ထိုကာလတွင် ထာဝရဘုရားသည် အစ္စရေးပြည်ကို စတင်ကျဉ်းမြောင်းစေတော်မူ၏။ ဟာဇေလမင်းကြီးသည် အစ္စရေးပြည်၏နယ်နိမိတ်တစ်လျှောက်လုံးဖြစ်သော
၄ ရာ 15:37 - မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်တွင် ထာဝရဘုရားသည် ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးနှင့် ရေမလိ၏သားပေကာမင်းကြီးတို့ကိုလွှတ်၍ ယုဒပြည်ကို စတင်တိုက်ခိုက်စေ၏။ Common Language Bible ရှုရိဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ပေကာ တို့အား ယုဒပြည်ကိုတိုက်ခိုက်ကြရန် ထာဝရ ဘုရားစေလွှတ်တော်မူသည်မှာယောသံ၏ လက်ထက်၌ဖြစ်၏။- Garrad Bible လက် ထက် တော် တွင် ရှု ရိ ဘု ရင် ရေ ဇိန် မင်း နှင့် ဣ သ ရေ လ ဘု ရင် ရေ မ လိ သား ပေ ကာ မင်း တို့ ကို၊ ယု ဒ ပြည် သို့ ထာ ဝ ရ ဘု ရား ရန် စ ချီ စေ တော် မူ ၏။ Judson Bible ထိုကာလတွင် ထာဝရဘုရားသည် ရှုရိရှင်ဘုရင်ရေဇိန်နှင့် ရေမလိသားပေကာကို ယုဒပြည်သို့ စေလွှတ်တော်မူ၏။ |
ထိုကာလတွင် ထာဝရဘုရားသည် အစ္စရေးပြည်ကို စတင်ကျဉ်းမြောင်းစေတော်မူ၏။ ဟာဇေလမင်းကြီးသည် အစ္စရေးပြည်၏နယ်နိမိတ်တစ်လျှောက်လုံးဖြစ်သော
ယုဒဘုရင်အာဇရိမင်းကြီး နန်းစံငါးဆယ့်နှစ်နှစ်တွင် ရေမလိ၏သားပေကာသည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် အနှစ်နှစ်ဆယ်စိုးစံ၏။
ကျန်ရှိနေသော ယောသံမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယောသံမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာခတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ဆီးရီးယားဘုရင်ရေဇိန်မင်းကြီးနှင့် ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီးတို့သည် ဂျေရုဆလင်မြို့သို့စစ်ချီလာ၍ အာခတ်မင်းကြီးကို ဝိုင်းရံထားသော်လည်း သူ့ကို မအောင်နိုင်ခဲ့ပေ။
သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ယုဒပြည်တွင် ရေမလိ၏သားပေကာမင်းကြီး၏လက်ချက်ဖြင့် စစ်သူရဲအားလုံး တစ်သိန်းနှစ်သောင်း တစ်နေ့ချင်းတွင် သေကြရ၏။
ကိုယ်တော်သည် ဖျက်ဆီးတတ်သော ကောင်းကင်တမန်တပ်ဖွဲ့အားဖြင့် မိမိ၏ပြင်းထန်သောအမျက်၊ ဒေါသ၊ အမျက်မာန်ဟုန်နှင့်ဆင်းရဲဒုက္ခကို သူတို့ထံသို့စေလွှတ်တော်မူ၏။
ဩဇိမင်းကြီး၏သားတော်ယောသံ၊ ယောသံမင်းကြီး၏သားတော် ယုဒဘုရင်အာခတ်မင်းကြီး၏လက်ထက်တွင် ဆီးရီးယားဘုရင်ရေဇိန်မင်းကြီး၊ ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီးတို့သည် ဂျေရုဆလင်မြို့ကို ချီတက်တိုက်ခိုက်၏။ သို့သော် မအောင်နိုင်ခဲ့ပေ။
အကြောင်းမူကား ဆီးရီးယားပြည်၏ဦးခေါင်းသည် ဒမတ်စကပ်မြို့၊ ဒမတ်စကပ်မြို့၏ဦးခေါင်းသည် ရေဇိန်မင်းကြီးဖြစ်၏။ ဧဖရိမ်သည် ခြောက်ဆယ့်ငါးနှစ်အတွင်း လူမျိုးတစ်မျိုးအဖြစ်မှ တစ်စစီပြိုကွဲသွားရလိမ့်မည်ဟု မိန့်တော်မူပြီ။
ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် တံငါသည်အမြောက်အမြားစေလွှတ်၍ သူတို့ကိုမျှားစေမည်။ မုဆိုးအမြောက်အမြားတို့ကိုလည်း စေလွှတ်၍ တောင်ကြီးတောင်ငယ်၊ ကျောက်ကြိုကျောက်ကြားမှ သူတို့ကို လိုက်လံဖမ်းဆီးစေမည်။
ကြည့်ရှုလော့။ ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သောမြို့ကိုပင် ဘေးဒုက္ခ စရောက်စေမည်ဖြစ်၍ သင်တို့သည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်လော။ ငါသည် မြေကြီးသားအပေါင်းတို့ထံ ဓားကို စေလွှတ်မည်ဖြစ်၍ သင်တို့သည် အပြစ်ဒဏ်မခံရဘဲနေမည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။
ထို့နောက် သူတို့အား ‘အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါ၏အစေအပါးဘေဘီလုံဘုရင် နေဗုခဒ်နေဇာကို ငါစေလွှတ်မည်။ ယေရမိအား ငါမြှုပ်စေခဲ့သောကျောက်တုံးများပေါ်တွင် ထိုဘုရင်၏ရာဇပလ္လင်ကို ငါတည်မည်။ သူသည်လည်း ယာယီစံနန်းကို တည်လိမ့်မည်။
ဤအရာများစတင်ဖြစ်ပျက်လာသောအခါ သင်တို့ကို ရွေးနုတ်တော်မူသောအချိန်နီးကပ်လာပြီဖြစ်၍ တည့်မတ်စွာရပ်လျက် သင်တို့ခေါင်းကိုမော့ထားကြလော့”ဟု မိန့်တော်မူ၏။
ဆာလောင်မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းဖြစ်ခြင်း၊ အရာရာချို့တဲ့ခြင်းတို့ဖြင့် ထာဝရဘုရားစေလွှတ်တော်မူသော သင်၏ရန်သူကို သင်အစေခံရလိမ့်မည်။ သင်ပျက်စီးခြင်းသို့မရောက်မချင်း သံထမ်းပိုးကို သင်၏လည်ပင်းပေါ် တင်ထားတော်မူမည်။
ထိုနေ့ရက်တွင် ဧလိမှအစ သူ့အိမ်သူအိမ်သားတို့နှင့်ပတ်သက်၍ ငါမိန့်ဆိုထားသည့်အတိုင်း အစအဆုံးဖြစ်စေမည်။