ထို့နောက် ယုဒလူမျိုးအပေါင်းတို့သည် သက်တော်တစ်ဆယ့်ခြောက်နှစ်သာရှိသေးသော အာဇရိကို မင်းမြှောက်၍ ခမည်းတော်အာမဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံစေ၏။
၄ ရာ 15:32 - မြန်မာ့စံမီသမ္မာကျမ်း ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီး နန်းစံနှစ်နှစ်တွင် ယုဒဘုရင်ဩဇိမင်းကြီး၏သားတော်ယောသံ နန်းတက်၏။ Common Language Bible ရေမလိ၏သား၊ ဣသရေလဘုရင်ပေကာ၏ နန်းစံနှစ်နှစ်မြောက်၌ သြဇိ၏သားယောသံ သည် အသက်နှစ်ဆယ့်ငါးနှစ်ရှိသောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရု ရှလင်မြို့၌တစ်ဆယ့်ခြောက်နှစ်စိုးစံလေ သည်။ သူ၏မယ်တော်မှာဇာဒုတ်၏သမီး ယေရုရှာဖြစ်၏။- Garrad Bible ရေ မ လိ သား၊ ဣ သ ရေ လ ဘု ရင် ပေ ကာ မင်း နန်း စံ နှစ် နှစ် တွင် ယု ဒ ဘု ရင် သြ ဇိ မင်း သား တော် ယော သံ မင်း သည် Judson Bible ဣသရေလရှင်ဘုရင် ရေမလိသားပေကာ နန်းစံနှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ဩဇိသား ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော် နန်းထိုင်၍၊ |
ထို့နောက် ယုဒလူမျိုးအပေါင်းတို့သည် သက်တော်တစ်ဆယ့်ခြောက်နှစ်သာရှိသေးသော အာဇရိကို မင်းမြှောက်၍ ခမည်းတော်အာမဇိမင်းကြီး၏အရိုက်အရာကို ဆက်ခံစေ၏။
အစ္စရေးဘုရင်ယေရောဗောင်မင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်အာမဇိမင်းကြီး၏သားတော်အာဇရိ နန်းတက်၏။
ယုဒဘုရင်ဩဇိမင်းကြီး နန်းစံသုံးဆယ့်ကိုးနှစ်တွင် ယာဗက်၏သားရှလ္လုံ နန်းတက်ပြီး ရှမာရိမြို့တွင် တစ်လစိုးစံ၏။
ယုဒဘုရင်အာဇရိမင်းကြီး နန်းစံသုံးဆယ့်ကိုးနှစ်တွင် ဂါဒိ၏သားမေနဟင်သည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် ဆယ်နှစ်စိုးစံ၏။
ယုဒဘုရင်အာဇရိမင်းကြီး နန်းစံအနှစ်ငါးဆယ်တွင် မေနဟင်မင်းကြီး၏သားတော်ပေကဟိသည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် နှစ်နှစ်စိုးစံ၏။
ယုဒဘုရင်အာဇရိမင်းကြီး နန်းစံငါးဆယ့်နှစ်နှစ်တွင် ရေမလိ၏သားပေကာသည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် အနှစ်နှစ်ဆယ်စိုးစံ၏။
ဩဇိမင်းကြီး၏သားတော်ယောသံမင်းကြီး နန်းစံအနှစ်နှစ်ဆယ်တွင် ဧလာမင်းကြီး၏သားတော်ဟောရှေသည် ရေမလိ၏သားပေကာမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လုပ်ကြံသတ်ဖြတ်ကာ သူ့အရိုက်အရာကို ဆက်ခံလေ၏။
ကျန်ရှိနေသော ပေကာမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာများကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယောသံနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ် စိုးစံ၏။ မယ်တော်ကား ဇာဒုတ်၏သမီး ယေရုရှာအမည်ရှိ၏။
ထာဝရဘုရားသည် အာဇရိမင်းကြီးကို ဒဏ်ခတ်တော်မူသဖြင့် သူသည် အနိစ္စရောက်သည်အထိ အနာကြီးရောဂါစွဲကပ်ပြီး သီးခြားနန်းဆောင်တွင် စံမြန်းရ၏။ သားတော်ယောသံသည် နန်းတွင်းကိုအုပ်စိုး၍ တိုင်းသူပြည်သားလူအပေါင်းတို့ကို စီရင်အုပ်ချုပ်ရလေ၏။
အာဇရိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောသံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ဤသူအပေါင်းတို့သည် ယုဒဘုရင်ယောသံမင်းကြီးလက်ထက်နှင့် အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးလက်ထက်တွင် မျိုးရိုးစဉ်ဆက်စာရင်းဝင်သူများ ဖြစ်ကြ၏။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီး လက်ထက်၌ ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်နိမိတ်။
ယုဒဘုရင် ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးတို့လက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မောရရှက်မြို့သားမိက္ခာထံသို့ရောက်လာ၍ ရှမာရိမြို့၊ ဂျေရုဆလင်မြို့တို့နှင့်ပတ်သက်သောနိမိတ်အာရုံကို မြင်ရ၏။
ဩဇိသည် သားယောသံကိုရ၏။ ယောသံသည် သားအာခတ်ကိုရ၏။ အာခတ်သည် သားဟေဇကိကိုရ၏။