တိုင်းပြည်ကို အာသလိဘုရင်မ အုပ်စိုးစဉ် ယောရှသည် အထိန်းတော်နှင့်အတူ ထာဝရဘုရား၏အိမ်တော်တွင် ခြောက်နှစ်ပတ်လုံး ပုန်းရှောင်နေခဲ့ရ၏။
ဘုရင်မအဖြစ်ဖြင့်အာသလိနန်းစံနေစဉ် သူသည်ခြောက်နှစ်တိုင်တိုင် ထိုသူငယ်ကို ကျွေးမွေးပြုစုကာဗိမာန်တော်၌ပုန်း အောင်း၍နေစေ၏။
ပြည် တော် ကို အာ သ လိ စိုး စံ စဉ်၊ အ ရီး တော် နှင့် အ တူ ဗိ မာန် တော် တွင် ခြောက် နှစ် တိုင် တိုင် ယော ရှ ပုန်း နေ ရ လေ ၏။
ထိုနောက်ယောရှသည် ခြောက်နှစ်ပတ်လုံး အရီးနှင့်အတူ ဗိမာန်တော်၌ပုန်းရှောင်လျက် နေ၍၊ အာသလိသည် စိုးစံလေ၏။
သို့သော် အာခဇိမင်းကြီး၏နှမဖြစ်သူ ယောရံမင်းကြီး၏သမီးတော်ယောရှေဘက အာခဇိမင်းကြီး၏သားတော်ယောရှကို အသတ်ခံရမည့်ဘုရင့်သားတော်များထဲမှ ခိုးယူ၍ အထိန်းတော်နှင့်အတူ အတွင်းခန်းထဲတွင်ဝှက်ထားသဖြင့် အာသလိရန်မှကင်း၍ အသတ်မခံရတော့ပေ။
ခုနစ်နှစ်မြောက်တွင် ယောယဒသည် ကိုယ်ရံတော်တပ်နှင့် အစောင့်တပ်တို့၏ရာတပ်မှူးများကို လူလွှတ်ခေါ်၍ သူတို့သည် ထာဝရဘုရား၏အိမ်တော်သို့ ရောက်လာလျှင် ထာဝရဘုရား၏အိမ်တော်တွင်ပင် သူတို့နှင့် ကတိသစ္စာပြု၍ ကျိန်ဆိုစေပြီးမှ ဘုရင့်သားတော်ကို ထုတ်ပြ၏။
တိုင်းပြည်ကို အာသလိဘုရင်မ အုပ်စိုးစဉ် ယောရှသည် အထိန်းတော်နှင့်အတူ ဘုရားသခင်၏အိမ်တော်တွင် ခြောက်နှစ်ပတ်လုံး ပုန်းရှောင်နေခဲ့ရ၏။
ဆိုးညစ်သောအမှုသည် လူသားတို့အလယ်တွင် မြှောက်စားခြင်းခံရသောအခါ ဆိုးယုတ်သောသူတို့သည် နေရာတကာသို့လှည့်လည်တတ်ကြ၏။
ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွား၏။ ထိုသားသည် အဆင်းလှကြောင်းကို မိခင်သိမြင်လျှင် သူ့ကိုသုံးလပတ်လုံးဝှက်ထား၏။
ထို့ကြောင့် ယခုမှာ အကျွန်ုပ်တို့သည် မာနထောင်လွှားသောသူကို မင်္ဂလာရှိသောသူဟု မှတ်ယူ၏။ အကယ်စင်စစ် ဆိုးယုတ်သောသူတို့သည် ကြီးပွားတိုးတက်၏။ ဘုရားသခင်ကို စမ်းသပ်သောသူတို့သည်လည်း ဘေးဒုက္ခမရောက်”ဟု ဆိုကြပြီ။
အဘိမလက်သည် ဖခင်၏အိမ်ရှိရာ ဩဖရမြို့သို့သွားပြီး ယေရုဗ္ဗာလ၏သား မိမိညီအစ်ကို အယောက်ခုနစ်ဆယ်တို့ကို ကျောက်ဖျာတစ်ခုတည်းပေါ်တွင် သတ်လေ၏။ ယေရုဗ္ဗာလ၏သားထွေး ယောသံသည် ပုန်းနေသောကြောင့် အသက်ရှင်ကျန်ရစ်ခဲ့၏။