အိမ်တော်၏ပင်မဆောင်ရှေ့ဆင်ဝင်သည် အိမ်တော်မျက်နှာစာအကျယ်ရှိသည့်အတိုင်း အလျားအတောင်နှစ်ဆယ်၊ အနံမှာ အိမ်တော်ရှေ့၌ အတောင်တစ်ဆယ်ရှိ၏။
၃ ရာ 7:12 - မြန်မာ့စံမီသမ္မာကျမ်း ဆစ်ထားသောကျောက် သုံးဆင့်၊ သစ်ကတိုးသားရက်မ တစ်ဆင့်တို့ဖြင့် ထာဝရဘုရား၏အတွင်းအိမ်တော်ဝင်းနှင့် အိမ်တော်ဆင်ဝင်နည်းတူ ဝင်းတံတိုင်းကြီးကို ဆောက်လုပ်ထား၏။ Common Language Bible နန်းတော်တံတိုင်း၊ ဗိမာန်တော်တံတိုင်းနှင့်ဗိမာန် တော်မုခ်ဦးဆောင်နံရံတို့ကိုဆစ်ပြီးကျောက် သုံးထပ်လျှင် သစ်ကတိုး၊ ယက်မတုံးတစ်ထပ် ကျဖြင့်တည်ဆောက်ထားသတည်း။ Garrad Bible ပတ် လည် နန်း မြို့ ရိုး ကို ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော်၊ မုတ် ဆောင် တော် ရှိ၊ အ တွင်း တံ တိုင်း နည်း တူ ဆစ် ပြီး ကျောက် သုံး ရစ်၊ ရွေ ပြီး သစ် က တိုး သား တစ် ရစ် ကျ ဆင့် တည် လေ ၏။ Judson Bible တံတိုင်းကြီးသည် ဆစ်သောကျောက်သုံးတန်း၊ အာရဇ်သစ်ကြီးတစ်တန်းဖြင့် ပြီး၏။ ဗိမာန်တော်အတွင်းတံတိုင်း၊ နန်းတော်ကနားပြင် တံတိုင်းတို့သည် ထိုအတူပြီးကြ၏။ |
အိမ်တော်၏ပင်မဆောင်ရှေ့ဆင်ဝင်သည် အိမ်တော်မျက်နှာစာအကျယ်ရှိသည့်အတိုင်း အလျားအတောင်နှစ်ဆယ်၊ အနံမှာ အိမ်တော်ရှေ့၌ အတောင်တစ်ဆယ်ရှိ၏။
အတွင်းတံတိုင်းကိုလည်း ဆစ်ထားသောကျောက်သုံးဆင့်၊ သစ်ကတိုးသားရက်မတစ်ဆင့်တို့ဖြင့် ဆောက်လုပ်ထား၏။
ထိုအုတ်မြစ်အပေါ်တွင် အရွယ်အစားအလိုက်ထုဆစ်ထားသော ကျောက်ကောင်းကျောက်မြတ်များနှင့် သစ်ကတိုးသားများကို အသုံးပြုထား၏။
တိုင်လုံးများပါရှိသည့် အလျားအတောင်ငါးဆယ်၊ အနံအတောင်သုံးဆယ်ရှိသော နန်းတော်ခန်းမဆောင်ကိုလည်း ဆောက်လုပ်၏။ ထိုတိုင်လုံးများ၏မျက်နှာစာတွင် တိုင်များနှင့်အမိုးပါသောဆင်ဝင်ဆောင်လည်း ရှိ၏။
ထာဝရဘုရား၏အိမ်တော်ဝင်းနှစ်ခုစလုံးအတွင်းတွင် ရှိသမျှကောင်းကင်တန်ဆာများအဖို့ ယဇ်ပလ္လင်များကို တည်၏။
ယဇ်ပုရောဟိတ်တို့အတွက် ဝင်းတံတိုင်း၊ အပြင်တံတိုင်းကြီးနှင့် ဝင်းတံခါးများကိုလည်း ပြုလုပ်၏။ တံခါးများကို ကြေးနီဖြင့်မွမ်းမံထား၏။
ထိုသူသည် ပေတရုနှင့်ယောဟန်တို့ကို ဖက်ထားလျက်နေစဉ် လူအပေါင်းတို့သည် အလွန်အံ့ဩ၍ ရှောလမုန်မုခ်ဆောင်ဟုခေါ်သည့်နေရာ၌ရှိသော သူတို့ထံသို့ ပြေးလာကြ၏။
တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာများကို လူတို့အလယ်တွင်ပြုကြ၏။ သူတို့အားလုံးသည် ရှောလမုန်မုခ်ဆောင်၌ တစ်စုတစ်ဝေးတည်းနေကြ၏။