ရှင်ဘုရင်ကို သူပုန်ကန်ရခြင်းအကြောင်းမှာ ဤသို့ဖြစ်၏။ ရှောလမုန်မင်းကြီးသည် မိလ္လောကိုတည်ဆောက်ပြီး ကျိုးပေါက်နေသောခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့ရိုးကိုလည်း ဖာထေးခဲ့၏။
၄ ရာ 12:5 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်တို့သည် ကိုယ်နှင့်ရင်းနှီးသူများထံမှ လက်ခံယူပြီး အိမ်တော်ပျက်စီးသည်ကိုတွေ့လျှင် ထိုအပျက်အစီးများကို ပြုပြင်စေ”ဟု မိန့်ဆို၏။ Common Language Bible ယဇ်ပုရောဟိတ်အသီးသီးတို့သည်မိမိ တို့ယဇ်ပူဇော်ပေး၍ရရှိသည့်ငွေများဖြင့် ဗိမာန်တော်မွမ်းမံပြင်ဆင်မှုတွင်လိုအပ် သလိုအသုံးပြုရန်တာဝန်ယူရသည်။ Garrad Bible ဗိ မာန် တော် အက် ကွဲ ရာ ရာ ထေး ဖာ ရန်၊ သိ ကျွမ်း သူ တို့ ထံ အ သီး အ သီး တို့ အ လှူ ခံ ကြ စေ ဟု ပ ရော ဟိတ် တို့ အား အ မိန့် ရှိ ၏။ Judson Bible ယဇ်ပုရောဟိတ်တို့သည် မိမိတို့အသိအကျွမ်း လှူသည်အတိုင်းခံယူ၍၊ ဗိမာန်တော်ပြိုပျက်ရာရှိသမျှတို့ကို ပြုပြင်ကြစေဟု ယဇ်ပုရောဟိတ်တို့အား မိန့်တော်မူ၏။ |
ရှင်ဘုရင်ကို သူပုန်ကန်ရခြင်းအကြောင်းမှာ ဤသို့ဖြစ်၏။ ရှောလမုန်မင်းကြီးသည် မိလ္လောကိုတည်ဆောက်ပြီး ကျိုးပေါက်နေသောခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့ရိုးကိုလည်း ဖာထေးခဲ့၏။
ပန်းရန်သမားများ၊ ကျောက်ဆစ်သမားများကို ပေး၏။ ထာဝရဘုရား၏အိမ်တော်အပျက်အစီးများကို ပြုပြင်ရာ၌လိုအပ်သော ဆစ်ပြီးသားကျောက်များ၊ သစ်သားများကို ထိုငွေဖြင့် ဝယ်ယူ၏။ အိမ်တော်ပြုပြင်ရာတွင် အခြားကုန်ကျစရိတ်အားလုံးအတွက် အသုံးပြု၏။
ယဟောရှမင်းကြီးက ယဇ်ပုရောဟိတ်တို့အား “စာရင်းဝင်သူတိုင်းပေးရမည့်အလှူငွေ၊ လူတစ်ဦးစီ၏တန်ဖိုးဖြတ်ငွေ၊ စေတနာအလျောက် ထာဝရဘုရား၏အိမ်တော်သို့ လာရောက်လှူဒါန်းသည့်ငွေစသည့် ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာသည့်သန့်ရှင်းသောအလှူငွေအားလုံးကို
သို့သော် ယဇ်ပုရောဟိတ်တို့သည် ယဟောရှမင်းကြီးနန်းစံ နှစ်ဆယ့်သုံးနှစ်တိုင်အောင် အိမ်တော်အပျက်အစီးများကို မပြုပြင်ကြ။
“ယဇ်ပုရောဟိတ်မင်းဟိလခိထံသွားပြီးလျှင် လူတို့ထံမှ တံခါးစောင့်တို့ကောက်ခံ၍ ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လာသောငွေကို ရေတွက်စေပါ။
ဘိုးဘေးခေါင်းဆောင်များ၊ အစ္စရေးအမျိုးအနွယ်ခေါင်းဆောင်များ၊ လူတစ်ရာအုပ်၊ လူတစ်ထောင်အုပ်၊ မင်းမှုထမ်းအကြီးအကဲများကလည်း စေတနာစိတ်ဖြင့် ပေးလှူကြ၏။
လူတို့သည်လည်း စေတနာစိတ်နှင့်ပေးလှူရသည်ကို ဝမ်းမြောက်ကြ၏။ စိတ်နှလုံးအကြွင်းမဲ့ စေတနာစိတ်ရှိသည့်အတိုင်း ထာဝရဘုရားထံပေးလှူကြ၏။ ဒါဝိဒ်မင်းကြီးလည်း အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရလေ၏။
ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးများကို စုရုံး၍ သူတို့အား “ယုဒမြို့ရွာများသို့သွား၍ ဘုရားသခင်၏အိမ်တော်ကို ပြုပြင်ရန်အတွက် အစ္စရေးလူမျိုးတစ်မျိုးလုံးတို့ထံမှ နှစ်စဉ်ကြေးငွေများကောက်ခံကြလော့။ ဤအမှုကို ချက်ချင်းလုပ်ဆောင်လော့”ဟု မိန့်ဆို၏။ သို့သော် လေဝိအမျိုးတို့သည် ချက်ချင်းမလုပ်ဆောင်ဘဲ နေကြ၏။
ဆိုးယုတ်သောဘုရင်မအာသလိ၏သားတို့သည် ဘုရားသခင်၏အိမ်တော်ကိုဖြိုဖျက်ပြီး ထာဝရဘုရား၏အိမ်တော်ရှိ သန့်ရှင်းသောအသုံးအဆောင်အားလုံးကိုယူသွား၍ ဗာလဘုရားအတွက် အသုံးပြုခဲ့ကြ၏။
ရေတွက်သောစာရင်းထဲတွင် ပါဝင်သူတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်အလေးစံနှုန်းနှင့်အညီ ရှယ်ကယ်တစ်ဝက်ပေးဆောင်ရမည်။ (တစ်ရှယ်ကယ်လျှင် ဂေရနှစ်ဆယ်နှင့်ညီမျှ၏။) ထိုရှယ်ကယ်တစ်ဝက်သည် ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်၏။
သင့်လူမျိုးတို့သည် ရှေးအပြိုအပျက်တို့ကို ပြန်လည်တည်ဆောက်ကြမည်။ ခေတ်ကာလအဆက်ဆက်မှ ပျက်စီးခဲ့သောအုတ်မြစ်တို့ကို ပြန်ချမည်။ သင့်ကိုလည်း ပြိုပျက်သောမြို့ရိုးကိုပြန်တည်ဆောက်သူ၊ လူနေလမ်းများကိုပြန်ပြုပြင်သူဟု ခေါ်ဆိုကြမည်။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တန်ဖိုးဖြတ်သည့်အတိုင်း တစ်စုံတစ်ယောက်သည် လူကို ထာဝရဘုရားထံ ဆက်ကပ်ပေးလှူရန် ကတိသစ္စာပြုသောအခါ
လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ထာဝရဘုရားထံ ပူဇော်သည့် သားအိမ်မှအဦးဆုံးထွက်လာသောသတ္တဝါရှိသမျှသည် သင့်အဖို့ဖြစ်၏။ သို့သော် သင်သည် လူ၏သားဦးကို အမှန်ရွေးနုတ်ရမည်။ မစင်ကြယ်သောတိရစ္ဆာန်၏သားဦးကိုလည်း ရွေးနုတ်ရမည်။