အစ္စရေးဘုရင်ယေရောဗောင်မင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်အာမဇိမင်းကြီး၏သားတော်အာဇရိ နန်းတက်၏။
၄ ရာ 15:17 - မြန်မာ့စံမီသမ္မာကျမ်း ယုဒဘုရင်အာဇရိမင်းကြီး နန်းစံသုံးဆယ့်ကိုးနှစ်တွင် ဂါဒိ၏သားမေနဟင်သည် အစ္စရေးဘုရင်ဖြစ်လာပြီး ရှမာရိမြို့တွင် ဆယ်နှစ်စိုးစံ၏။ Common Language Bible ယုဒဘုရင်သြဇိ၏နန်းစံနှစ်ဆယ့်ကိုးနှစ် မြောက်၌ ဂါဒိ၏သားမေနဟင်သည် ဣသရေလ ပြည်ဘုရင်အဖြစ်နန်းတက်၍ရှမာရိမြို့၌ ဆယ်နှစ်နန်းစံလေသည်။- Garrad Bible ယု ဒ ဘု ရင် သြ ဇိ မင်း နန်း စံ သုံး ဆယ့် ကိုး နှစ် တွင် ဂါ ဒိ သား မေ န ဟင် မင်း နန်း တက်၍ ရှ မာ ရိ မြို့၌ ဣ သ ရေ လ နိုင် ငံ ကို ဆယ် နှစ် စိုး စံ ရာ Judson Bible ယုဒရှင်ဘုရင်ဩဇိ နန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ဂါဒိသားမေနဟင်သည် နန်းထိုင်၍၊ ရှမာရိမြို့၌ ဣသရေလနိုင်ငံကို ဆယ်နှစ်စိုးစံလေ၏။ |
အစ္စရေးဘုရင်ယေရောဗောင်မင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်အာမဇိမင်းကြီး၏သားတော်အာဇရိ နန်းတက်၏။
ဂါဒိ၏သားမေနဟင်သည် တိရဇာမြို့မှရှမာရိမြို့သို့ချီသွား၍ ယာဗက်၏သားရှလ္လုံမင်းကြီးကို ရှမာရိမြို့တွင်ပင် လုပ်ကြံသတ်ဖြတ်ပြီးလျှင် သူ့အရိုက်အရာကို ဆက်ခံလေ၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်ပြုသောအပြစ်များကို တစ်သက်လုံးမလွှဲမရှောင်ခဲ့ပေ။
ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီး နန်းစံနှစ်နှစ်တွင် ယုဒဘုရင်ဩဇိမင်းကြီး၏သားတော်ယောသံ နန်းတက်၏။
ယုဒဘုရင်အာဇရိမင်းကြီး နန်းစံသုံးဆယ့်ရှစ်နှစ်တွင် ယေရောဗောင်မင်းကြီး၏သားတော်ဇာခရိသည် အစ္စရေးဘုရင် ဖြစ်လာပြီး ရှမာရိမြို့တွင် ခြောက်လစိုးစံ၏။
သူတို့သည် ငါခွင့်မပြုဘဲ ဘုရင်ကို တင်မြှောက်ကြ၏။ ငါမသိဘဲ အုပ်ချုပ်သူကို ခန့်ထားကြ၏။ ရွှေငွေတို့ဖြင့် ရုပ်တုများကိုပြုလုပ်ကြသည်ဖြစ်၍ ဖျက်ဆီးခံရကြလိမ့်မည်။