ယုဒဘုရင်ယောရှမင်းကြီး နန်းစံသုံးဆယ့်ခုနစ်နှစ်တွင် ယောခတ်မင်းကြီး၏သားတော်ယဟောရှသည် အစ္စရေးပြည်တွင် နန်းတက်၍ ရှမာရိမြို့တွင် တစ်ဆယ့်ခြောက်နှစ် စိုးစံ၏။
၄ ရာ 14:17 - မြန်မာ့စံမီသမ္မာကျမ်း ယောရှမင်းကြီး၏သားတော် ယုဒဘုရင်အာမဇိမင်းကြီးသည် ယောခတ်မင်းကြီး၏သားတော် အစ္စရေးဘုရင်ယဟောရှမင်းကြီး အနိစ္စရောက်ပြီးနောက် တစ်ဆယ့်ငါးနှစ်အသက်ရှင်သေး၏။ Common Language Bible ယုဒဘုရင်အာမဇိသည် ဣသရေလဘုရင် ယဟောရှကွယ်လွန်ပြီးနောက်တစ်ဆယ့်ငါး နှစ်တိုင်တိုင်အသက်ရှင်နေ၏။- Garrad Bible ယော ခတ် မင်း သား တော်၊ ဣ သ ရေ လ ဘု ရင် ယ ဟော ရှ မင် ကွယ် လွန် ပြီး နောက်၊ ယော ရှ မင်း သား တော်၊ ယုဒ ဘု ရင် အာ မ ဇိ မင်း သည် စည်း စိမ် တော် ဆယ့် ငါး နှစ် ခံ စား ရ သေး ၏။ Judson Bible ဣသရေလရှင်ဘုရင် ယောခတ်သား ယဟောရှသေသည်နောက်၊ ယုဒရှင်ဘုရင်ယောရှသား အာမဇိသည် တစ်ဆယ်ငါးနှစ် အသက်ရှင်သေး၏။ |
ယုဒဘုရင်ယောရှမင်းကြီး နန်းစံသုံးဆယ့်ခုနစ်နှစ်တွင် ယောခတ်မင်းကြီး၏သားတော်ယဟောရှသည် အစ္စရေးပြည်တွင် နန်းတက်၍ ရှမာရိမြို့တွင် တစ်ဆယ့်ခြောက်နှစ် စိုးစံ၏။
ယဟောရှမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို အစ္စရေးဘုရင်တို့နှင့်အတူ ရှမာရိမြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယေရောဗောင်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ကျန်ရှိနေသော အာမဇိမင်းကြီးလက်ထက် အဖြစ်အပျက်များကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယောရှမင်းကြီး၏သားတော် ယုဒဘုရင်အာမဇိမင်းကြီး နန်းစံတစ်ဆယ့်ငါးနှစ်တွင် အစ္စရေးဘုရင်ယောရှမင်းကြီး၏သားတော်ယေရောဗောင် နန်းတက်ပြီး ရှမာရိမြို့တွင်လေးဆယ့်တစ်နှစ် စိုးစံ၏။
အစ္စရေးဘုရင်ယေရောဗောင်မင်းကြီး နန်းစံနှစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်အာမဇိမင်းကြီး၏သားတော်အာဇရိ နန်းတက်၏။