြီး ကျန်သုံးပုံတစ်ပုံကို အသက်ချမ်းသာပေး၏။ ဤသို့ဖြင့် မောဘလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်လာပြီး အခွန်များကိုဆက်သရ၏။