ပရောဖက်ကလည်း ရှင်ဘုရင်အား “ ‘သတ်ပစ်ရမည့်သူကို သင်လွှတ်ပေးလိုက်သောကြောင့် သူ့အသက်အစား သင့်အသက်၊ သူ့အမှုထမ်းများအစား သင့်အမှုထမ်းများကို ပေးလျော်ရမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
၄ ရာ 10:30 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ယေဟုအား “သင်သည် ငါ့ရှေ့၌ ဖြောင့်မတ်မှန်ကန်စွာ ပြုလေပြီ။ အာဟပ်မင်းမျိုးမင်းနွယ်ကို ငါပြုစေလိုသည့်အတိုင်း သင်ပြုသောကြောင့် သင်၏သားစဉ်မြေးဆက်လေးဆက်တိုင်တိုင် အစ္စရေးရာဇပလ္လင်ပေါ်တွင် စံမြန်းရလိမ့်မည်”ဟု မိန့်တော်မူ၏။ Common Language Bible ထာဝရဘုရားကယေဟုအား``သင်သည် ငါပြုစေလိုသည့်အတိုင်း အာဟပ်၏သား မြေးတို့ကိုပယ်ရှားခဲ့လေပြီ။ သို့ဖြစ်၍ သင်၏သားမြေးတို့အား စတုတ္ထအဆက် တိုင်အောင်ဣသရေလပြည်ကိုအုပ်စိုးစေ မည်'' ဟုမိန့်တော်မူ၏။- Garrad Bible ထာ ဝ ရ ဘု ရား က၊ ငါ့ အ လို အ တိုင်း အာ ဟပ် မင်း မျိုး၌ အ ပြီး သတ် စီ ရင် လျက် ငါ့ မျက် မှောက် တွင် ဖြောင့် မှန် မှု ကို သင့် လျော် စွာ ပြု လုပ် သော ကြောင့် ဣ သ ရေ လ ရာ ဇ ပ လ္လင် ထက် သင့် သား မြေး လေး ဆက် မြောက် စိုး စံ ခွင့် ရ လိမ့် မည် ဟူ၍ ယေ ဟု မင်း အား မိန့် တော် မူ သော် လည်း၊ Judson Bible ထာဝရဘုရားကလည်း၊ သင်သည်ငါ့ရှေ့မှာ ဖြောင့်သောအကျင့်ကိုကျင့်၍ ကောင်းမွန်စွာ ပြုသောကြောင့်လည်းကောင်း၊ ငါအလိုရှိသမျှအတိုင်း အာဟပ်အမျိုး၌ စီရင်သောကြောင့်လည်းကောင်း၊ သင့်သားမြေး လေးဆက်တိုင်အောင် ဣသရေလနိုင်ငံ ရာဇပလ္လင်ပေါ်မှာထိုင်ရမည်ဟု ယေဟုအား မိန့်တော်မူသော်လည်း၊ |
ပရောဖက်ကလည်း ရှင်ဘုရင်အား “ ‘သတ်ပစ်ရမည့်သူကို သင်လွှတ်ပေးလိုက်သောကြောင့် သူ့အသက်အစား သင့်အသက်၊ သူ့အမှုထမ်းများအစား သင့်အမှုထမ်းများကို ပေးလျော်ရမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆို၏။
သင်သည် ငါ့ကို အမျက်ထွက်စေသည်သာမက အစ္စရေးလူမျိုးတို့ကိုပါ အပြစ်ပြုစေသောကြောင့် သင့်အမျိုးအနွယ်ကို နေဗတ်၏သားယေရောဗောင်၏အမျိုးအနွယ်နှင့် အဟိယ၏သားဗာရှာ၏အမျိုးအနွယ်ကဲ့သို့ ဖြစ်စေမည်’ဟု မိန့်တော်မူပြီ။
“အာဟပ်မင်းကြီးသည် ငါ့ရှေ့တော်တွင် ကိုယ်ကိုအလွန်နှိမ့်ချသည်ကို သင်မြင်သလော။ ထိုသို့ ငါ့ရှေ့တော်တွင် ကိုယ်ကိုနှိမ့်ချသောကြောင့် သူ့လက်ထက်တွင် ထိုဘေးဆိုးနှင့်မကြုံတွေ့စေရ။ သူ့သားလက်ထက်မှ သူ့အမျိုးအနွယ်ကို ထိုဘေးဆိုးနှင့်ကြုံတွေ့စေမည်”ဟု မိန့်ဆို၏။
ယေဟုမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ ရှမာရိမြို့တွင် သူ့ကိုသင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောခတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
အာခဇိမင်းကြီး၏သားတော် ယုဒဘုရင်ယောရှမင်းကြီး နန်းစံနှစ်ဆယ့်သုံးနှစ်တွင် ယေဟုမင်းကြီး၏သားတော် ယောခတ်သည် အစ္စရေးပြည်၌နန်းတက်ပြီး ရှမာရိမြို့တွင်တစ်ဆယ့်ခုနစ်နှစ် စိုးစံ၏။
ယုဒဘုရင်ယောရှမင်းကြီး နန်းစံသုံးဆယ့်ခုနစ်နှစ်တွင် ယောခတ်မင်းကြီး၏သားတော်ယဟောရှသည် အစ္စရေးပြည်တွင် နန်းတက်၍ ရှမာရိမြို့တွင် တစ်ဆယ့်ခြောက်နှစ် စိုးစံ၏။
ယောရှမင်းကြီး၏သားတော် ယုဒဘုရင်အာမဇိမင်းကြီး နန်းစံတစ်ဆယ့်ငါးနှစ်တွင် အစ္စရေးဘုရင်ယောရှမင်းကြီး၏သားတော်ယေရောဗောင် နန်းတက်ပြီး ရှမာရိမြို့တွင်လေးဆယ့်တစ်နှစ် စိုးစံ၏။
ယေရောဗောင်မင်းကြီးသည် မိမိ၏ဘိုးဘေးအစ္စရေးဘုရင်များနှင့်အတူ အိပ်ပျော်ပြီးနောက် သူ၏သားတော်ဇာခရိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ထာဝရဘုရားက ဟောရှေအား “ဤသားအမည်ကို ယေဇရေလဟု မှည့်ခေါ်လော့။ အကြောင်းမှာ ယေဟုအမျိုးအနွယ်သည် ယေဇရေလအရပ်တွင် လူသတ်ခဲ့သောကြောင့် သူ့ကိုငါဆုံးမမည်။ အစ္စရေးအမျိုးအနွယ်၏မင်းဆက်ကို အဆုံးသတ်စေမည်။
ငါသည် ပဋိညာဉ်အလျောက် လက်တုံ့ပြန်သောဓားကို သင်တို့အပေါ် ကျရောက်စေမည်။ သင်တို့သည် သင်တို့၏မြို့များထဲ၌ စုဝေးကြသောအခါ သင်တို့အလယ်သို့ ကပ်ရောဂါဘေးကို ငါစေလွှတ်မည်။ သင်တို့သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရလိမ့်မည်။