၄ ရာ 16:17 - မြန်မာ့စံမီသမ္မာကျမ်း17 ထို့ပြင် အာခတ်မင်းကြီးသည် တွန်းလှည်း၏ဘောင်များကို အပိုင်းပိုင်းဖြတ်ပစ်ပြီး အင်တုံများကိုလည်း တွန်းလှည်းမှ ဖယ်ရှားပစ်၏။ ရေကန်ကိုလည်း ရေကန်အောက်ရှိကြေးနီနွားရုပ်များပေါ်မှ ကျောက်ခင်းပေါ်သို့ ချထား၏။ အခန်းကိုကြည့်ပါ။Common Language Bible17 အာခတ်မင်းသည်ဗိမာန်တော်တွင်အသုံးပြု သည့်ကြေးဝါလှည်းတို့ကိုယူ၍ ယင်းတို့အပေါ် ရှိအင်တုံများကိုဖယ်ရှားလိုက်လေသည်။ သူ သည်ကြေးဝါနွားလားဥသဘရုပ်တစ်ဆယ့် နှစ်ကောင်၏ကျောက်ကုန်းထက်မှ ကြေးဝါကန် များကိုလည်းယူ၍အောက်ခံကျောက်ပေါ်တွင် ထားရှိလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible17 အာ ခတ် မင်း သည် အောက် ခံ များ ရှိ ခါး ထောက် ကို ချွတ် ပြီး လျှင် အင် တုံ တော် ကို ရွှေ့ လျက် ကြေး နွား ရုပ် ပေါ် မှ ရေ ကန် တော် ကို လည်း ချ ၍ ကျောက် ချင်း ထက် ထား ၏။ အခန်းကိုကြည့်ပါ။Judson Bible17 အာခတ်မင်းကြီးသည် ကြေးဝါခုံတန်ဆာတို့ကို ပယ်၍ အင်တုံကိုလည်းရွှေ့၏။ ကြေးဝါရေကန်ကိုလည်း ကြေးဝါနွားတို့အပေါ်က ချ၍ ကျောက်ခင်းပေါ်မှာ တင်ထား၏။ အခန်းကိုကြည့်ပါ။ |