အောက်ဆုံးထပ်အခန်းမှာ အနံငါးတောင်၊ အလယ်ထပ်အခန်းမှာ အနံခြောက်တောင်၊ တတိယထပ်အခန်းမှာ အနံခုနစ်တောင်ရှိ၏။ အိမ်တော်နံရံကို ဖောက်မဝင်ဘဲ အိမ်တော်အပြင်နံရံပတ်ပတ်လည်တွင် အခန်းကိုထောက်ပင့်ထားသောဆင့်တို့ကို ပြုလုပ်ထား၏။
၃ ရာ 6:7 - မြန်မာ့စံမီသမ္မာကျမ်း အိမ်တော်ကိုတည်ဆောက်ရာတွင် ကျောက်တွင်းမှ ဆစ်ပြီးသားကျောက်များကိုသာ အသုံးပြု၏။ ထို့ကြောင့် အိမ်တော်တည်ဆောက်ချိန်တွင် တူ၊ ပုဆိန်စသော သံထည်ကိရိယာတို့၏ထုသံနှက်သံကိုမျှ မကြားရ။ Common Language Bible ဗိမာန်တော်ဆောက်လုပ်ရာတွင် အသုံးပြုသည့် ကျောက်များကိုကျောက်တွင်းတွင်ဆစ်ပြီးမှ ယူခဲ့သဖြင့် ဗိမာန်တော်တည်ဆောက်ချိန်၌ တူ၊ ပုဆိန်စသောသံတန်ဆာများနှင့်ထုလုပ် သံမကြားရချေ။ Garrad Bible ဗိ မာန် တော် ကို တည် လုပ် သော အ ခါ ကျောက် တွင်း မှ ဆစ် ခဲ့ ပြီး ကျောက် များ နှင့် သာ တည် ဆောက် သော ကြောင့် တူ၊ ပု ဆိန် စ သော သံ လက် နက် များ နှင့် ထု လုပ် သံ မ ကြား ချေ။ Judson Bible ထိုအိမ်တော်ကို တည်လုပ်သောအခါ၊ ထိုအရပ်သို့မဆောင်ခဲ့မီ ဆစ်ပြီးသော ကျောက်တို့ဖြင့်သာတည်လုပ်သောကြောင့်၊ သံတူ၊ ပုဆိန်၊ သံတန်ဆာနှင့်လုပ်သောအသံ မမြည်ရ။ |
အောက်ဆုံးထပ်အခန်းမှာ အနံငါးတောင်၊ အလယ်ထပ်အခန်းမှာ အနံခြောက်တောင်၊ တတိယထပ်အခန်းမှာ အနံခုနစ်တောင်ရှိ၏။ အိမ်တော်နံရံကို ဖောက်မဝင်ဘဲ အိမ်တော်အပြင်နံရံပတ်ပတ်လည်တွင် အခန်းကိုထောက်ပင့်ထားသောဆင့်တို့ကို ပြုလုပ်ထား၏။
မြေညီထပ်ရှိဝင်ပေါက်မှာ အိမ်တော်၏ယာဘက်ခြမ်းတွင်ရှိ၏။ ကြောင်လိမ်လှေကားဖြင့် အလယ်ထပ်၊ တတိယထပ်တို့သို့ တက်ရောက်နိုင်၏။
ကျောက်ကို ကျောက်ထွင်းကိရိယာဖြင့်ထုဆစ်လျှင် ထိုကျောက်ကို ညစ်ညူးစေရာရောက်သည်ဖြစ်၍ ငါ့အတွက် ကျောက်ယဇ်ပလ္လင်ကိုတည်လျှင် ထုဆစ်ထားသောကျောက်ဖြင့် မတည်ရ။
အပြင်၌ သင်၏အလုပ်ကို ပြင်ဆင်၍ လယ်ယာ၌ အရာရာကို သင့်အတွက်အဆင်သင့်ပြင်ထားလော့။ ထို့နောက်မှ သင့်အိမ်ကိုဆောက်လော့။
သူသည် အော်ဟစ်မည်မဟုတ်။ ကြွေးကြော်မည်မဟုတ်။ လမ်းပေါ်မှာ သူ့အသံကို ကြားရမည်မဟုတ်။
ဤသို့ဖြင့် ယုဒနယ်၊ ဂါလိလဲနယ်နှင့် ရှမာရိနယ်တစ်လျှောက်လုံး၌ အသင်းတော်သည် ငြိမ်းချမ်းမှုကိုရရှိ၍ တည်ဆောက်မြှင့်တင်ခြင်းခံရကာ သခင်ဘုရားကိုကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းအားပေးခြင်း၌လည်းကောင်း လျှောက်လှမ်းလျက် တိုးပွားလေ၏။
ထို့ပြင် ဘုန်းအသရေအတွက်ကြိုတင်ပြင်ဆင်ထားသော ကရုဏာတော်ဆိုင်ရာအိုးခွက်များ၌ မိမိဘုန်းအသရေတော်၏ကြွယ်ဝမှုကို သိစေရန်ပြုတော်မူလျှင် မည်သို့နည်း။
ဤအမှုအရာအတွက် ငါတို့ကိုပြင်ဆင်ပေးတော်မူသောအရှင်ကား ဝိညာဉ်တော်ကို စရန်အဖြစ် ငါတို့အားပေးတော်မူသော ဘုရားသခင်ပေတည်း။
သင်တို့ကို အလင်းထဲ၌ရှိသော သန့်ရှင်းသူများ၏ဝေစု၌ပါဝင်ရန် ထိုက်တန်သူဖြစ်စေတော်မူသောခမည်းတော်ကို ဝမ်းမြောက်သောစိတ်နှင့် ကျေးဇူးတင်ကြမည့်အကြောင်း တောင်းလျှောက်ကြ၏။
အကြောင်းမူကား လူ၏အမျက်ဒေါသသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို မဖြစ်ထွန်းစေနိုင်ပေ။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။