ရေကန်၏ထုမှာ လက်တစ်ဖဝါးစာရှိ၏။ အနားသားမှာ ခွက်ဖလားအနားသားနှင့်တူပြီး နှင်းပန်းပုံ ဖော်ထား၏။ ရေ ဗတ်နှစ်ထောင် ဆံ့၏။
၃ ရာ 7:25 - မြန်မာ့စံမီသမ္မာကျမ်း ထိုရေကန်သည် နွားရုပ်တစ်ဆယ့်နှစ်ကောင်ပေါ်တွင် တည်ထား၏။ နွားရုပ်တို့မှာ မြောက်ဘက်သို့ သုံးကောင်၊ အနောက်ဘက်သို့ သုံးကောင်၊ တောင်ဘက်သို့ သုံးကောင်၊ အရှေ့ဘက်သို့ သုံးကောင် မျက်နှာမူထား၏။ နွားရုပ်တို့အပေါ်တွင် ရေကန်ရှိ၍ ထိုနွားရုပ်အားလုံး အတွင်းဘက်ကို ကျောခိုင်းထား၏။ Common Language Bible ရေကန်ကိုအရပ်တစ်မျက်နှာလျှင်သုံးကောင်ကျ အပြင်သို့မျက်နှာမူလျက်နေသည့်ကြေးဝါ နွားတစ်ဆယ့်နှစ်ကောင်၏ကျောကုန်းပေါ်တွင် တင်ထား၏။- Garrad Bible အ ရှေ့၊ အ နောက်၊ တောင်၊ မြောက်၊ လေး ဘက် တွင် တစ် ဖက် လျှင် သုံး ကောင် ကျ နောက် ပိုင်း အ တွင်း၊ မျက် နှာ ကား အ ပြင် သို့ မူ သော နွား ရုပ် ဆယ့် နှစ် ကောင် ပေါ် မှာ တင် ထား လေ ၏။ Judson Bible ထိုရေကန်သည် နွားတစ်ဆယ်နှစ်ခုအပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာသို့ တစ်မျက်နှာလျှင် သုံးခုစီမျက်နှာပြုကြ၏။ |
ရေကန်၏ထုမှာ လက်တစ်ဖဝါးစာရှိ၏။ အနားသားမှာ ခွက်ဖလားအနားသားနှင့်တူပြီး နှင်းပန်းပုံ ဖော်ထား၏။ ရေ ဗတ်နှစ်ထောင် ဆံ့၏။
ထို့ပြင် အာခတ်မင်းကြီးသည် တွန်းလှည်း၏ဘောင်များကို အပိုင်းပိုင်းဖြတ်ပစ်ပြီး အင်တုံများကိုလည်း တွန်းလှည်းမှ ဖယ်ရှားပစ်၏။ ရေကန်ကိုလည်း ရေကန်အောက်ရှိကြေးနီနွားရုပ်များပေါ်မှ ကျောက်ခင်းပေါ်သို့ ချထား၏။
ထာဝရဘုရား၏အိမ်တော်၌ ရှောလမုန်မင်းကြီးပြုလုပ်ထားသော တိုင်နှစ်တိုင်၊ ရေကန်တစ်ကန်၊ ရေကန်အောက်၌ရှိသောကြေးနီနွားရုပ်တစ်ဆယ့်နှစ်ရုပ်နှင့် တွန်းလှည်းများ စသည့် ကြေးနီတန်ဆာပလာအားလုံး၏အလေးချိန်မှာ ချိန်တွယ်၍ပင်မရနိုင်ချေ။
တစ်ပါးစီ၏မျက်နှာပုံသဏ္ဌာန်မှာ ရှေ့မျက်နှာသည် လူမျက်နှာ၊ ယာဘက်မျက်နှာသည် ခြင်္သေ့မျက်နှာ၊ ဝဲဘက်မျက်နှာသည် နွားမျက်နှာ၊ အနောက်ဘက်မျက်နှာသည် လင်းယုန်ငှက်မျက်နှာ စသည်ဖြင့်
ထို့ကြောင့် သင်တို့သည်သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ သူတို့ကိုဗတ္တိဇံပေးကြလော့။
ထို့နောက် သူ၏နာမတော်အားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးနှင့်ဆိုင်သောနောင်တတရားကို ဂျေရုဆလင်မြို့မှအစပြု၍ လူမျိုးတကာတို့အား ဟောပြောရမည်ဟူ၍ဖြစ်၏။
အကြောင်းမူကား မောရှေ၏ပညတ်တရားကျမ်း၌ “စပါးနယ်နေသည့်နွားကို ပါးချုပ်မတပ်ရ”ဟု ရေးထား၏။ ဘုရားသခင်သည် နွားတို့ကို ဂရုစိုက်တော်မူသလော၊