ကျန်ရှိနေသော ရှောလမုန်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာနှင့် သူ၏ဉာဏ်ပညာကြီးပုံတို့ကို ရှောလမုန်မင်းကြီး၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
၄ ရာ 12:19 - မြန်မာ့စံမီသမ္မာကျမ်း ကျန်ရှိနေသော ယောရှမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။ Common Language Bible ယောရှမင်းလုပ်ဆောင်ခဲ့သည့်အခြားအမှု အရာအလုံးစုံတို့ကို ယုဒရာဇဝင်တွင်ရေး ထားသတည်း။ Garrad Bible ယော ရှ မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် သည် ယု ဒ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ ၏။ Judson Bible ယောရှပြုမူသောအမှုအရာ ကြွင်းလေသမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ |
ကျန်ရှိနေသော ရှောလမုန်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာနှင့် သူ၏ဉာဏ်ပညာကြီးပုံတို့ကို ရှောလမုန်မင်းကြီး၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ယေရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ စစ်တိုက်ခဲ့ပုံများ၊ အုပ်ချုပ်ခဲ့ပုံများကို အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ကျန်ရှိနေသော ရောဗောင်မင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှတို့ကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်၌ ကျန်ရှိသောရွှေငွေများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာအားလုံးကိုယူပြီး မိမိအမှုထမ်းတို့လက်သို့အပ်လိုက်၏။ ထို့နောက် အာသမင်းကြီးသည် ဒမတ်စကပ်မြို့၌နန်းစံသော ဟေဇယုန်မင်းကြီး၏မြေးတော်၊ တာဗရိမ္မုန်မင်းကြီး၏သားတော် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
ထိုအခါ ယုဒဘုရင်ယဟောရှမင်းကြီးသည် ဘိုးဘေးများဖြစ်သော ယုဒဘုရင်ယောရှဖတ်မင်းကြီး၊ ယဟောရံမင်းကြီး၊ အာခဇိမင်းကြီးတို့ ဆက်ကပ်ခဲ့သောသန့်ရှင်းသောအလှူများနှင့် သူကိုယ်တိုင်လှူထားသောသန့်ရှင်းသောအလှူပစ္စည်းများအားလုံး၊ ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့တွင်ရှိသော ရွှေအားလုံးကို ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးထံ ပို့လိုက်၏။ ထိုအခါ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့မှ ပြန်လည်ဆုတ်ခွာသွားလေ၏။
ယောရှမင်းကြီးအမှုထမ်းတို့သည် ထကြွပုန်ကန်ဖို့ လျှို့ဝှက်ကြံစည်ပြီး သိလအရပ်သို့သွားရာလမ်းရှိ ဗက်မိလ္လောစံအိမ်တွင် သူ့ကို လုပ်ကြံလေ၏။
ထို့ပြင် အာခတ်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာရှိ တွေ့သမျှရွှေငွေတို့ကိုလည်း ယူ၍ အဆီးရီးယားဘုရင်အား တံစိုးလက်ဆောင်ဆက်သလိုက်၏။
ထို့ကြောင့် ဟေဇကိမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ရှိ ဘဏ္ဍာတိုက်တို့ထဲမှတွေ့ရှိသမျှငွေတို့ကို ပေးလိုက်၏။
တစ်ချိန်တည်းမှာပင် ဟေဇကိမင်းကြီးသည် ထာဝရဘုရား၏ဗိမာန်တော်တံခါးမှ ရွှေများကိုလည်းကောင်း၊ သူကိုယ်တိုင်မွမ်းမံထားသော တံခါးတိုင်တို့မှ ရွှေများကိုလည်းကောင်း ချွတ်ခွာပြီး အဆီးရီးယားဘုရင်အား ပေးလိုက်လေ၏။
ကျန်ရှိနေသော ယောရံမင်းကြီးလက်ထက်အဖြစ်အပျက်များနှင့် သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။