ရှင်ဘုရင်ကလည်း “သင်တို့နှင့်လာတွေ့ပြီး ဤသို့ပြောဆိုသောသူကား မည်သို့သောသူနည်း”ဟု မေး၏။
မင်းကြီးက``ထိုသူ၏ပုံပန်းသဏ္ဌာန်ကား အဘယ်သို့နည်း'' ဟုမေးတော်မူ၏။
ဘု ရင် မင်း က၊ ထို သို့ လာ ရောက် တွေ့ ဆုံ ပြော ဆို သူ ကား မည် သို့ သော သူ နည်း ဟု မေး လျှင်
ရှင်ဘုရင်ကလည်း၊ သင်တို့ကိုကြိုဆိုခြင်းငှာ လာ၍ ဤသို့ပြောသောသူကား အဘယ်သို့သောသူနည်းဟု မေးလျှင်၊
တမန်တို့ကလည်း “လူတစ်ယောက်က အကျွန်ုပ်တို့ကို လာတွေ့ပြီး ‘သင်တို့ကိုစေလွှတ်လိုက်သော ရှင်ဘုရင်ထံပြန်သွား၍ သူ့အား ထာဝရဘုရားက ဧကြုန်ဘုရားဗာလဇေဗုပ်ကို သွားမေးစေသည်မှာ အစ္စရေးပြည်၌ ဘုရားသခင် မရှိသလော။ ထို့ကြောင့် သင်လဲလျောင်းရာသလွန်မှ ပြန်ထရမည်မဟုတ်။ သင်မုချသေရမည်ဟု မိန့်တော်မူကြောင်း ပြန်လျှောက်လော့’ဟူ၍ ဆိုပါ၏”ဟု လျှောက်တင်ကြ၏။
သူတို့ကလည်း “သူသည် အမွေးထူ၍ ခါး၌ သားရေခါးပတ်ကို ပတ်ထားပါ၏”ဟု ပြန်လျှောက်ကြလျှင် ရှင်ဘုရင်က “သူသည် တိရှဘိမြို့သား ဧလိယ ဖြစ်၏”ဟု မိန့်ဆို၏။
ထို့နောက် ဂိဒေါင်က ဇေဘဟနှင့်ဇာလမုန္နတို့အား “တာဗော်မြို့၌ သင်တို့သတ်ခဲ့သောသူတို့သည် မည်သို့သောသူနည်း”ဟု မေးသော် သူတို့က “သူတို့အားလုံးသည် သင်ကဲ့သို့ပင် ဘုရင့်သားတော်ရုပ်ရည်ရှိသူများဖြစ်ပါ၏”ဟု ပြန်ဖြေလေ၏။
ရှောလုမင်းကြီးကလည်း “မည်သည့်ပုံစံ ရှိသနည်း”ဟု မေးလျှင် သူက “ဝတ်လုံဝတ်ထားသောအဖိုးအိုတစ်ဦး တက်လာပါ၏”ဟု ဆို၏။ ထိုသူသည် ရှမွေလ ဖြစ်ကြောင်း ရှောလုမင်းကြီး သိသဖြင့် မြေကြီးပေါ် ပျပ်ဝပ်လျက် ရှိခိုးလေ၏။