အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၄ ရာ 15:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အဆီးရီးယား​ဘုရင်​ပုလ​မင်းကြီး​သည် အစ္စရေး​ပြည်​ကို လာရောက်​တိုက်ခိုက်​သဖြင့် မေနဟင်​က ပုလ​မင်းကြီး မိမိ​နှင့်​လက်တွဲ​ပြီး မိမိ​လက်​ထဲ၌​နိုင်ငံ​တော်​တည်မြဲ​လာ​စေရန် ငွေ​တာလန်​တစ်ထောင်​ကို ဆက်သ​လိုက်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

အာ​ရှု​ရိ​ဧ​က​ရာဇ်​ဘု​ရင်​တိ​က​လတ်​ပိ​လေ​သာ သည် ဣသ​ရေ​လ​ပြည်​ကို​ချင်း​နင်း​ဝင်​ရောက်​လာ​၏။ ထို​အ​ခါ​မေ​န​ဟင်​သည်​မိ​မိ​၏​ပြည်​တွင် အာ​ဏာ တည်​တံ့​ခိုင်​မြဲ​ရေး​အ​တွက် တိ​က​လတ်​ပိ​လေ​သာ ၏​အ​ထောက်​အ​ကူ​ကို​ရ​ရှိ​နိုင်​ရန် သူ့​အား​ငွေ​သုံး ဆယ့်​ရှစ်​တန်​ဆက်​သ​လေ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ပြည် တော် ကို အာ ရှု ရိ ဘု ရင် ပု လ မင်း တိုက် လာ သော်၊ မေ န ဟင် မင်း က ပုလ မင်း၏ လက် ရုံး ရည် ဖြင့် ကိုယ့် အာ ဏာ ခိုင် ခံ့ စေ ခြင်း ငှာ၊ ငွေ ချိန် ခွက် သုံး သောင်း ကို ဆက် သွင်း သ ဖြင့်၊

အခန်းကိုကြည့်ပါ။

Judson Bible

အာ​ရှု​ရိ​ရှင်​ဘု​ရင်​ပု​လ​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​လာ၏။ မေ​န​ဟင်​သည် မိ​မိ​အာ​ဏာ​တည်​စေ​မည်​အ​ကြောင်း၊ ပု​လ​မင်း​မ​စ​စေ​ခြင်း​ငှာ၊ ငွေ​အ​ခွက်​တစ်​သောင်း​ကို​ဆက်​ရ၏။

အခန်းကိုကြည့်ပါ။



၄ ရာ 15:19
18 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယုဒ​ဘုရင်​ယဟောရှ​မင်းကြီး​သည် ဘိုးဘေး​များ​ဖြစ်​သော ယုဒ​ဘုရင်​ယောရှဖတ်​မင်းကြီး​၊ ယဟောရံ​မင်းကြီး​၊ အာခဇိ​မင်းကြီး​တို့ ဆက်ကပ်​ခဲ့​သော​သန့်ရှင်း​သော​အလှူ​များ​နှင့် သူ​ကိုယ်တိုင်​လှူ​ထား​သော​သန့်ရှင်း​သော​အလှူပစ္စည်း​များ​အားလုံး​၊ ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာတိုက်​တို့​တွင်​ရှိ​သော ရွှေ​အားလုံး​ကို ဆီးရီးယား​ဘုရင်​ဟာဇေလ​မင်းကြီး​ထံ ပို့လိုက်​၏​။ ထိုအခါ ဟာဇေလ​မင်းကြီး​သည် ဂျေရုဆလင်​မြို့​မှ ပြန်လည်​ဆုတ်ခွာ​သွား​လေ​၏​။


သူ​သည် မိမိ​လက်ထက် နိုင်ငံ​တော်​တည်မြဲ​လာ​သည့်​အခါ ရှင်ဘုရင်​ဖြစ်​သော​မိမိ​ခမည်းတော်​ကို လုပ်ကြံ​ခဲ့​သော မင်းမှုထမ်း​တို့​အား ကွပ်မျက်​ပစ်​လိုက်​လေ​၏​။


သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။ အစ္စရေး​လူမျိုး​တို့​ကို လမ်းမှား​စေ​သည့် နေဗတ်​၏​သား​ယေရောဗောင်​ပြု​သော​အပြစ်​များ​ကို တစ်သက်လုံး​မ​လွှဲ​မ​ရှောင်​ခဲ့​ပေ​။


ထိုသို့ အဆီးရီးယား​ဘုရင်​အား ဆက်သ​နိုင်​ရန် မေနဟင်​မင်းကြီး​သည် အစ္စရေး​ပြည်​ရှိ​သူဌေး​အားလုံး​တို့​ထံမှ တစ်ဦး​လျှင် ငွေ​ရှယ်ကယ်​ငါးဆယ်​ကို ကောက်ခံ​ခဲ့​၏​။ ဤသို့ဖြင့် အဆီးရီးယား​ဘုရင်​သည် ထို​ပြည်​တွင် ဆက်​မ​နေ​ဘဲ ပြန်လည်​ဆုတ်ခွာ​သွား​ခဲ့​၏​။


အစ္စရေး​ဘုရင်​ပေကာ​မင်းကြီး​လက်ထက်​တွင် အဆီးရီးယား​ဘုရင်​တိဂလတ်ပိလေသာ​မင်းကြီး​သည် စစ်ချီလာ​၍ ဣယုန်​မြို့​၊ အာဗေလဗက်မာခါ​မြို့​၊ ယာနော​မြို့​၊ ကေဒေရှ​မြို့​၊ ဟာဇော်​မြို့​၊ ဂိလဒ်​ပြည်​၊ ဂါလိလဲ​ပြည်​နှင့် နဿလိ​ပြည်​တစ်ပြည်လုံး​ကို သိမ်းယူ​ပြီး ပြည်သူပြည်သား​တို့​ကို အဆီးရီးယား​ပြည်​သို့ ဖမ်းခေါ်​သွား​၏​။


ထို့ပြင် အာခတ်​မင်းကြီး​သည် ထာဝရဘုရား​၏​အိမ်​တော်​နှင့် ဘုရင့်​နန်းတော်​ဘဏ္ဍာ​ရှိ တွေ့​သမျှ​ရွှေ​ငွေ​တို့​ကို​လည်း ယူ​၍ အဆီးရီးယား​ဘုရင်​အား တံစိုးလက်ဆောင်​ဆက်သ​လိုက်​၏​။


တစ်ချိန်တည်း​မှာပင် ဟေဇကိ​မင်းကြီး​သည် ထာဝရဘုရား​၏​ဗိမာန်​တော်​တံခါး​မှ ရွှေ​များ​ကို​လည်းကောင်း​၊ သူကိုယ်တိုင်​မွမ်းမံ​ထား​သော တံခါးတိုင်​တို့​မှ ရွှေ​များ​ကို​လည်းကောင်း ချွတ်ခွာ​ပြီး အဆီးရီးယား​ဘုရင်​အား ပေးလိုက်​လေ​၏​။


အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ကိုယ်တော်​သည် ကြီးမြတ်​သော​၊ တန်ခိုး​နှင့်​ပြည့်စုံ​သော​၊ ကြောက်ရွံ့ရိုသေ​ဖွယ်​သော​၊ ပဋိညာဉ်​နှင့် မေတ္တာကရုဏာ​တော်​ကို​စောင့်ထိန်း​တော်မူ​သော​ဘုရား ဖြစ်​တော်မူ​ပါ​၏​။ အဆီးရီးယား​ဘုရင်​တို့​လက်ထက်​မှစ၍ ယနေ့​ထိ​တိုင် အကျွန်ုပ်​တို့​၏​ရှင်ဘုရင်​များ​၊ အကြီးအကဲ​များ​၊ ယဇ်ပုရောဟိတ်​များ​၊ ပရောဖက်​များ​၊ ဘိုးဘေး​များ​နှင့် ကိုယ်တော်​၏​လူမျိုး​တော်​အပေါင်း​တို့​ကြုံတွေ့​ခဲ့​ရ​သော​အခက်အခဲ​အလုံးစုံ​တို့​ကို ဘာမျှ​မ​ဟုတ်​ဟု မှတ်​တော်​မ​မူ​ပါ​နှင့်​။


အဆီးရီးယား​လူမျိုး​တို့​သည်​လည်း သူ​တို့​နှင့်အတူ​ပူးပေါင်း​လျက် လောတ​၏​အမျိုးအနွယ်​များ​အတွက် လက်ရုံး​အင်အား​ဖြစ်​ကြ​ပါ​၏​။(​စေလာ)


သို့သော် ဒုက္ခဝေဒနာ​ခံစား​ခဲ့​ရ​သော​ပြည်​၌ အမှောင်​ဖုံး​တော့​မည်​မ​ဟုတ်​။ ယခင်​အချိန်​က ဇာဗုလုန်​နယ်​နှင့် နဿလိ​နယ်​ကို နှိမ့်ချ​ခဲ့​သော်လည်း နောင်တွင် ထို​နယ်​၏​ပင်လယ်​လမ်း​တစ်လျှောက်​၊ ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​၊ လူမျိုးခြား​တို့​နေရာ​ဂါလိလဲ​နယ်​တို့​ကို အသရေတင့်တယ်​စေ​တော်မူ​မည်​။


ထာဝရဘုရား​က “​လူ​ကို​ကိုးစား​သော​သူ​၊ လူ​၏​လက်ရုံးအား​ကို​မှီခို​သော​သူ​၊ ထာဝရဘုရား​ထံမှ ကျောခိုင်း​သွား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​သော​သူ​ဖြစ်​၏​။


အစ္စရေး​လူမျိုး​သည် ခြင်္သေ့​တို့​အလိုက်​ခံရ​၍ တကွဲတပြား​ဖြစ်​နေ​သော​သိုး​ကဲ့သို့​ဖြစ်​၏​။ ဦးစွာ အဆီးရီးယား​ဘုရင်​သည် ကိုက်စား​၏​။ နောက်ဆုံး​မှာ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် သူ့​အရိုး​တို့​ကို ဝါးမျို​လေ​၏​။


အဟောလ​သည် ငါ့​အပိုင်​ဖြစ်​လျက်​နှင့် ပြည့်တန်ဆာ​လုပ်​၏​။ သူ​ချစ်​သော အိမ်နီးချင်း​အဆီးရီးယား​လူမျိုး​ကို​စွဲမက်​၍ သူ့​ထံ​ချဉ်းကပ်​၏​။


ထို​ရုပ်တု​သည် အဆီးရီးယား​ပြည်​ရှိ ယာရက်​မင်းကြီး​ထံသို့ လက်ဆောင်​အဖြစ် ယူဆောင်​သွား​ခြင်း ခံရ​လိမ့်မည်​။ ဧဖရိမ်​သည် အရှက်ကွဲ​ရ​လိမ့်မည်​။ အစ္စရေး​သည် မိမိ​အကြံအစည်​ကြောင့် အရှက်ခွဲ​ခံရ​လိမ့်မည်​။


ဧဖရိမ်​သည် မိမိ​ရောဂါ​ကို မြင်​၍ ယုဒ​သည်​လည်း မိမိ​ဒဏ်ရာ​ကို မြင်​သောအခါ ဧဖရိမ်​သည် အဆီးရီးယား​သို့ သွား​၏​။ ယာရက်​မင်းကြီး​ထံသို့ လူ​လွှတ်​၏​။ သို့သော် ထို​ဘုရင်​သည် သင်​တို့​ကို မ​ကျန်းမာ​စေ​နိုင်​၊ မ​ကုသ​ပေး​နိုင်​။