ထိုမိုးတိမ်များကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ဆောင်၍ပင် မရကြတော့ပေ။ ဤသို့ဖြင့် ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖုံးလွှမ်းလျက်ရှိလေ၏။
၃ ရာ 8:10 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်များ သန့်ရှင်းရာဌာနထဲမှထွက်လာသောအခါ ထာဝရဘုရား၏အိမ်တော်ကို မိုးတိမ်များ ဖုံးလွှမ်းသွားလေ၏။ Common Language Bible ဗိမာန်တော်ထဲမှယဇ်ပုရောဟိတ်များထွက် ခွာသွားကြစဉ် ဗိမာန်တော်သည်မိုးတိမ် ဖြင့်ချက်ချင်းပြည့်၍လာလေသည်။- Garrad Bible သန့် ရှင်း ရာ ဌာ န မှ ပ ရော ဟိတ် တို့ ထွက် လာ ကြ စဉ် ထာ ဝ ရ ဘု ရား ၏ ဘုန်း တော် ဆိုင် ရာ တိမ် တိုက် ဖြင့်၊ ဗိ မာန် တော် ပြည့် လျက် ရှိ သော ကြောင့် ပ ရော ဟိတ် တို့ သည် တန့် စား ၍ အ မှု တော် ကို မ ဆောင် မ ရွက် ဝံ့ ချေ။ Judson Bible ယဇ်ပုရောဟိတ်တို့သည် သန့်ရှင်းရာဌာနထဲက ထွက်ကြသောအခါ၊ ထာဝရဘုရား၏အိမ်တော်သည် မိုးတိမ်နှင့်ပြည့်၏။ |
ထိုမိုးတိမ်များကြောင့် ယဇ်ပုရောဟိတ်တို့သည် အမှုတော်ဆောင်၍ပင် မရကြတော့ပေ။ ဤသို့ဖြင့် ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖုံးလွှမ်းလျက်ရှိလေ၏။
မိုးတိမ်နှင့်အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိ၏။ ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်၏။
အာရုန်သည် အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုစဉ် သူတို့သည် တောကန္တာရဘက်သို့လှည့်ကြည့်သောအခါ မိုးတိမ်ထဲ၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထင်ရှားနေသည်ကိုမြင်ရကြလေ၏။
ဩဇိမင်းကြီးအနိစ္စရောက်သောနှစ်၌ ဘုရားရှင်သည် မြင့်မြတ်ထည်ဝါသောပလ္လင်ပေါ်တွင် ထိုင်နေတော်မူသည်ကို ငါမြင်၏။ ကိုယ်တော်၏ဝတ်ရုံတော်အနားစွန်းသည် ဗိမာန်တော်အပြည့်ဖုံးနေ၏။
ထိုကြွေးကြော်သံကြောင့် တံခါးတိုင်တို့သည်ခါယမ်း၍ အိမ်တော်သည် မီးခိုးနှင့်ပြည့်လေ၏။
ထာဝရဘုရား၏ဘုန်းတော်သည် ခေရုဗိမ်အထက်မှ အိမ်တော်တံခါးခုံသို့ ရွေ့သွားလျှင် အိမ်တော်တစ်ခုလုံး မိုးတိမ်များလွှမ်းခြုံသွား၏။ ဝင်းတစ်ခုလုံးသည်လည်း ထာဝရဘုရား၏ဘုန်းတော်ရောင်ခြည်နှင့် ထွန်းတောက်လေ၏။
“ငါသည် ကရုဏာတော်ပလ္လင်အထက်တွင် မိုးတိမ်အားဖြင့်ထင်ရှားမည်ဖြစ်၍ သင်၏အစ်ကိုအာရုန်မသေရမည့်အကြောင်း သေတ္တာပေါ်ရှိ ကရုဏာတော်ပလ္လင်ရှေ့၊ ကန့်လန့်ကာအတွင်းဘက်ရှိ သန့်ရှင်းရာဌာနထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာခြင်းမပြုရန် သူ့အားပြောလော့။
‘ငါသည် လူမျိုးအပေါင်းတို့ကို ကြောက်ရွံ့တုန်လှုပ်စေမည်။ လူမျိုးအပေါင်းတို့သည် သူတို့၏အဖိုးတန်ရတနာတို့ကို ယူဆောင်လာကြလိမ့်မည်။ ဤအိမ်တော်ကိုလည်း ဘုန်းအသရေတော်နှင့် ငါပြည့်စေမည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူပြီ။
ဗိမာန်တော်သည် ဘုရားသခင်၏ဘုန်းအသရေတော်နှင့်တန်ခိုးတော်တို့မှထွက်ပေါ်သော အခိုးအငွေ့များနှင့်ပြည့်သဖြင့် ကောင်းကင်တမန်ခုနစ်ပါးတို့၏ဘေးဒဏ်ခုနစ်မျိုးမပြီးမချင်း မည်သူမျှ ဗိမာန်တော်ထဲသို့မဝင်နိုင်ချေ။