ကျန်ရှိနေသော အာမဇိမင်းကြီးလက်ထက် အဖြစ်အပျက်များကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
၄ ရာ 14:19 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့တွင် အာမဇိမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် သူသည် လာခိရှမြို့သို့ ထွက်ပြေးသွား၏။ သို့သော် လာခိရှမြို့အထိလူကိုစေလွှတ်၍ ထိုအရပ်၌ သူ့ကိုကွပ်မျက်ကြ၏။ Common Language Bible အာမဇိသည်မိမိအားလုပ်ကြံရန်ယေရုရှလင် မြို့တွင် လျှို့ဝှက်ကြံစည်မှုတစ်ရပ်ဖြစ်ပေါ်လာ သဖြင့် လာခိရှမြို့သို့ထွက်ပြေးလေသည်။ သို့ ရာတွင်သူ၏ရန်သူများသည်ထိုမြို့သို့ လိုက်၍သူ့ကိုလုပ်ကြံကြ၏။- Garrad Bible ယေ ရု ရှ လင် မြို့၌ အ တွင်း မီး ထ ကြ သည့် အ တွက် ပြေး ခို ရာ၊ လာ ခိ ရှ မြို့ သို့ စေ လွှတ် လုပ် ကြံ ပြီး မှ အ လောင်း တော် ကို Judson Bible ထိုမင်းတစ်ဖက် ယေရုရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ပြေးသည်တွင်၊ ထိုမြို့သို့ စေလွှတ်၍ သတ်စေပြီးမှ၊ |
ကျန်ရှိနေသော အာမဇိမင်းကြီးလက်ထက် အဖြစ်အပျက်များကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
သူ့အလောင်းကို မြင်းဖြင့် ဂျေရုဆလင်မြို့သို့ပြန်သယ်လာပြီး ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်၏မြို့တွင်သင်္ဂြိုဟ်ကြ၏။
ယာဗက်၏သားရှလ္လုံသည် ဇာခရိမင်းကြီးအား လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လူအများရှေ့တွင်ပင် ကွပ်မျက်၍ မင်းအရိုက်အရာကို ဆက်ခံလေ၏။
ဂါဒိ၏သားမေနဟင်သည် တိရဇာမြို့မှရှမာရိမြို့သို့ချီသွား၍ ယာဗက်၏သားရှလ္လုံမင်းကြီးကို ရှမာရိမြို့တွင်ပင် လုပ်ကြံသတ်ဖြတ်ပြီးလျှင် သူ့အရိုက်အရာကို ဆက်ခံလေ၏။
ရေမလိ၏သား တပ်မှူးပေကာသည် အာဂေါဘ၊ အရေဟနှင့် ဂိလဒ်ပြည်သားအယောက်ငါးဆယ်တို့နှင့်အတူ လျှို့ဝှက်ကြံစည်ပြီး ရှမာရိမြို့ရှိ ဘုရင့်နန်းတော်ခံတပ်တွင် ပေကဟိမင်းကြီးကို လုပ်ကြံသတ်ဖြတ်လိုက်၏။ ထို့နောက် ပေကာသည် ဘုရင့်အရိုက်အရာကို ဆက်ခံလေ၏။
ဩဇိမင်းကြီး၏သားတော်ယောသံမင်းကြီး နန်းစံအနှစ်နှစ်ဆယ်တွင် ဧလာမင်းကြီး၏သားတော်ဟောရှေသည် ရေမလိ၏သားပေကာမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လုပ်ကြံသတ်ဖြတ်ကာ သူ့အရိုက်အရာကို ဆက်ခံလေ၏။
ထို့ကြောင့် ယုဒဘုရင်ဟေဇကိမင်းကြီးက လာခိရှမြို့ရှိ အဆီးရီးယားဘုရင်ထံသို့ လူလွှတ်၍ “အကျွန်ုပ် အမှားပြုမိပါပြီ။ အရှင်မင်းကြီး တပ်ပြန်ဆုတ်ပေးပါ။ တောင်းသမျှကို ပေးပါမည်”ဟုမှာလိုက်လျှင် အဆီးရီးယားဘုရင်က ယုဒဘုရင်ဟေဇကိမင်းကြီးထံမှ ငွေတာလန်သုံးရာ၊ ရွှေတာလန်သုံးဆယ်ကို တောင်း၏။
အဆီးရီးယားဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ ချီသွားကြ၏။ သူတို့ ရောက်သွားသောအခါ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချပြီး
အာမုန်မင်းကြီး၏အမှုထမ်းတို့သည်လည်း လျှို့ဝှက်ကြံစည်ကြပြီး ရှင်ဘုရင်ကို နန်းတွင်း၌ပင် ကွပ်မျက်ကြလေ၏။
ယုဒဘုရင်အာခဇိမင်းကြီးသည် ထိုအဖြစ်အပျက်ကိုမြင်လျှင် ဗက်ဟဂ္ဂန်လမ်းအတိုင်း ထွက်ပြေး၏။ ယေဟုကလည်း သူ့နောက်သို့လိုက်ကာ “သူ့ကိုလည်း ရထားပေါ်မှာပဲ ပစ်သတ်ပါ”ဟု အော်ပြော၏။ အာခဇိမင်းကြီးအား ဣဗလံမြို့အနီး ဂုရတောင်ကုန်းပေါ်တွင် လုပ်ကြံသော်လည်း သူသည် ထွက်ပြေး၍ မေဂိဒ္ဒေါမြို့သို့ရောက်မှ သေဆုံးလေ၏။
ထိုအချိန်ကား ဘေဘီလုံဘုရင်နှင့် သူ၏စစ်သည်များက ဂျေရုဆလင်မြို့နှင့် ယုဒပြည်၌ကျန်ရှိသောမြို့များဖြစ်သည့် လာခိရှမြို့၊ အဇေကာမြို့တို့ကို တိုက်ခိုက်နေသောအချိန်ဖြစ်၏။ ဤကျန်ရှိသောမြို့တို့သည် ယုဒခံတပ်မြို့များဖြစ်၏။
အို လာခိရှမြို့သူ၊ မြင်းကို စစ်ရထား၌ ကလော့။ သင်သည် ဇိအုန်သမီးပျို အပြစ်ပြုရာအရင်းအမြစ်ဖြစ်၏။ အကြောင်းမူကား အစ္စရေးလူမျိုး ကျူးလွန်သောအပြစ်များကို သင်၌တွေ့ရ၏။
ထို့ကြောင့် ဂျေရုဆလင်ဘုရင်အဒေါနိဇေဒက်မင်းကြီးသည် ဟေဗြုန်ဘုရင်ဟောဟံမင်းကြီး၊ ယာမုတ်ဘုရင်ပိရံမင်းကြီး၊ လာခိရှဘုရင်ယာဖျာမင်းကြီး၊ ဧဂလုန်ဘုရင်ဒေဗိရမင်းကြီး တို့ထံသို့ လူလွှတ်ကာ
ထို့နောက် ယောရှုနှင့်အစ္စရေးစစ်သည်အပေါင်းတို့သည် လိဗနမြို့မှ လာခိရှမြို့သို့ ချီတက်ပြီး ထိုမြို့အနီး၌ စခန်းချကာ ထိုမြို့ကို တိုက်ခိုက်လေ၏။