ယေရောဗောင်မင်းကြီးသည် ကိုယ်တိုင်အပြစ်ပြုသည်သာမက အစ္စရေးလူမျိုးတို့ကိုပါ အပြစ်ပြုစေသောအပြစ်များကြောင့် ကိုယ်တော်သည် အစ္စရေးလူမျိုးကို စွန့်ပစ်တော်မူမည်”ဟု သူ့အား ဆိုလေ၏။
၄ ရာ 13:2 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုများကို ပြု၏။ အစ္စရေးလူမျိုးကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီး ပြုသောအပြစ်တို့ကို မလွှဲမရှောင်ဘဲ ထိုအပြစ်တို့နောက်သို့လိုက်၏။ Common Language Bible သူသည်မိမိအလျင်အုပ်စိုးခဲ့သည့်ယေရော ဗောင်မင်းကဲ့သို့ ထာဝရဘုရားကိုပြစ်မှား၍ ဣသရေလအမျိုးသားတို့အားအပြစ်ကူး လွန်ရန်ရှေ့ဆောင်လမ်းပြပေး၏။ သူသည်အဘယ် အခါမျှမိမိ၏ဒုစရိုက်လမ်းစဉ်ကိုမစွန့်။- Garrad Bible ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လျက် ဣ သ ရေ လ အ မျိုး အား ပြစ် မှား စေ သော နေ ဗတ် သား ယေ ရော ဗောင် မင်း၏ ပြစ် မှု များ ကို မ စွန့်၊ လိုက် လျှောက် လေ ၏။ Judson Bible ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ်သား ယေရောဗောင်၏ ဒုစရိုက်အပြစ်တို့ကိုမရှောင်၊ လိုက်လေ၏။ |
ယေရောဗောင်မင်းကြီးသည် ကိုယ်တိုင်အပြစ်ပြုသည်သာမက အစ္စရေးလူမျိုးတို့ကိုပါ အပြစ်ပြုစေသောအပြစ်များကြောင့် ကိုယ်တော်သည် အစ္စရေးလူမျိုးကို စွန့်ပစ်တော်မူမည်”ဟု သူ့အား ဆိုလေ၏။
သို့သော် ယေဟုသည် အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သား ယေရောဗောင်ပြုသောအပြစ်တည်းဟူသော ဗေသလမြို့နှင့် ဒန်မြို့ရှိ နွားသငယ်ရုပ်တို့ကို မစွန့်ဘဲနေ၏။
အာခဇိမင်းကြီး၏သားတော် ယုဒဘုရင်ယောရှမင်းကြီး နန်းစံနှစ်ဆယ့်သုံးနှစ်တွင် ယေဟုမင်းကြီး၏သားတော် ယောခတ်သည် အစ္စရေးပြည်၌နန်းတက်ပြီး ရှမာရိမြို့တွင်တစ်ဆယ့်ခုနစ်နှစ် စိုးစံ၏။
သူသည် ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။ အစ္စရေးလူမျိုးတို့ကို လမ်းမှားစေသည့် နေဗတ်၏သားယေရောဗောင်ပြုသမျှအပြစ်တို့ကို မလွဲမရှောင်ဘဲ လိုက်၍ပြုကျင့်၏။
သို့သော် သူတို့သည် အစ္စရေးလူမျိုးကို လမ်းမှားစေသည့် ယေရောဗောင်မင်းမျိုးမင်းနွယ်ပြုသောအပြစ်မျိုးကို မလွှဲမရှောင်ဘဲ လိုက်၍ပြုကျင့်ကြ၏။ အာရှရနတ်ဘုရားမတံခွန်တိုင်သည်လည်း ရှမာရိမြို့တွင် စိုက်ထူလျက်ပင်ရှိနေသေး၏။
သို့သော် အစ္စရေးလူမျိုးကို လမ်းမှားစေသော နေဗတ်၏သားယေရောဗောင်မင်းကြီးပြုသောအပြစ်မျိုးကို မစွန့်ဘဲ ပြုကျင့်ခဲ့၏။
ဧဖရိမ်သည် ရုပ်တုနောက်သို့ ကောက်ကောက်ပါအောင်လိုက်သောကြောင့် နှိပ်စက်ခြင်းကိုခံရ၍ တရားစီရင်ခြင်းကြောင့် ကျိုးပဲ့ကြေမွလေပြီ။