ဟာဇေလ၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ယေဟုသတ်လိမ့်မည်။ ယေဟု၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ဧလိရှဲသတ်လိမ့်မည်။
၄ ရာ 13:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးကို အမျက်ထွက်၍ ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးလက်ထက်မှစ၍ ဟာဇေလမင်းကြီး၏သားတော် ဗင်္ဟာဒဒ်၏လက်ထက်တစ်လျှောက်လုံး သူတို့၏လက်အောက်ခံ ဖြစ်စေတော်မူ၏။ Common Language Bible သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အား အမျက်ထွက်တော်မူသ ဖြင့် ရှုရိဘုရင်ဟာဇေလနှင့်သားတော်ဗင်္ဟာ ဒဒ်တို့၏လက်တွင် အကြိမ်ကြိမ်အဖန်ဖန် အရေးရှုံးနိမ့်စေတော်မူ၏။- Garrad Bible သို့ ဖြစ်၍ ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး အ ပေါ် တွင် အ မျက် တော် ထား လျက် ရှု ရိ ဘု ရင် ဟာ ဇေ လ မင်း နှင့် သား တော် ဗ ဟာ ဒဒ် မင်း တို့ လက် တွင်း သို့ အ ဖန် ဖန် အပ် နှင်း တော် မူ ၏။ Judson Bible ထိုကြောင့် ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်၍၊ ယောခတ်မင်းလက်ထက် ကာလပတ်လုံး၊ ရှုရိရှင်ဘုရင် ဟာဇေလနှင့် သူ၏သားဗင်္ယာဒဒ်လက်သို့ ဣသရေလအမျိုးကို အပ်တော်မူ၏။ |
ဟာဇေလ၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ယေဟုသတ်လိမ့်မည်။ ယေဟု၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ဧလိရှဲသတ်လိမ့်မည်။
ထိုကာလတွင် ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ဂါသမြို့ကို ချီတက်တိုက်ခိုက်သိမ်းပိုက်၏။ ထို့နောက်မှ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ဆက်လက်ချီတက်ရန် ဦးတည်လေ၏။
ဆီးရီးယားဘုရင် ဟာဇေလမင်းကြီးသည် ယောခတ်မင်းကြီးလက်ထက်ကာလပတ်လုံး အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲခဲ့၏။
ထို့ကြောင့် ထာဝရဘုရားက အစ္စရေး၏သားစဉ်မြေးဆက်အားလုံးကို စွန့်ပစ်ပြီး ဒဏ်ခတ်တော်မူ၏။ သူတို့ကို တိုက်ခိုက်လုယက်သူတို့လက်သို့ အပ်ပြီး အထံတော်မှနှင်ထုတ်တော်မူ၏။
ငါသည် ဒမတ်စကပ်မြို့ရိုးကိုမီးရှို့၍ ဗင်္ဟာဒဒ်၏ခံတပ်တို့သည်လည်း လောင်ကျွမ်းသွားမည်”ဟု မိန့်တော်မူ၏။
သင်တို့ကို ငါမျက်နှာလွှဲမည်။ သင်တို့သည် သင်တို့၏ရန်သူရှေ့၌ ရှုံးနိမ့်ရလိမ့်မည်။ သင်တို့ကိုမုန်းတီးသောသူတို့သည် သင်တို့ကို အုပ်စိုးလိမ့်မည်။ လိုက်သောသူမရှိသော်လည်း သင်တို့သည် ထွက်ပြေးရလိမ့်မည်။
“အီဂျစ်ပြည်အပေါ် ကပ်ရောဂါဘေးကျရောက်စေခဲ့သည့်နည်းတူ သင်တို့၌ ငါဖြစ်စေ၏။ လူပျိုတို့ကို ဓားဖြင့်ကွပ်မျက်ပြီး မြင်းတို့ကိုလည်း ဖမ်းသွားခြင်းခံရစေပြီ။ တပ်စခန်းထဲတွင် အပုပ်နံ့လျှံစေ၍ သင်တို့လည်း ရှူကြရပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားသည် သင့်ရန်သူတို့ရှေ့၌ သင့်ကိုရှုံးနိမ့်စေတော်မူမည်။ သင်သည် လမ်းတစ်လမ်းတည်းဖြင့် သူတို့ထံသို့လာသော်လည်း သူတို့ထံမှ လမ်းခုနစ်လမ်းဖြင့် ထွက်ပြေးရမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် သင်သည် ထိတ်လန့်စရာဖြစ်မည်။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ တိုက်ခိုက်လုယက်သောသူတို့လက်ထဲသို့အပ်လိုက်တော်မူသဖြင့် ထိုသူတို့သည် သူတို့ကိုတိုက်ခိုက်လုယက်ကြ၏။ သူတို့ဝန်းကျင်ရှိ ရန်သူတို့ထံ သူတို့ကို ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ရန်သူတို့ကို မခုခံနိုင်ကြတော့ပေ။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်၍ မက်ဆိုပိုတေးမီးယားဘုရင် ခုရှံရိရှသိမ်မင်းကြီးလက်သို့ ရောင်းလိုက်တော်မူသဖြင့် သူတို့သည် ခုရှံရိရှသိမ်မင်းကြီးကို ရှစ်နှစ်အစေခံရလေ၏။