ထို့နောက် သူက “ထာဝရဘုရားအဖို့ ငါ မည်မျှစိတ်အားကြီးသည်ကို ငါနှင့်လိုက်၍ကြည့်ပါ”ဟု ဆို၍ မိမိ၏စစ်ရထားတွင် လိုက်ပါစီးနင်းစေ၏။
ငါနှင့်အတူလိုက်၍ထာဝရဘုရားအတွက် ငါအဘယ်မျှစိတ်ထက်သန်သည်ကိုသင် ကိုယ်တိုင်ကြည့်ရှု့လော့'' ဟုဆို၏။ သူတို့ နှစ်ဦးသည်အတူတကွ ရှမာရိမြို့သို့ ရထားစီး၍သွားကြ၏။-
လက် ကမ်း လျှင် ရ ထား ထက် တင် လျက် ထာ ဝ ရ ဘု ရား အ တွက် ငါ့ စေ တ နာ ထက် သန် ခြင်း ကို ကြည့် မှတ် ရန် လိုက် လော့ ဟု ဆို၍ ရ ထား စီး စေ ၏။
ငါနှင့်အတူလိုက်၍ ထာဝရဘုရားဘက်၌ ငါ့စိတ်အားကြီးကြောင်းကို ကြည့်ရှုလော့ဟု ဆိုသဖြင့် မိမိရထားကို စီးစေ၏။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
ဟာဇေလ၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ယေဟုသတ်လိမ့်မည်။ ယေဟု၏ဓားဘေးမှ လွတ်မြောက်သွားသောသူကို ဧလိရှဲသတ်လိမ့်မည်။
ယေဟုသည် ရှမာရိမြို့သို့ရောက်လာသောအခါ ထာဝရဘုရားသည် ဧလိယအား မိန့်တော်မူခဲ့သည့်စကားတော်အတိုင်း ရှမာရိမြို့၌ အာဟပ်အမျိုးကြွင်းကျန်သမျှကို အကုန်ပျက်စီးသည်အထိ သတ်လေ၏။
သို့သော် ယေဟုသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တရားတို့ကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းလိုစိတ်မရှိ။ အစ္စရေးလူမျိုးကို လမ်းမှားစေသော ယေရောဗောင်၏အပြစ်များကို မစွန့်ဘဲနေ၏။
သင့်နှုတ်မဟုတ်ဘဲ အခြားသောသူကလည်းကောင်း၊ သင့်နှုတ်ခမ်းမဟုတ်ဘဲ သူတစ်ပါးကလည်းကောင်း သင့်ကိုချီးမွမ်းပါစေ။
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
ဘုရားသခင်နှင့် တွေ့လေ၏။ ထိုအခါ ဗာလမ်က ဘုရားသခင်အား “အကျွန်ုပ်သည် ယဇ်ပလ္လင်ခုနစ်ခုကိုပြင်ဆင်၍ ထိုယဇ်ပလ္လင်တစ်ခုစီ၌ နွားထီးတစ်ကောင်နှင့်သိုးထီးတစ်ကောင်ကိုပူဇော်ပါပြီ”ဟု လျှောက်လေ၏။
ထို့ကြောင့် သင်သည် ပေးကမ်းစွန့်ကြဲသောအခါ သူတော်ကောင်းယောင်ဆောင်သောသူတို့သည် လူတို့၏ချီးမွမ်းခြင်းကိုခံရရန်အတွက် ဝတ်ပြုစည်းဝေးကျောင်းများနှင့် လမ်းကြားများတွင် ပြုတတ်ကြသကဲ့သို့ မိမိ၏ရှေ့၌တံပိုးကိုမမှုတ်စေနှင့်။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။
သင်တို့ဆုတောင်းသောအခါတွင်လည်း သူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မပြုကြနှင့်။ အကြောင်းမူကား သူတို့သည် လူတို့မြင်စေရန် ဝတ်ပြုစည်းဝေးကျောင်းများနှင့်လမ်းဆုံလမ်းခွများတွင် မတ်တတ်ရပ်လျက် ဆုတောင်းသည်ကို နှစ်သက်ကြ၏။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။
သူတို့သည် ဘုရားသခင်အတွက် ထက်သန်သောစိတ်ရှိကြောင်း ငါသက်သေခံ၏။ သို့သော် ထိုထက်သန်သောစိတ်သည် စစ်မှန်သောအသိပညာအားဖြင့်မဟုတ်။