ထို့နောက် ယေဟုသည် ရှမာရိမြို့သို့ ထ၍ထွက်သွားရာ လမ်းတွင် ဗက်အက်ကက်အရပ်သို့ ရောက်လျှင်
၄ ရာ 10:13 - မြန်မာ့စံမီသမ္မာကျမ်း ယုဒဘုရင်အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းများနှင့် ဆုံသဖြင့် ယေဟုက “သင်တို့သည် မည်သူများနည်း”ဟု မေးလျှင် သူတို့က “အကျွန်ုပ်တို့သည် အာခဇိမင်းကြီး၏ဆွေမျိုးသားချင်းများ ဖြစ်ပါ၏။ ရှင်ဘုရင်၏သားတော်များ၊ မယ်တော်မိဖုရား၏သားတော်များကို နှုတ်ဆက်ရန် လာကြပါသည်”ဟု ပြန်ဖြေ၏။ Common Language Bible သူသည်ကွယ်လွန်သူအာခဇိ၏ဆွေမျိုး အချို့နှင့်တွေ့၍ သူတို့အား``သင်တို့သည် အဘယ်သူများပေနည်း'' ဟုမေး၏။ ထိုသူတို့က``အာခဇိ၏ဆွေတော်မျိုးတော် များဖြစ်ပါသည်။ အကျွန်ုပ်တို့သည်ယေဇ ဗေလမိဖုရား၏သားတော်သမီးတော်များ နှင့် အခြားမင်းဆွေမင်းမျိုးတို့အားဂါရဝ ပြုရန် ယေဇရေလမြို့သို့သွားကြပါမည်'' ဟုဖြေကြားကြ၏။- Garrad Bible ယု ဒ ဘု ရင် အာ ခ ဇိ မင်း၏ ညီ တော် နောင် တော် တို့ ကို တွေ့ သ ဖြင့် မည် သူ နည်း ဟု မေး လျှင် အာ ခ ဇိ မင်း၏ ညီ တော် နောင် တော် များ ဖြစ် ကြ ပါ၏။ ဘု ရင် မင်း နှင့် မိ ဖု ရား၏ သား တော် သ မီး တော် တို့ အ ဖြစ် အ နေ ကို မေး မြန်း ရန် လာ ပါ သည် ဟု ဆို ကြ သော်၊ Judson Bible ယုဒရှင်ဘုရင်အာခဇိ၏ပေါက်ဖော်တို့ကိုတွေ့လျှင်၊ သင်တို့သည် အဘယ်သူနည်းဟု မေးသော်၊ ငါတို့သည် အာခဇိမင်း၏ ဆွေတော်မျိုးတော် ဖြစ်၏။ ရှင်ဘုရင်၏သားတော်တို့နှင့် မိဖုရား၏သားတော်တို့ကို နှုတ်ဆက်အံ့သောငှာ သွားသည်ဟု ဆိုကြ၏။ |
ထို့နောက် ယေဟုသည် ရှမာရိမြို့သို့ ထ၍ထွက်သွားရာ လမ်းတွင် ဗက်အက်ကက်အရပ်သို့ ရောက်လျှင်
ထိုအခါ ယေဟုက “သူတို့ကို အရှင်ဖမ်းကြ”ဟု အမိန့်ပေး၍ သူတို့ကိုအရှင်ဖမ်းပြီး ဗက်အက်ကက်အရပ်ရှိရေတွင်းနားတွင် လူလေးဆယ့်နှစ်ယောက်ကို တစ်ယောက်မကျန် သတ်ပစ်လိုက်လေ၏။
ယောရံမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်လေ၏။ သူ့ကို ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာခဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ထိုသို့ ယောရံမင်းကြီးသည် ရာမမြို့တွင် ဆီးရီးယားဘုရင်ဟာဇေလမင်းကြီးနှင့်တိုက်ခိုက်ရာမှ ဆီးရီးယားလူမျိုးတို့လက်ချက်ဖြင့်ရသွားသောဒဏ်ရာကို ကုသရန်အတွက် ယေဇရေလမြို့သို့ ပြန်သွား၏။ ယဟောရံမင်းကြီး၏သားတော် ယုဒဘုရင်အာခဇိမင်းကြီးသည်လည်း အာဟပ်မင်းကြီး၏သားတော်ယောရံမင်းကြီးဒဏ်ရာရသည်ကိုကြည့်ရှုရန် ယေဇရေလမြို့သို့ လိုက်သွားလေ၏။
သူတို့သည် ယုဒပြည်သို့ချီတက်သိမ်းပိုက်ကြပြီး ဘုရင့်နန်းတော်တွင် တွေ့သမျှဥစ္စာတို့ကို ယူဆောင်သွားကြ၏။ အငယ်ဆုံးသားတော်ယောခတ်မှတစ်ပါး ကျန်သားတော်များ၊ မိဖုရားများကိုလည်း တစ်ယောက်မကျန် ဖမ်းဆီးခေါ်ဆောင်သွားကြ၏။
ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့တို့မှ လူအယောက်ရှစ်ဆယ်တို့ ရောက်လာကြ၏။ သူတို့သည် မုတ်ဆိတ်ရိတ်ထားကြ၏။ သူတို့၏အဝတ်လည်း စုတ်ပြဲနေ၏။ ကိုယ်ကိုလည်း မွှမ်းထားကြ၏။ လက်ထဲတွင်လည်း ထာဝရဘုရား၏အိမ်တော်အဖို့ ဘောဇဉ်ပူဇော်သက္ကာနှင့် လော်ဗန်တို့ကို ယူဆောင်လာကြ၏။