သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။
၃ ရာ 9:24 - မြန်မာ့စံမီသမ္မာကျမ်း ဖာရောမင်းကြီး၏သမီးတော်သည် ဒါဝိဒ်မြို့မှထွက်၍ သူ့အတွက် ရှောလမုန်မင်းကြီးဆောက်လုပ်ပေးသော နန်းဆောင်သို့ ပြောင်းနေ၏။ ရှောလမုန်မင်းကြီးသည် မိလ္လောကိုလည်း တည်ဆောက်၏။ Common Language Bible ထို့နောက်ရှောလမုန်သည် အီဂျစ်ဘုရင်၏သမီး တော်ကိုသူ၏အတွက် မိမိဆောက်လုပ်ပေးသည့် စံနန်းသို့ဒါဝိဒ်မြို့မှခေါ်ဆောင်လာပြီး နောက် မြို့၏အရှေ့ပိုင်းတွင်မြေဖို့တော်မူ၏။ Garrad Bible ဖာ ရော မင်း သ မီး တော် သည် ဒါ ဝိဒ် မြို့ တော် မှ ထွက် ၍ မိ ဖု ရား အ ဖို့ တည် ဆောက် သော နန်း မ တွင် စံ နေ စဉ်၊ မိ လ္လော ပြ အိုး ကို ရှော လ မုန် မင်း ပြင် ဆင် လေ ၏။ Judson Bible ဖာရောရှင်ဘုရင်၏သမီးတော်သည် ဒါဝိဒ်မြို့မှထွက်၍၊ သူ့အဖို့ရှောလမုန်တည်ဆောက်သော နန်းတော်သို့ပြောင်းပြီးမှ၊ ရှောလမုန်သည် မိလ္လောမြို့ကိုပြုပြင်လေ၏။ |
သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။
ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်နေပြီး ထိုခံတပ်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆို၏။ ဒါဝိဒ်မင်းကြီးသည် မိလ္လောမှ အတွင်းပိုင်းအထိ မြို့ကို တည်ဆောက်၏။
ရှင်ဘုရင်ကို သူပုန်ကန်ရခြင်းအကြောင်းမှာ ဤသို့ဖြစ်၏။ ရှောလမုန်မင်းကြီးသည် မိလ္လောကိုတည်ဆောက်ပြီး ကျိုးပေါက်နေသောခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့ရိုးကိုလည်း ဖာထေးခဲ့၏။
ရှောလမုန်မင်းကြီးသည် အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် မဟာမိတ်ဖွဲ့ပြီး ဖာရောမင်းကြီး၏သမီးတော်နှင့် စုံဖက်လေ၏။ စံမြန်းရာနန်းတော်၊ ထာဝရဘုရား၏အိမ်တော်နှင့် ဂျေရုဆလင်မြို့ရိုးတို့ ဆောက်လုပ်၍မပြီးမီတိုင်အောင် သူ့ကို ဒါဝိဒ်မြို့တွင် စံမြန်းနေစေ၏။
မိမိစံမြန်းရာနန်းဆောင်ကို ထိုခန်းမဆောင်၏အနောက်ဘက်ဝင်းတွင် ထိုပုံစံအတိုင်း ဆောက်လုပ်၏။ မိမိစုံဖက်ထားသော ဖာရောမင်းကြီး၏သမီးတော်စံမြန်းရာနန်းဆောင်ကိုလည်း ထိုခန်းမဆောင်ပုံစံအတိုင်း ဆောက်လုပ်ပေး၏။
ထို့နောက် ဟေဇကိမင်းကြီးသည် မိမိကိုယ်ကို အားမာန်သွင်းလျက် ကျိုးပျက်နေသောမြို့ရိုးအားလုံးကို ပြန်လည်ပြုပြင်၏။ ရဲတိုက်များကိုလည်း တည်ဆောက်၏။ မြို့ရိုးအပြင်ဘက်တွင် မြို့ရိုးတစ်ခုကိုထပ်မံတည်ဆောက်၏။ ဒါဝိဒ်မြို့ရှိ မိလ္လောကိုလည်း ခိုင်ခံ့အောင်ပြုလုပ်၏။ လက်နက်နှင့်ဒိုင်းလွှားအမြောက်အမြားကိုလည်း ပြုလုပ်၏။
ရှောလမုန်မင်းကြီးက “ထာဝရဘုရား၏သေတ္တာတော်ရောက်ရှိရာနေရာတိုင်းသည် သန့်ရှင်းသည်ဖြစ်၍ ဖာရောမင်းကြီး၏သမီးတော်သည် အကျွန်ုပ်၏မိဖုရားဖြစ်သော်လည်း အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီး၏နန်းဆောင်တွင် မနေသင့်”ဟု ဆိုလျက် ဖာရောမင်းကြီး၏သမီးတော်ကို ဒါဝိဒ်မြို့မှ သူ့အဖို့ဆောက်လုပ်ပေးသောနန်းတော်သို့ ပို့ဆောင်၏။