ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ထုတ်ဆောင်၍ ထိုအရာအားလုံးအပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သောရွှေဒိုင်းလွှားအားလုံးကိုလည်း ယူဆောင်သွား၏။
၄ ရာ 12:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယုဒဘုရင်ယဟောရှမင်းကြီးသည် ဘိုးဘေးများဖြစ်သော ယုဒဘုရင်ယောရှဖတ်မင်းကြီး၊ ယဟောရံမင်းကြီး၊ အာခဇိမင်းကြီးတို့ ဆက်ကပ်ခဲ့သောသန့်ရှင်းသောအလှူများနှင့် သူကိုယ်တိုင်လှူထားသောသန့်ရှင်းသောအလှူပစ္စည်းများအားလုံး၊ ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်တို့တွင်ရှိသော ရွှေအားလုံးကို ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးထံ ပို့လိုက်၏။ ထိုအခါ ဟာဇေလမင်းကြီးသည် ဂျေရုဆလင်မြို့မှ ပြန်လည်ဆုတ်ခွာသွားလေ၏။ Common Language Bible ယုဒဘုရင်ယောရှသည်မိမိ၏အလျင် အုပ်စိုးခဲ့ကြသောယောရှဖတ်မင်း၊ ယဟောရံ မင်းနှင့်အာခဇိမင်းတို့ထာဝရဘုရားအား ဆက်ကပ်လှူဒါန်းခဲ့သည့်ပူဇော်သကာများနှင့် မိမိကိုယ်တိုင်ပေးလှူထားသည့်ပူဇော်သကာ များကိုလည်းကောင်း၊ ဗိမာန်တော်နှင့်နန်းတော် ဘဏ္ဍာတိုက်များတွင်ရှိသမျှသောရွှေကိုလည်း ကောင်းယူ၍ လက်ဆောင်ပဏ္ဏာအဖြစ်ဟာဇေလ မင်းထံပေးပို့လိုက်၏။ ထိုအခါဟာဇေလ သည်မိမိ၏တပ်မတော်ကို ယေရုရှလင်မြို့ မှရုပ်သိမ်းသွားလေ၏။ Garrad Bible ယု ဒ ဘု ရင် ယော ရှ မင်း သည် ဘေး တော်၊ ဘိုး တော်၊ ခ မည်း တော်၊ ယု ဒ ဘုရင် ယော ရှ ဖတ်၊ ယ ဟော ရံ၊ အာ ခ ဇိ မင်း တို့ သီး သန့် ထား ခဲ့ ရာ အ လှူ များ နှင့် ကိုယ် တိုင် သီး သန့် ထား ရာ အ လှူ များ မှ စ သော ဗိ မာန် တော်၊ နန်း တော်၊ ဘ ဏ္ဍာ တိုက် များ ရှိ ရွှေ ကို ယူ လျက် ရှု ရိ ဘု ရင် ဟာ ဇေ လ မင်း ထံ ပေး လိုက် သည့် အ တွက် တပ် လှည့်၍ ပြန် လေ ၏။ Judson Bible ယုဒရှင်ဘုရင်ယောရှသည် ဘိုးတော်ဘေးတော်တည်းဟူသော ယုဒရှင်ဘုရင်ယောရှဖတ်၊ ယဟောရံ၊ အာခဇိလှူသမျှသော တန်ဆာနှင့် ကိုယ်တိုင်သန့်ရှင်းစေသမျှသော တန်ဆာများ၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာတွင် တွေ့သမျှသောရွှေကိုယူ၍ ရှုရိရှင်ဘုရင် ဟာဇေလထံသို့ ပေးလိုက်သောကြောင့်၊ ဟာဇေလသည် ယေရုရှလင်မြို့ကိုထား၍ သွား၏။ |
ထာဝရဘုရား၏အိမ်တော်ရှိဘဏ္ဍာများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာများကို ထုတ်ဆောင်၍ ထိုအရာအားလုံးအပြင် ရှောလမုန်မင်းကြီးပြုလုပ်ခဲ့သောရွှေဒိုင်းလွှားအားလုံးကိုလည်း ယူဆောင်သွား၏။
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်၌ ကျန်ရှိသောရွှေငွေများနှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာအားလုံးကိုယူပြီး မိမိအမှုထမ်းတို့လက်သို့အပ်လိုက်၏။ ထို့နောက် အာသမင်းကြီးသည် ဒမတ်စကပ်မြို့၌နန်းစံသော ဟေဇယုန်မင်းကြီး၏မြေးတော်၊ တာဗရိမ္မုန်မင်းကြီး၏သားတော် ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
ကျန်ရှိနေသော ယောရှမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူပြုခဲ့သမျှသောအရာများကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
ယဟောရှမင်းကြီးက ယဇ်ပုရောဟိတ်တို့အား “စာရင်းဝင်သူတိုင်းပေးရမည့်အလှူငွေ၊ လူတစ်ဦးစီ၏တန်ဖိုးဖြတ်ငွေ၊ စေတနာအလျောက် ထာဝရဘုရား၏အိမ်တော်သို့ လာရောက်လှူဒါန်းသည့်ငွေစသည့် ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာသည့်သန့်ရှင်းသောအလှူငွေအားလုံးကို
ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာတိုက်၌ တွေ့သမျှသော ရွှေငွေအားလုံး၊ အသုံးအဆောင်အားလုံးကို သိမ်းယူ၍ ဓားစာခံများကိုလည်း ဖမ်းဆီးပြီး ရှမာရိမြို့သို့ ပြန်သွားလေ၏။
ထို့ပြင် အာခတ်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်နှင့် ဘုရင့်နန်းတော်ဘဏ္ဍာရှိ တွေ့သမျှရွှေငွေတို့ကိုလည်း ယူ၍ အဆီးရီးယားဘုရင်အား တံစိုးလက်ဆောင်ဆက်သလိုက်၏။
ထိုအခါ ဟာဇေလက “အကျွန်ုပ်သခင်၊ အဘယ်ကြောင့် မျက်ရည်ကျရပါသနည်း”ဟုမေးလျှင် ဧလိရှဲက “သင်သည် အစ္စရေးအမျိုးသားတို့အား ဘေးအန္တရာယ်ပြုမည်ကို ငါသိလေပြီ။ သင်သည် သူတို့၏ခံတပ်မြို့များကို မီးရှို့ပစ်လိမ့်မည်။ လူငယ်တို့ကို ဓားဖြင့် သတ်လိမ့်မည်။ ကလေးငယ်များကို ကိုင်ယူပေါက်သတ်လိမ့်မည်။ ကိုယ်ဝန်ဆောင်မိန်းမတို့၏ဝမ်းကိုလည်း ခွဲဖောက်လိမ့်မည်”ဟု ဆို၏။
ထိုအခါ အာသမင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ဘဏ္ဍာတိုက်နှင့် ရှင်ဘုရင်နန်းတော်ရှိဘဏ္ဍာတိုက်တို့မှ ရွှေငွေတို့ကိုယူ၍ ဒမတ်စကပ်မြို့၌နန်းစံသော ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးထံသို့ ပေးပို့လျက်
ယောယဒကွယ်လွန်သွားပြီးနောက်တွင် ယုဒအကြီးအကဲတို့သည် ရှင်ဘုရင်ထံလာ၍ ပျပ်ဝပ်ဦးညွှတ်ကြ၏။ ရှင်ဘုရင်သည်လည်း သူတို့စကားကို နားထောင်၏။
သင်တို့သည် ငါ့ရွှေငွေတို့ကို သိမ်းယူပြီး အဖိုးတန်ရတနာတို့ကိုလည်း သင်တို့၏ဗိမာန်များထဲသို့ သွင်းကြပြီ။