ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်နှစ်တွင် အစ္စရေးပြည်၌ ယေရောဗောင်မင်းကြီး၏သားတော် နာဒပ်သည် နန်းတက်ပြီး အစ္စရေးလူမျိုးကို နှစ်နှစ်အုပ်စိုး၏။
၄ ရာ 15:23 - မြန်မာ့စံမီသမ္မာကျမ်း ယုဒဘုရင်အာဇရိမင်းကြီး နန်းစံအနှစ်ငါးဆယ်တွင် မေနဟင်မင်းကြီး၏သားတော်ပေကဟိသည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် နှစ်နှစ်စိုးစံ၏။ Common Language Bible ယုဒဘုရင်သြဇိ၏နန်းစံတစ်ဆယ့်ငါး နှစ်မြောက်၌ မေနဟင်၏သားပေကဟိသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့၌နှစ်နှစ်နန်းစံလေသည်။- Garrad Bible ယု ဒ ဘု ရင် သြ ဇိ မင်း နန်း စံ ငါး ဆယ် တွင် မေ န ဟင် မင်း သား တော် ပေ က တိ မင်း နန်း တက်၍ ရှ မာ ရိ မြို့၌ ဣ သ ရေ လ နိုင် ငံ ကို နှစ် နှစ် စိုး စံ ရာ Judson Bible ယုဒရှင်ဘုရင်ဩဇိ နန်းစံငါးဆယ်တွင်၊ မေနဟင်သားပေကဟိသည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံလေ၏။ |
ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်နှစ်တွင် အစ္စရေးပြည်၌ ယေရောဗောင်မင်းကြီး၏သားတော် နာဒပ်သည် နန်းတက်ပြီး အစ္စရေးလူမျိုးကို နှစ်နှစ်အုပ်စိုး၏။
ယုဒဘုရင်အာသမင်းကြီး နန်းစံနှစ်ဆယ့်ခြောက်နှစ်တွင် ဗာရှာမင်းကြီး၏သားတော်ဧလာ နန်းတက်၍ တိရဇာမြို့၌ အစ္စရေးလူမျိုးတို့ကို နှစ်နှစ်အုပ်စိုး၏။
ယုဒဘုရင်ယောရှဖတ်မင်းကြီး နန်းစံတစ်ဆယ့်ခုနစ်နှစ်တွင် အာဟပ်မင်းကြီး၏သားတော်အာခဇိသည် အစ္စရေးပြည်၊ ရှမာရိမြို့တွင် နန်းတက်၍ အစ္စရေးလူမျိုးကို နှစ်နှစ်အုပ်စိုး၏။
အစ္စရေးဘုရင်ယေရောဗောင်မင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်အာမဇိမင်းကြီး၏သားတော်အာဇရိ နန်းတက်၏။
မေနဟင်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ၏သားတော်ပေကဟိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်များကို မလွှဲမရှောင်ခဲ့ပေ။
ယုဒဘုရင်အာဇရိမင်းကြီး နန်းစံငါးဆယ့်နှစ်နှစ်တွင် ရေမလိ၏သားပေကာသည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် အနှစ်နှစ်ဆယ်စိုးစံ၏။
ယုဒဘုရင်အာဇရိမင်းကြီး နန်းစံသုံးဆယ့်ရှစ်နှစ်တွင် ယေရောဗောင်မင်းကြီး၏သားတော်ဇာခရိသည် အစ္စရေးဘုရင် ဖြစ်လာပြီး ရှမာရိမြို့တွင် ခြောက်လစိုးစံ၏။
အာမုန်နန်းတက်သောအခါ သက်တော်နှစ်ဆယ့်နှစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်နှစ်စိုးစံ၏။ မယ်တော်ကား ယုပ်ဘာမြို့သား ဟာရုပ်၏သမီး မေရှုလမက်အမည်ရှိ၏။
ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။