စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များ၊ ထာဝရဘုရား၏အိမ်တော်တွင် ပူဇော်သောမီးရှို့ရာယဇ်များ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။
၄ ရာ 16:18 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏အိမ်တော်၌ ဆောက်လုပ်ထားသော ဥပုသ်ဇရပ်နှင့် ထာဝရဘုရား၏အိမ်တော်သို့ ရှင်ဘုရင်ဝင်ရာ အပြင်လမ်းတို့ကိုလည်း အဆီးရီးယားဘုရင်ကြောင့် ပိတ်ပစ်လိုက်၏။ Common Language Bible ထိုနောက်အာရှုရိဧကရာဇ်ဘုရင်နှစ်သက် စေရန် အာခတ်သည်ဗိမာန်တော်ရှိရာဇပလ္လင် တည်ရာစင်မြင့်ကိုဖယ်ရှားပြီးလျှင် ဘုရင် အတွက်သီးသန့်ထားသည့်ဗိမာန်တော် အဝင်ဝကိုလည်းပိတ်လိုက်၏။ Garrad Bible နန်း တော် ရှိ ဥ ပုသ် တော် ဆောင် နှင့် ဘု ရင် မင်း ထွက် ဝင် ရာ အ ပြင် စ မုတ် ကို အာ ရှု ရိ ဘု ရင် အား ငဲ့ ၍ ဗိမာန် တော် သို့ ရွှေ့ ပြောင်း ၏။ Judson Bible ဗိမာန်တော်၌ ဥပုသ်စောင့်စရာဖို့ ဆောက်သောမဏ္ဍပ်ကိုလည်းကောင်း၊ ရှင်ဘုရင်တက်ရာ စောင်းတန်းကိုလည်းကောင်း၊ အာရှုရိရှင်ဘုရင်ကြောင့်ပယ်၏။ |
စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များ၊ ထာဝရဘုရား၏အိမ်တော်တွင် ပူဇော်သောမီးရှို့ရာယဇ်များ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။
ထို့နောက် သူတို့အား “သင်တို့ ဤသို့ပြုရမည်။ ဥပုသ်နေ့တွင် တာဝန်ကျသောသူတို့ကို သုံးစုခွဲပြီး တစ်စုသည် ဘုရင့်နန်းတော်ကို စောင့်ကြပ်ရမည်။
ထို့ပြင် အာခတ်မင်းကြီးသည် တွန်းလှည်း၏ဘောင်များကို အပိုင်းပိုင်းဖြတ်ပစ်ပြီး အင်တုံများကိုလည်း တွန်းလှည်းမှ ဖယ်ရှားပစ်၏။ ရေကန်ကိုလည်း ရေကန်အောက်ရှိကြေးနီနွားရုပ်များပေါ်မှ ကျောက်ခင်းပေါ်သို့ ချထား၏။
ကျန်ရှိနေသော အာခတ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ရှလ္လုံသည် ယခုချိန်ထိ ဘုရင်ထွက်ဝင်ရာအရှေ့ဘက်မြို့တံခါး၏တံခါးမှူး ဖြစ်၏။ ဤသူတို့သည် လေဝိသားမြေးတို့၏တပ်စခန်း၌ တံခါးစောင့်များ ဖြစ်ကြ၏။
မင်းသားတစ်ပါးသာလျှင် ထိုတံခါးနားတွင်ထိုင်၍ ထာဝရဘုရားရှေ့တော်၌စားသောက်ရမည်။ သူသည် ထိုတံခါး၏ဆင်ဝင်လမ်းဖြင့်ဝင်၍ ထိုလမ်းဖြင့်ပင် ပြန်ထွက်ရမည်”ဟု မိန့်တော်မူ၏။
မင်းသားသည် အပြင်မုခ်ဆောင်၏ဆင်ဝင်မှဝင်၍ တံခါးတိုင်နားတွင် ရပ်နေရမည်။ ယဇ်ပုရောဟိတ်တို့သည် မင်းသားပေးသော မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ရမည်။ မင်းသားသည် တံခါးခုံနားတွင် ပျပ်ဝပ်ရှိခိုးပြီးမှ ထွက်သွားရမည်။ တံခါးကို နေဝင်ချိန်ထိ ဖွင့်ထားရမည်။