အစ္စရေးဘုရင်ကလည်း “အရှင်မင်းကြီးဆိုသည့်အတိုင်းပင် အကျွန်ုပ်နှင့် အကျွန်ုပ်၌ရှိသမျှသည် အရှင့်အပိုင်ဖြစ်ပါ၏”ဟု ပြန်ပြော၏။
၄ ရာ 16:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အာခတ်မင်းကြီးသည် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ “အကျွန်ုပ်သည် အရှင့်အစေအပါး၊ အရှင့်သား ဖြစ်ပါ၏။ အကျွန်ုပ်ကိုလာတိုက်သော ဆီးရီးယားဘုရင်နှင့် အစ္စရေးဘုရင်တို့လက်မှ အကျွန်ုပ်ကို လာ၍ကယ်တင်တော်မူပါ”ဟု မှာလိုက်၏။ Common Language Bible အာခတ်မင်းသည်အာရှုရိဧကရာဇ်ဘုရင် တိဂလတ်ပိလေသာထံသို့``အကျွန်ုပ်သည် အရှင်၏သစ္စာတော်ခံ၊ အစေခံတစ်ဦးဖြစ် ပါ၏။ အကျွန်ုပ်တို့ကိုတိုက်ခိုက်လျက်နေသူ ရှုရိဘုရင်နှင့် ဣသရေလဘုရင်တို့လက်မှ ကယ်တော်မူပါ'' ဟုသဝဏ်လွှာရေး၍သံ တမန်များစေလွှတ်ပေးပို့လိုက်၏။- Garrad Bible ထို ကြောင့် အာ ခတ် မင်း သည် အာ ရှု ရိ ဘု ရင် တိ ဂ လတ် ပိ လေ သာ မင်း ထံ ရာ ဇ သံ တို့ ကို စေ လွှတ် သည် မှာ အ ကြည် တော် ၏ သား၊ အ ကြည် တော် ၏ လက် အောက် ခံ ကျွန်ုပ် ဖြစ် ပါ၏။ ရန် မူ သူ ရှု ရိ ဘု ရင် နှင့် ဣ သ ရေ လ ဘု ရင် တို့ လက် မှ ကျွန်ုပ် ကို ကယ် ဆယ် ရန် ချီ တော် မူ ခဲ့ ပါ ဟူ သော အ မှာ တော် နှင့် Judson Bible ထိုကြောင့် အာခတ်သည် အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာထံသို့ သံတမန်ကိုစေလွှတ်၍၊ ကျွန်ုပ်သည် ကိုယ်တော်သား၊ ကိုယ်တော်ကျွန်ဖြစ်ပါ၏။ လာပါ။ ကျွန်ုပ်ကိုရန်ဘက်ပြုသော ရှုရိရှင်ဘုရင်နှင့် ဣသရေလရှင်ဘုရင်လက်မှ ကယ်ယူပါဟု တောင်းပန်၏။ |
အစ္စရေးဘုရင်ကလည်း “အရှင်မင်းကြီးဆိုသည့်အတိုင်းပင် အကျွန်ုပ်နှင့် အကျွန်ုပ်၌ရှိသမျှသည် အရှင့်အပိုင်ဖြစ်ပါ၏”ဟု ပြန်ပြော၏။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
ထို့ကြောင့် ထာဝရဘုရားသည် သူနှင့်အတူရှိတော်မူပြီး ပြုလေရာရာ၌ အထမြောက်၏။ သူသည် အဆီးရီးယားဘုရင်၏လက်အောက်ခံအဖြစ်မနေဘဲ ပုန်ကန်လေ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်သည် အဆီးရီးယားဘုရင်ပုလမင်းကြီးတည်းဟူသော အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီး၏စိတ်ကို နှိုးဆော်၍ သူသည် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ၏အမျိုးတစ်ဝက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွား၏။ သူတို့သည် ဟာလာအရပ်၊ ဟာဗော်အရပ်၊ ဟာရအရပ်၊ ဂေါဇန်အရပ်ရှိမြစ်နားတစ်လျှောက်တို့တွင် ယနေ့တိုင်အောင် နေထိုင်ကြ၏။
အဆီးရီးယားဘုရင် တိဂလတ်ပိလေသာမင်းကြီးသည်လည်း သူ့ထံချီလာပြီး အကူအညီပေးမည့်အစား ဒုက္ခရောက်အောင် ပြု၏။
အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုးအနွယ်ဖြစ်သော ကိုယ်တော်၏လူမျိုးတော်ကို ပစ်ပယ်တော်မူပြီ။ အကြောင်းမူကား သူတို့သည် အရှေ့ပြည်၏ဓလေ့ကိုကျင့်သုံးသူနှင့်ပြည့်၍ ဖိလိတ္တိလူမျိုးများကဲ့သို့ ဗေဒင်အတတ်ကို ကျင့်သုံးကြ၏။ တစ်ပါးအမျိုးသားတို့၏သားသမီးများနှင့်လည်း လက်ဝါးချင်းရိုက်ကြ၏။
သင်ကိုယ်တိုင်သင်ကြားပေးသောသူ၊ သင်၏မိတ်ဆွေဖြစ်သောသူကို သင်၏ခေါင်းဆောင်အဖြစ်ခန့်ထားတော်မူလျှင် သင်မည်သို့ဆိုမည်နည်း။ သားဖွားသောမိန်းမကဲ့သို့ သင်နာကျင်ခံစားရမည်မဟုတ်လော။
ထာဝရဘုရားက “လူကိုကိုးစားသောသူ၊ လူ၏လက်ရုံးအားကိုမှီခိုသောသူ၊ ထာဝရဘုရားထံမှ ကျောခိုင်းသွားသောသူသည် ကျိန်ခြင်းခံရသောသူဖြစ်၏။
ငါတို့သည် ကူညီမစခြင်းကို အချည်းနှီးစောင့်မျှော်လျက် ငါတို့မျက်စိသည် အားအင်ကုန်ခန်းလေပြီ။ မကယ်တင်နိုင်သောလူမျိုးခြားကို စောင့်မျှော်နေမိပြီ။
သင်သည် မရောင့်ရဲနိုင်ဘဲ အဆီးရီးယားပြည်သားတို့နှင့်လည်း ဖောက်ပြန်မှားယွင်းသေး၏။ ထိုသို့ သူတို့နှင့်ဖောက်ပြန်မှားယွင်းသည့်တိုင် သင်သည် အားရကျေနပ်ခြင်းမရှိ။
သူသည် အဆီးရီးယားအမျိုးသား ဘုရင်ခံများ၊ မင်းအရာရှိများ၊ စစ်ဝတ်တန်ဆာဝတ်ဆင်ထားသည့်စစ်သူရဲများ၊ မြင်းစီးသူရဲများ စသည့် ခန့်ညားချောမောသော လုလင်ပျိုအပေါင်းတို့ကို တပ်မက်၏။
အဟောလသည် ငါ့အပိုင်ဖြစ်လျက်နှင့် ပြည့်တန်ဆာလုပ်၏။ သူချစ်သော အိမ်နီးချင်းအဆီးရီးယားလူမျိုးကိုစွဲမက်၍ သူ့ထံချဉ်းကပ်၏။
အဆီးရီယားပြည်သည် အကျွန်ုပ်တို့ကို မကယ်တင်နိုင်ပါ။ အကျွန်ုပ်တို့သည် မြင်းမစီးတော့ပါ။ ကိုယ့်လက်ဖြင့်လုပ်သောအရာတို့ကို ‘အကျွန်ုပ်တို့၏ဘုရား’ဟု မဆိုတော့ပါ။ အကြောင်းမူကား ကိုယ်တော်သည် ဖတဆိုးတို့ကို သနားစုံမက်တော်မူပါ၏”ဟု လျှောက်ဆိုလော့။
ဧဖရိမ်သည် အသိစိတ်မရှိ။ ယုံလွယ်သောချိုးငှက်နှင့်တူ၏။ အီဂျစ်ပြည်ကို အကူအညီတောင်း၍ အဆီးရီးယားပြည်သို့လည်း ပြေးသွားတတ်၏။