Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 16:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

28 သင်​သည် မ​ရောင့်ရဲ​နိုင်​ဘဲ အဆီးရီးယား​ပြည်သား​တို့​နှင့်​လည်း ဖောက်ပြန်မှားယွင်း​သေး​၏​။ ထိုသို့ သူ​တို့​နှင့်​ဖောက်ပြန်မှားယွင်း​သည့်​တိုင် သင်​သည် အားရကျေနပ်​ခြင်း​မ​ရှိ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

28 ``အ​လို​မ​ပြည့်​နိုင်​သ​ဖြင့်​သင်​သည်​အာ​ရှု​ရိ အ​မျိုး​သား​တို့​နှင့်​မှား​ယွင်း​ပြန်​၏။ သို့​ရာ တွင်​သင်​၏​အ​လို​မ​ပြည့်​နိုင်​သေး။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

28 အ လို မ ပြည့် နိုင် သည့် အ လျောက်၊ အာ ရှု ရိ ပြည် သား တို့ နှင့် ပြည့် တန် ဆာ လုပ်၍ မှား ယွင်း သော် လည်း၊ အ လို မ ပြည့် သေး ချေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

28 သင်​သည် ကိ​လေ​သာ​စိတ် မ​ပြေ​သော​ကြောင့်၊ အာ​ရှု​ရိ​လူ​တို့​နှင့်​လည်း မှား​ယွင်း​လေ၏။ ထို​သို့ မှား​ယွင်း​သော်​လည်း စိတ်​မ​ပြေ​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 16:28
14 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ အာခတ်​မင်းကြီး​သည် အဆီးရီးယား​ဘုရင်​တိဂလတ်ပိလေသာ​မင်းကြီး​ထံသို့ တမန်​ကို​စေလွှတ်​၍ “​အကျွန်ုပ်​သည် အရှင့်​အစေအပါး​၊ အရှင့်​သား ဖြစ်​ပါ​၏​။ အကျွန်ုပ်​ကို​လာတိုက်​သော ဆီးရီးယား​ဘုရင်​နှင့် အစ္စရေး​ဘုရင်​တို့​လက်​မှ အကျွန်ုပ်​ကို လာ​၍​ကယ်တင်​တော်မူ​ပါ​”​ဟု မှာလိုက်​၏​။


“​ယုဒ​ဘုရင်​မနာရှေ​မင်းကြီး​သည် စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကို ပြု​ပြီ​။ သူ့​အလျင်​ရှိ​ခဲ့​သော​အာမောရိ​လူမျိုး​တို့​ထက် သာ၍​မကောင်းမှု​များ​ကို ပြု​ပြီ​။ သူ​လုပ်​ခဲ့​သော​ရုပ်တု​များ​ဖြင့် ယုဒ​လူမျိုး​တို့​ကို အပြစ်ပြု​စေ​ပြီ​။


ထို​အချိန်​တွင် အာခတ်​မင်းကြီး​သည် အဆီးရီးယား​ဘုရင်​ထံ လူ​လွှတ်​၍​စစ်ကူတောင်း​၏​။


သူ​က “​ဆီးရီးယား​ဘုရင်​၏​ဘုရား​တို့​သည် သူ​တို့​ကို ကူညီ​၏​။ ထို​ဘုရား​တို့​ကို ယဇ်ပူဇော်​လျှင် ငါ့​ကို​လည်း​ကူညီ​လိမ့်မည်​”​ဟု တွေး​လျက် သူ့​ကို တိုက်ခိုက်​နှိမ်နင်း​ခဲ့​သော​ဒမတ်စကပ်​မြို့သား​တို့​၏​ဘုရား​များ​ကို ယဇ်ပူဇော်​လေ​၏​။ သို့သော် ထို​ဘုရား​တို့​သည် သူ​နှင့်​အစ္စရေး​တစ်မျိုးနွယ်လုံး​ကို ကျရှုံး​စေ​၏​။


ယခု ရှိဟောရ​မြစ်ရေ​ကို​သောက်​ဖို့ အီဂျစ်​ပြည်​သို့ သင်​သွား​သည်​မှာ အဘယ်​အတွက်​နည်း​။ ယူဖရေးတီး​မြစ်​ရေ​ကို​သောက်​ဖို့ အဆီးရီးယား​ပြည်​သို့ သင်​သွား​သည်​မှာ အဘယ်​အတွက်​နည်း​။


သင်​သည် အဘယ်ကြောင့် ဤမျှလောက်​လှည့်လည်​သွားလာ​၍ သင်​၏​အပြုအမူ​ကို ပြောင်းလဲ​ရ​သနည်း​။ အဆီးရီးယား​ပြည်​အားဖြင့် အရှက်ကွဲ​ရ​သကဲ့သို့ အီဂျစ်​ပြည်​အားဖြင့် အရှက်ကွဲ​ရ​လိမ့်မည်​။


ယောက်ျား​သည် မိမိ​မယား​ကို ကွာရှင်း​၍ ထို​မယား​သည် ယောက်ျား​ထံမှ​ထွက်သွား​ပြီး အခြား​ယောက်ျား​၏​မယား​ဖြစ်​ပြီးမှ ပထမ​ယောက်ျား​သည် ထို​မယား​နှင့်​ပြန်ပေါင်း​မည်လော​။ ထိုသို့​ပြု​လျှင် ပြည်​ကို အလွန်​ညစ်ညူး​စေ​ရာ​ရောက်​သည်​မ​ဟုတ်​လော​။ သင်​သည်​လည်း ချစ်နှစ်သက်သူ​များစွာ​နှင့် ဖောက်ပြန်မှားယွင်း​ပြီးမှ ငါ့​ထံသို့​ပြန်လာ​ပါ​သည်​တကား”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


ထိုမျှမက ခါလဒဲ​ပြည်သား ကုန်သည်​တို့​နှင့်​လည်း ဖောက်ပြန်မှားယွင်း​သေး​၏​။ ထိုမျှနှင့်လည်း သင်​သည် အားရကျေနပ်မှု​မ​ရှိ​။


ထို​ရုပ်တု​သည် အဆီးရီးယား​ပြည်​ရှိ ယာရက်​မင်းကြီး​ထံသို့ လက်ဆောင်​အဖြစ် ယူဆောင်​သွား​ခြင်း ခံရ​လိမ့်မည်​။ ဧဖရိမ်​သည် အရှက်ကွဲ​ရ​လိမ့်မည်​။ အစ္စရေး​သည် မိမိ​အကြံအစည်​ကြောင့် အရှက်ခွဲ​ခံရ​လိမ့်မည်​။


တစ်ဖန် အစ္စရေး​အမျိုးသား​တို့​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​ကြ​ပြန်​၏​။ သူ​တို့​သည် ထာဝရဘုရား​ကို ဝတ်​မ​ပြု​၊ ထာဝရဘုရား​ကို စွန့်ပယ်​၍ ဗာလ​ဘုရား​၊ အာရှတရက်​ဘုရား​၊ ဆီးရီးယား​ဘုရား​၊ ဆီဒုန်​ဘုရား​၊ မောဘ​ဘုရား​၊ အမ္မုန်​ဘုရား​၊ ဖိလိတ္တိ​ဘုရား​တို့​ကို ဝတ်ပြု​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ